သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အလြတ္သတင္းေထာက္တဦး အလုပ္နဲ႔ေထာင္ ၂ ႏွစ္က် 


အလြတ္တန္းသတင္းေထာက္ အလွေလးသူဇာ (Crd: RSF)

[[Zawgyi/Unicode]]

အလြတ္သတင္းေထာက္ အလွေလးသူဇာ (ေခၚ) မသူဇာကို အင္းစိန္ေထာင္တြင္းတရား႐ုံးက ႏိုဝင္ဘာလ ၂၂ ရက္ေန႔က အလုပ္နဲ႔ေထာင္ဒဏ္ ၂ ႏွစ္ ခ်ခဲ့ပါတယ္။ အလြတ္သတင္းေထာက္ အလွေလးသူဇာ (ေခၚ) မသူဇာဟာ စစ္အာဏာသိမ္းၿပီးေနာက္ ၂၀၂၁ ခုႏွစ္ စက္တင္ဘာလမွာအဖမ္းခံခဲ့ရၿပီး ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္း ၿမိဳ႕မရဲစခန္းကေန တပ္မေတာ္ အၾကည္ညိဳပ်က္ေအာင္ လႈံ႕ေဆာ္မႈပုဒ္မ ၅၀၅ - က နဲ႔ စစ္ေကာင္စီကတရားစြဲခဲ့ပါတယ္။ ဖမ္းဆီးခံထားရၿပီး ၁၆ လအၾကာမွာ ျပစ္ဒဏ္ခ်လိုက္တာျဖစ္တယ္လို႔ သူ ေရွ႕ေနက ေျပာျပပါတယ္။

“အင္းစိန္ဗဟိုအက်ဥ္းေထာင္ထဲမွာ႐ုံးထိုင္တဲ့ ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းတရား႐ုံးကေနခ်တာ ရာဇသတ္ႀကီးပုဒ္မ ၅၀၅-က နဲ႔ျပစ္မႈထင္ရွားတယ္ဆိုၿပီး ၂ ႏွစ္ အလုပ္နဲ႔ ေထာင္ဒဏ္ခ်တာ သူခ်ဳပ္ခံထားရတဲ့ ခ်ဳပ္ရက္ခံစားခြင့္ ရွိေစဆိုၿပီး ခ်လိုက္တယ္။ အမႈက ဘာမွမေပၚေပါက္ဘူး။ ဆရာတို႔စစ္တာမွာ တိုင္စာတခုပဲ ရွိတယ္။ ဘာမွမရွိဘူး။ သူက သတင္းသမား၊ သတင္းလုပ္ငန္းလုပ္ကိုင္တယ္။ ဆႏၵျပသူ CDM ဝန္ထမ္းေတြနဲ႔ေတြ႕ဆုံသတင္းယူတယ္။ ဒါက သတင္းမီဒီယာဥပေဒ ၇ အရ သတင္းသမားေတြလုပ္ရမယ့္အလုပ္ကို လုပ္တာေလ။ ဥပေဒအရ ဘာအေၾကာင္းနဲ႔မွ အေရးယူစရာမရွိဘူး။ အဲမွာ ကင္းလြတ္ခြင့္ေပးထားၿပီးသား။”

မသူဇာဟာ ျပည္တြင္း၊ ျပည္ပသတင္းဌာနအခ်ိဳ႕မွာ ၁၄ ႏွစ္နီးပါး လုပ္ကိုင္ခဲ့သူတဦးျဖစ္ပါတယ္။ အဲဒီေနာက္ အလြတ္တန္းသတင္းေထာက္အျဖစ္ရပ္တည္ခဲ့ၿပီး အာဏာသိမ္းၿပီးေနာက္ အလြတ္တန္းသတင္းေထာက္အေနနဲ႔ သတင္းေတြေပးပို႔ခဲ့သူျဖစ္ပါတယ္။ နယ္စည္းမျခားသတင္းေထာက္မ်ားအဖြဲ႕(RSF) ရဲ႕ ၂၀၂၂ ခုႏွစ္ သတင္းလြတ္လပ္ခြင့္ၫႊန္းကိန္းအရ ျမန္မာႏိုင္ငံဟာ စစ္ေကာင္စီအာဏာသိမ္းၿပီးေနာက္မွာ သတင္းလြတ္လပ္ခြင့္ဆိုင္ရာ ကမာၻ႔အဆိုးဆုံး ၁၀ ႏိုင္ငံထဲမွာပါဝင္ေနတယ္လို႔ ေဖာ္ျပထားပါတယ္။ လြန္ခဲ့တဲ့ႏွစ္ ၫႊန္ကိန္းအဆင့္ ၁၄၀ ကေန အဆင့္ ၁၇၆ အထိကို ျမန္မာႏိုင္ငံက ထိုးဆင္းသြားခဲ့တာျဖစ္တယ္လို႔ေဖာ္ျပခံထားရပါတယ္။

စစ္တပ္ကအာဏာသိမ္းၿပီးေနာက္မွာ သတင္းဌာန ၁၀ ခုထက္မနည္း လိုင္စင္ပိတ္သိမ္းခံခဲ့ရပါတယ္။ အာဏာသိမ္းၿပီးခ်ိန္ကေန ခုခ်ိန္ထိ စစ္ေကာင္စီဘက္က သတင္းေထာက္ေတြကို ဆက္တိုက္ဖမ္းဆီးခဲ့ၿပီး ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလကေန ဒီႏွစ္ ႏိုဝင္ဘာလအထိ တႏိုင္ငံလုံးမွာ သတင္းသမားအေယာက္ ၁၅၀ နီးပါး ဖမ္းဆီးခံခဲ့ရပါတယ္။ ဒီထဲမွာ ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ေနာက္ဆုံးစာရင္းအရ ဖမ္းဆီးခံအေယာက္ ၁၅၀ နီးပါးထဲမွာ အေယာက္ ၉၀ ေက်ာ္ ျပန္လြတ္လာခဲ့ၿပီးေနာက္ လက္ရွိမွာေတာ့ သတင္းသမားေတြေကာက္ယူထားတဲ့စစ္တမ္းေတြအရ သတင္းသမား အေယာက္ ၅၀ နီးပါး ဖမ္းဆီးထိန္းသိမ္းခံထားရဆဲျဖစ္ပါတယ္။

