သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံခေါင်းဆောင်တွေ ကမ္ဘောဒီးယားမှာ စတင်တွေ့ဆုံ 


ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံ (နိုဝင်ဘာ ၁၀၊ ၂၀၂၂) 
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံ (နိုဝင်ဘာ ၁၀၊ ၂၀၂၂) 

[[Zawgyi/Unicode]]

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့က အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ထိပ်သီးညီလာခံကို တက်ရောက်လာတဲ့ အာဆီယံခေါင်းဆောင်တွေဟာ ကမ္ဘောဒီးယားဘုရင် Norodom Sihamoni ကို ဒီကနေ့ သွားရောက်တွေ့ဆုံ နှုတ်ဆက်ကြပါတယ်။

ဘုရင် Sihamoni က ကြိုဆိုဧည်ခံပြီး အပြန်အလှန်ယုံကြည်မှုနဲ့နားလည်မှုအတွက် စိတ်ဆန္ဒကောင်းနဲ့ရိုးသားမှုရှိကြမယ်လို့ မျှော်လင့်တဲ့အကြောင်း ပြောပါတယ်။

အာဆီယံခေါင်းဆောင်တွေဟာ အာဆီယံစီးပွားရေးအကြံပေးကောင်စီကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကိုတော့ သောကြာနေ့ကစလို့ ကျင်းပသွားမှာဖြစ်ပြီး အခြား နိုင်ငံတကာတကာခေါင်းဆောင်တွေနဲ့အတူ အမေရိကန်သမ္မတ Joe Biden လည်း တက်ရောက်မှာဖြစ်ပါတယ်။ အဓိက ဆွေးနွေးကြမယ့်အထဲ အာဆီယံအဖွဲ့ဝင်တနိုင်ငံဖြစ်တဲ့ မြန်မာအရေးနဲ့တကွ ယူကရိန်းစစ်ပွဲ၊ တောင်တရုတ်ပင်လယ်ပြင်အငြင်းပွားမှု၊ ကပ်ဘေးပြန်လည်ထူထောင်ရေး၊ ဒေသတွင်းကုန်သွယ်ရေးနဲ့ ဥတုရာသီဖောက်ပြန်ပြောင်းလဲရေးအစီအစဉ်တွေကို ဆွေးနွေးဖို့ရှိကြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ လက်ရှိအကျပ်အတည်းကိစ္စတွေနဲ့ အာဆီယံဘုံသဘောတူချက် ၅ ရပ်ကို ပြန်လည်သုံးသပ်ဆွေးနွေးကြမှာဖြစ်ပါတယ်။ မြန်မာဘက်က အာဆီယံသဘာတူညီချက်ကို အကောင်အထည်ဖော်ဖို့ ပျက်ကွယ်တယ်ဆိုပြီး မြန်မာစစ်ကောင်စီကို အခု အာဆီယံထိပ်သီးအစည်းအဝေးမှာ နိုင်ငံရေးအရ ကိုယ်စားပြုတက်ရောက်ခွင့်မပေးပါဘူး။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]






XS
SM
MD
LG