[[Zawgyi/Unicode]]
ဒီေန႔က်ေရာက္တဲ့ အမ်ိဳးသမီးနဲ႔ မိန္းကေလးငယ္မ်ားအေပၚအၾကမ္းဖက္မႈပေပ်ာက္ေရးႏိုင္ငံတကာေန႔မွာ ဒီလိုအၾကမ္းဖက္မႈေတြကို ပူးေပါင္းတိုက္ဖ်က္ၾကဖို႔ လႈပ္ရွားမႈေတြကို ကုလသမဂၢအပါအဝင္ အမ်ဳိးသမီးအဖြဲ႔ေတြ လုပ္ေနၾကပါတယ္။
New York ၿမိဳ႕က ကုသသမဂၢရံုးခ်ဳပ္မွာ ႏိုဝင္ဘာ ၂၃ ရက္က က်င္းပခဲ့တဲ့ ေဆြးေႏြးပြဲမွာ ၁ နာရီတိုင္းမွာ အမ်ဳိးသမီးဒါမွမဟုတ္ မိန္းကေလးငယ္ ၅ ေယာက္နဲ႔အထက္ သတ္ျဖတ္ခံေနရတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။ အမ်ိဳးသမီးေတြအေပၚအၾကမ္းဖက္မႈဟာ ကာကြယ္လို႔ရတာတင္မဟုတ္ဘဲ ခ်က္ခ်င္းကိုပဲ ကာကြယ္ေပးရမွာျဖစ္တယ္လို႔ ေဆြးေႏြး ေျပာဆိုခဲ့ၾကပါတယ္။
အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးငယ္ေတြအေပၚ အၾကမ္းဖက္မႈပေပ်ာက္ေရး စုေပါင္းအားေကာင္းတဲ့ အမ်ိဳးသမီးအေရးလႈပ္ရွားမႈျဖစ္လာဖို႔၊ ၁၆ ရက္ၾကာ လႈပ္ရွားမႈမွာ ျမန္မာႏိုင္ငံ အမ်ဳိးသမီးအေရး လုပ္ရွားသူေတြကလည္း ပါဝင္ေဆာင္ရြက္ေနၾကပါတယ္။ WLB အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ ျမန္မာႏိုင္ငံအေနနဲ႔ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မႈပေပ်ာက္ေရး ဒီကမာၻလုံးဆိုင္ရာေန႔မွာ “တရားမွ်တမႈ + တာဝန္ခံမႈ = ျပစ္ဒဏ္ကင္းလႊတ္ခြင့္မ်ား အဆုံးသတ္ျခင္း” ဆိုတဲ့ေဆာင္ပုဒ္နဲ႔ ၁၆ ရက္တာလႈပ္ရွားမႈေတြကို၊ ဖဲႀကိဳးျဖဴလႈပ္ရွားမႈအပါအဝင္ ပုံစံမ်ိဳးစုံနဲ႔ ဒီဇင္ဘာ ၁၀ ရက္အထိ လုပ္သြားမယ္လို႔ ဒီေန႔ ထုတ္ျပန္ ေၾကညာပါတယ္။
ျမန္မာႏိုင္ငံမွာ ေခတ္အဆက္ဆက္ စစ္အာဏာရွင္ေတြလက္ထက္ အမ်ိဳးသမီးေတြအေပၚ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈေတြ၊ မတရားျပဳက်င့္မႈေတြ အေျမာက္အမ်ားရွိခဲ့ေပမဲ့ က်ဴးလြန္ခံရသူေတြအတြက္ တရားမွ်တမႈနဲ႔ တာဝန္ယူ၊ တာဝန္ခံမႈေတြကေတာ့ ဒီေန႔အထိ အျပည့္အဝမရရွိေသးဘူးလို႔ WLB က ဒီေၾကညာခ်က္မွာ ေဖာ္ျပခဲ့ပါတယ္။ အမ်ိဳးသမီးေတြအေပၚ နည္းမ်ိဳးစုံနဲ႔ အၾကမ္းဖက္မႈေတြ ပိုမို ဆိုး႐ြားလာတဲ့အေၾကာင္းရင္းဟာ ဖိုဝါဒႀကီးစိုးတဲ့စနစ္နဲ႔ စစ္အာဏာရွင္စနစ္ေၾကာင့္ ျဖစ္တယ္လို႔လည္း WLB က ေထာက္ျပခဲ့ပါတယ္။
NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ယာယီသမၼတ ဒူးဝါလရွီးလကလည္း အမ်ဳိးသမီးနဲ႔ မိန္းကေလးငယ္မ်ားအေပၚ အၾကမ္းဖက္မႈတိုက္ဖ်က္ေရး အထိမ္းအမွတ္မိန္႔ခြန္းေျပာတာမွာလည္း ဒီအေလးအနက္ထားရမဲ့ကိစၥအတြက္ တာဝန္ယူမႈရွိတဲ့ အစိုးရေတြနဲ႔အတူ ျမန္မာလည္း ပူးေပါင္းေဆာင္ရြက္ခြင့္ရတဲ့အတြက္ ဝမ္းသာတယ္လို႔ ေျပာခဲ့ပါတယ္။
စစ္ေကာင္စီလူကယ္ျပန္ဝန္ႀကီး ေဒၚသက္သက္ခိုင္ဦးေဆာင္ၿပီးလည္း အမ်ဳိးသမီးမ်ားအေပၚ အၾကမ္းဖက္မႈ ပေပ်ာက္ေရး ေဆြးေႏြးပြဲတခု ဒီေန႔လုပ္ခဲ့ပါတယ္။
စစ္တပ္အာဏာသိမ္းမႈ ေနာက္ပိုင္း ျမန္မာႏိုင္ငံတဝန္း အၾကမ္းဖက္မႈေတြ၊ ဖမ္းဆီးသတ္ျဖတ္ခံရမႈေတြ၊ လက္နက္ကိုင္ပဋိပကၡေတြအတြင္း ေသဆုံးခံရသူ အမ်ိဳးသမီး ၃၀၀ ေက်ာ္ ရွိေနတယ္လို႔ အမ်ိဳးသမီးအဖြဲ႕ေတြက ေထာက္ျပၿပီး ဒီလို အမ်ိဳးသမီးေတြကို ေမေလ်ာ့မထားဖို႔လည္း ဒီေန႔မွာ ထပ္မံ အေလးေပး တိုက္တြန္းေျပာဆိုခဲ့ေနၾကပါတယ္။
=============
[[Unicode]]