အလြတ္သတင္းေထာက္တဦး အလုပ္နဲ႔ေထာင္ ၂ ႏွစ္က်.mp3
please wait

No media source currently available

0:00 0:02:08 0:00
တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

အလွတ်သတင်းထောက်တဦး အလုပ်နဲ့ထောင် ၂ နှစ်ကျ

အလွတ်သတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာကို အင်းစိန်ထောင်တွင်းတရားရုံးက နိုဝင်ဘာလ ၂၂ ရက်နေ့က အလုပ်နဲ့ထောင်ဒဏ် ၂ နှစ် ချခဲ့ပါတယ်။ အလွတ်သတင်းထောက် အလှလေးသူဇာ (ခေါ်) မသူဇာဟာ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာအဖမ်းခံခဲ့ရပြီး ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့မရဲစခန်းကနေ တပ်မတော် အကြည်ညိုပျက်အောင် လှုံ့ဆော်မှုပုဒ်မ ၅၀၅ - က နဲ့ စစ်ကောင်စီကတရားစွဲခဲ့ပါတယ်။ ဖမ်းဆီးခံထားရပြီး ၁၆ လအကြာမှာ ပြစ်ဒဏ်ချလိုက်တာဖြစ်တယ်လို့ သူ ရှေ့နေက ပြောပြပါတယ်။

“အင်းစိန်ဗဟိုအကျဉ်းထောင်ထဲမှာရုံးထိုင်တဲ့ ဒဂုံမြို့သစ်အရှေ့ပိုင်းတရားရုံးကနေချတာ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ပြစ်မှုထင်ရှားတယ်ဆိုပြီး ၂ နှစ် အလုပ်နဲ့ ထောင်ဒဏ်ချတာ သူချုပ်ခံထားရတဲ့ ချုပ်ရက်ခံစားခွင့် ရှိစေဆိုပြီး ချလိုက်တယ်။ အမှုက ဘာမှမပေါ်ပေါက်ဘူး။ ဆရာတို့စစ်တာမှာ တိုင်စာတခုပဲ ရှိတယ်။ ဘာမှမရှိဘူး။ သူက သတင်းသမား၊ သတင်းလုပ်ငန်းလုပ်ကိုင်တယ်။ ဆန္ဒပြသူ CDM ဝန်ထမ်းတွေနဲ့တွေ့ဆုံသတင်းယူတယ်။ ဒါက သတင်းမီဒီယာဥပဒေ ၇ အရ သတင်းသမားတွေလုပ်ရမယ့်အလုပ်ကို လုပ်တာလေ။ ဥပဒေအရ ဘာအကြောင်းနဲ့မှ အရေးယူစရာမရှိဘူး။ အဲမှာ ကင်းလွတ်ခွင့်ပေးထားပြီးသား။”

မသူဇာဟာ ပြည်တွင်း၊ ပြည်ပသတင်းဌာနအချို့မှာ ၁၄ နှစ်နီးပါး လုပ်ကိုင်ခဲ့သူတဦးဖြစ်ပါတယ်။ အဲဒီနောက် အလွတ်တန်းသတင်းထောက်အဖြစ်ရပ်တည်ခဲ့ပြီး အာဏာသိမ်းပြီးနောက် အလွတ်တန်းသတင်းထောက်အနေနဲ့ သတင်းတွေပေးပို့ခဲ့သူဖြစ်ပါတယ်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF) ရဲ့ ၂၀၂၂ ခုနှစ် သတင်းလွတ်လပ်ခွင့်ညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ စစ်ကောင်စီအာဏာသိမ်းပြီးနောက်မှာ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ကမ္ဘာ့အဆိုးဆုံး ၁၀ နိုင်ငံထဲမှာပါဝင်နေတယ်လို့ ဖော်ပြထားပါတယ်။ လွန်ခဲ့တဲ့နှစ် ညွှန်ကိန်းအဆင့် ၁၄၀ ကနေ အဆင့် ၁၇၆ အထိကို မြန်မာနိုင်ငံက ထိုးဆင်းသွားခဲ့တာဖြစ်တယ်လို့ဖော်ပြခံထားရပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ သတင်းဌာန ၁၀ ခုထက်မနည်း လိုင်စင်ပိတ်သိမ်းခံခဲ့ရပါတယ်။ အာဏာသိမ်းပြီးချိန်ကနေ ခုချိန်ထိ စစ်ကောင်စီဘက်က သတင်းထောက်တွေကို ဆက်တိုက်ဖမ်းဆီးခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီနှစ် နိုဝင်ဘာလအထိ တနိုင်ငံလုံးမှာ သတင်းသမားအယောက် ၁၅၀ နီးပါး ဖမ်းဆီးခံခဲ့ရပါတယ်။ ဒီထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ နောက်ဆုံးစာရင်းအရ ဖမ်းဆီးခံအယောက် ၁၅၀ နီးပါးထဲမှာ အယောက် ၉၀ ကျော် ပြန်လွတ်လာခဲ့ပြီးနောက် လက်ရှိမှာတော့ သတင်းသမားတွေကောက်ယူထားတဲ့စစ်တမ်းတွေအရ သတင်းသမား အယောက် ၅၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။

XS
SM
MD
LG