သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဖဂန္ၿမိဳ႕ေတာ္ ဗလီဗုံးေပါက္ကြဲမႈ ၂၁ ဦးထက္မနည္း ေသ


Afghanistan

[[Zawgyi/Unicode]]

အာဖဂန္နစၥတန္ႏိုင္ငံ၊ ကာဘူးၿမိဳ႕က ဗလီတခုအတြင္း မေန႔ညက ျဖစ္သြားတဲ့ ဗုံးေပါက္ကြဲမႈေၾကာင့္ ေသဆုံးသူ ၂၁ ဦး ရွိသြားၿပီလို႔ တာလီဘန္အုပ္ခ်ဳပ္ေရးအဖြဲ႔က ေျပာပါတယ္။

ဘုရားဝတ္ျပဳေနတသူ ၃၃ ဦးလည္း ထိခိုက္ဒဏ္ရာရသြားတယ္လို႔ ၿမိဳ႕ေတာ္ ကာဘူးရဲတပ္ဖြဲ႔ ေျပာခြင့္ရ Khalid Zadran က ဗြီအိုေအကို ေျပာပါတယ္။

ၿမိဳ႕ရဲ႕ ေျမာက္ပိုင္း Kher Khanna အရပ္မွာရွိတဲ့ Siddiquiya ဗလီေက်ာင္းအတြင္း ဗုဒၶဟူးေန႔ေႏွာင္းပိုင္း ဘုရား၀တ္ျပဳေနၾကခ်ိန္ အားျပင္းတဲ့ ေပါက္ကြဲမႈႀကီး ျဖစ္သြားခဲ့တာလို႔ မ်က္ျမင္သက္ေသေတြနဲ႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

အာဖဂန္အေရး ကၽြမ္းက်င္ၿပီး Sufi ဂိုဏ္းကြဲ တရားေဟာဆရာလည္းျဖစ္တဲ့၊ အဲဒီ ဗုဒၶဟူးေန႔ ဝတ္ျပဳဆုေတာင္းပြဲကို ဦးေဆာင္က်င္းပေနတဲ့ ဘာသာေရးေခါင္းေဆာင္လည္းျဖစ္တဲ့ Amir Mohammad Kabuli လည္း ေသဆုံးတဲ့အထဲ ပါသြားတယ္လို႔ ဆိုပါတယ္။

အီတလီႏိုင္ငံအေျခစိုက္ Emergency7 ပရဟိတအဖြဲ႔က ဖြင့္ထားတဲ့ ေဆး႐ုံရဲ႕အဆိုအရ ေပါက္ကြဲတဲ့ေနရာက သယ္လာတဲ့ ဒဏ္ရာရသူ ၂၇ ဦးထဲက ၂ ဦး ေသဆုံးေနၿပီး ေနာက္တဦးကေတာ့ အေရးေပၚခန္းထဲမွာ ကြယ္လြန္သြားတယ္လို႔ ဆိုပါတယ္။ အသက္ ၇ ႏွစ္အရြယ္ တဦးပါအဝင္ ကေလးငယ္ ၇ ဦးလည္း ထိခိုက္ ဒဏ္ရာရတဲ့အထဲ ပါဝင္တယ္လို႔ ဆိုပါတယ္။

Adadin Wadanda Suka Mutu A Harin Bam A Masallacin Babban Birnin Afghanistan Ya Kai 21: ‘Yan Sanda
Adadin Wadanda Suka Mutu A Harin Bam A Masallacin Babban Birnin Afghanistan Ya Kai 21: ‘Yan Sanda

============

[[Unicode]]

အာဖဂန်မြို့တော် ဗလီဗုံးပေါက်ကွဲမှု ၂၁ ဦးထက်မနည်း သေ

အာဖဂန်နစ္စတန်နိုင်ငံ၊ ကာဘူးမြို့က ဗလီတခုအတွင်း မနေ့ညက ဖြစ်သွားတဲ့ ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၂၁ ဦး ရှိသွားပြီလို့ တာလီဘန်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။

ဘုရားဝတ်ပြုနေတသူ ၃၃ ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ မြို့တော် ကာဘူးရဲတပ်ဖွဲ့ ပြောခွင့်ရ Khalid Zadran က ဗွီအိုအေကို ပြောပါတယ်။

မြို့ရဲ့ မြောက်ပိုင်း Kher Khanna အရပ်မှာရှိတဲ့ Siddiquiya ဗလီကျောင်းအတွင်း ဗုဒ္ဓဟူးနေ့နှောင်းပိုင်း ဘုရားဝတ်ပြုနေကြချိန် အားပြင်းတဲ့ ပေါက်ကွဲမှုကြီး ဖြစ်သွားခဲ့တာလို့ မျက်မြင်သက်သေတွေနဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အာဖဂန်အရေး ကျွမ်းကျင်ပြီး Sufi ဂိုဏ်းကွဲ တရားဟောဆရာလည်းဖြစ်တဲ့၊ အဲဒီ ဗုဒ္ဓဟူးနေ့ ဝတ်ပြုဆုတောင်းပွဲကို ဦးဆောင်ကျင်းပနေတဲ့ ဘာသာရေးခေါင်းဆောင်လည်းဖြစ်တဲ့ Amir Mohammad Kabuli လည်း သေဆုံးတဲ့အထဲ ပါသွားတယ်လို့ ဆိုပါတယ်။

အီတလီနိုင်ငံအခြေစိုက် Emergency7 ပရဟိတအဖွဲ့က ဖွင့်ထားတဲ့ ဆေးရုံရဲ့အဆိုအရ ပေါက်ကွဲတဲ့နေရာက သယ်လာတဲ့ ဒဏ်ရာရသူ ၂၇ ဦးထဲက ၂ ဦး သေဆုံးနေပြီး နောက်တဦးကတော့ အရေးပေါ်ခန်းထဲမှာ ကွယ်လွန်သွားတယ်လို့ ဆိုပါတယ်။ အသက် ၇ နှစ်အရွယ် တဦးပါအဝင် ကလေးငယ် ၇ ဦးလည်း ထိခိုက် ဒဏ်ရာရတဲ့အထဲ ပါဝင်တယ်လို့ ဆိုပါတယ်။

XS
SM
MD
LG