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ လှုပ်ရှားမှုများ
ဒီနေ့ကျရောက်တဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ်အကြမ်းဖက်မှုပပျောက်ရေးနိုင်ငံတကာနေ့မှာ ဒီလိုအကြမ်းဖက်မှုတွေကို ပူးပေါင်းတိုက်ဖျက်ကြဖို့ လှုပ်ရှားမှုတွေကို ကုလသမဂ္ဂအပါအဝင် အမျိုးသမီးအဖွဲ့တွေ လုပ်နေကြပါတယ်။
New York မြို့က ကုသသမဂ္ဂရုံးချုပ်မှာ နိုဝင်ဘာ ၂၃ ရက်က ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ၁ နာရီတိုင်းမှာ အမျိုးသမီးဒါမှမဟုတ် မိန်းကလေးငယ် ၅ ယောက်နဲ့အထက် သတ်ဖြတ်ခံနေရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အမျိုးသမီးတွေအပေါ်အကြမ်းဖက်မှုဟာ ကာကွယ်လို့ရတာတင်မဟုတ်ဘဲ ချက်ချင်းကိုပဲ ကာကွယ်ပေးရမှာဖြစ်တယ်လို့ ဆွေးနွေး ပြောဆိုခဲ့ကြပါတယ်။
အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး စုပေါင်းအားကောင်းတဲ့ အမျိုးသမီးအရေးလှုပ်ရှားမှုဖြစ်လာဖို့၊ ၁၆ ရက်ကြာ လှုပ်ရှားမှုမှာ မြန်မာနိုင်ငံ အမျိုးသမီးအရေး လုပ်ရှားသူတွေကလည်း ပါဝင်ဆောင်ရွက်နေကြပါတယ်။ WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံအနေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဒီကမ္ဘာလုံးဆိုင်ရာနေ့မှာ “တရားမျှတမှု + တာဝန်ခံမှု = ပြစ်ဒဏ်ကင်းလွှတ်ခွင့်များ အဆုံးသတ်ခြင်း” ဆိုတဲ့ဆောင်ပုဒ်နဲ့ ၁၆ ရက်တာလှုပ်ရှားမှုတွေကို၊ ဖဲကြိုးဖြူလှုပ်ရှားမှုအပါအဝင် ပုံစံမျိုးစုံနဲ့ ဒီဇင်ဘာ ၁၀ ရက်အထိ လုပ်သွားမယ်လို့ ဒီနေ့ ထုတ်ပြန် ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် စစ်အာဏာရှင်တွေလက်ထက် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ မတရားပြုကျင့်မှုတွေ အမြောက်အများရှိခဲ့ပေမဲ့ ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုတွေကတော့ ဒီနေ့အထိ အပြည့်အဝမရရှိသေးဘူးလို့ WLB က ဒီကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေ ပိုမို ဆိုးရွားလာတဲ့အကြောင်းရင်းဟာ ဖိုဝါဒကြီးစိုးတဲ့စနစ်နဲ့ စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်တယ်လို့လည်း WLB က ထောက်ပြခဲ့ပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူးဝါလရှီးလကလည်း အမျိုးသမီးနဲ့ မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး အထိမ်းအမှတ်မိန့်ခွန်းပြောတာမှာလည်း ဒီအလေးအနက်ထားရမဲ့ကိစ္စအတွက် တာဝန်ယူမှုရှိတဲ့ အစိုးရတွေနဲ့အတူ မြန်မာလည်း ပူးပေါင်းဆောင်ရွက်ခွင့်ရတဲ့အတွက် ဝမ်းသာတယ်လို့ ပြောခဲ့ပါတယ်။
စစ်ကောင်စီလူကယ်ပြန်ဝန်ကြီး ဒေါ်သက်သက်ခိုင်ဦးဆောင်ပြီးလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဆွေးနွေးပွဲတခု ဒီနေ့လုပ်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံတဝန်း အကြမ်းဖက်မှုတွေ၊ ဖမ်းဆီးသတ်ဖြတ်ခံရမှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း သေဆုံးခံရသူ အမျိုးသမီး ၃၀၀ ကျော် ရှိနေတယ်လို့ အမျိုးသမီးအဖွဲ့တွေက ထောက်ပြပြီး ဒီလို အမျိုးသမီးတွေကို မေလျော့မထားဖို့လည်း ဒီနေ့မှာ ထပ်မံ အလေးပေး တိုက်တွန်းပြောဆိုခဲ့နေကြပါတယ်။