သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံအထူးကိုယ်စားလှယ် တတိယအကြိမ် မြန်မာပြည်သွားမည် 


 မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn
မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn

[[Zawgyi/Unicode]]

မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တွန်းအားပေးဖို့ မကြာခင် သီတင်းပတ်တွေအတွင်း မြန်မာနိုင်ငံကို တတိယအကြိမ် သွားရောက်မယ့်အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီဘက်က အကျဉ်းသား ၆,၀၀၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တာကို ကြိုဆိုတဲ့အကြောင်းနဲ့ ဒီလို လွှတ်ပေးတာဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ဘောင်တွေထဲကနေ ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး လမ်းစတခုအဖြစ် သတ်မှတ်တဲ့အကြောင်း အထူးကိုယ်စားလှယ် Prak Sokhonn ကြေညာချက် ထုတ်ပြန်ပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်တွေထဲက ဦးစားပေးအချက်တွေဖြစ်တဲ့ အကြမ်းဖက်မှုအဆုံးသတ်ရေး၊ လူသားချင်း စာနာမှုအကူအညီပေးရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်လာအောင် ယုံကြည်မှုတည်ဆောက်ရေး စတဲ့အချက်တွေမှာ နောက်ထပ် တိုးတက်မှုတွေ ရှိလာမယ်လို့ မျှော်လင်တဲ့အကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

မြန်မာစစ်ကောင်စီဘက်ကတော့ အာဆီယံဟာ အဖွဲ့ဝင်နိုင်ငံတခုအပေါ် ခွဲခြားဆက်ဆံပြီး တဖက်သတ်ဖိအားပေး တောင်းဆိုနေတဲ့အကြောင်းနဲ့ မြန်မာနိုင်ငံမပါဝင် တဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာမှာမဟုတ်တဲ့အကြောင်း တုံ့ပြန်ထားပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ဟာလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ အလှည့်ကျဥက္ကဋ္ဌရဲ့ ကြေညာချက်အဖြစ် နောက်ဆက်တွဲထွက်လာတဲ့အချက်တွေသာ ဖြစ်တဲ့အကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ စစ်ကောင်စီပြောခွင့်ရက ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]






XS
SM
MD
LG