သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်စကာဆန်ခါတင်စာရင်းမှာ 'Everything Everywhere' ဇာတ်ကား ဦးဆောင်


OSCAR-NOMINACIONES
OSCAR-NOMINACIONES

[[Zawgyi/Unicode]]

၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် စိတ်ကူးယဉ် သိပ္ပံဇာတ်ကား “Everything Everywhere All at Once” က ဆန်ခါတင် ၁၁ ဆုနဲ့ ဦးဆောင်နေပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အွန်လိုင်းဇာတ်ကား အကောင်းဆုံးဇာတ်ကားဆုရခဲ့ပေမဲ့ အင်္ဂါနေ့က ထုတ်ပြန်လိုက်တဲ့ ဒီနှစ် ၉၅ ကြိမ်မြောက် အော်စကာ အကယ်ဒမီဆု ဆန်ခါတင်စာရင်းမှာတော့ ရုံတင်ဇာတ်ကားတွေက ကြီးစိုးထားပါတယ်။ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် ဆန်ခါတင်စာရင်းမှာတော့ Blonde ဇာတ်ကားနဲ့ Ana de Armas ၊ "Tár ဇာတ်ကားနဲ့ Cate Blanchett ၊ To Leslie ဇာတ်ကားနဲ့ Andrea Riseborough ၊ The Fabelmans ဇာတ်ကားနဲ့ Michelle Williams နဲ့ Everything Everywhere All at Once ဇာတ်ကားနဲ့ Michelle Yeoh တို့ ရွေးချယ်ခံရပါတယ်။

အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ဆန်ခါတင်စာရင်းမှာတော့ Brendan Fraser - "The Whale ဇာတ်ကား ၊ Colin Farrell က "The Banshees of Inisherin ဇာတ်ကား ၊ Elvis ဇာတ်ကားနဲ့ Austin Butler၊ Living ဇာတ်ကားနဲ့ Bill Nighy နဲ့ Aftersun ဇာတ်ကားမှာသရုပ်ဆောင်ခဲ့တဲ့ Paul Mescal တို့ ရွေးချယ်ခံရပါတယ်။

အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ဆန်ခါတင်စာရင်းမှာတော့ Black Panther: Wakanda Forever ဇာတ်ကားနဲ့ Angela Bassett ၊ The Whale ဇာတ်ကားနဲ့ Hong Chau ၊ The Banshees of Inisherin ဇာတ်ကားနဲ့ Kerry Condon ၊ Everything Everywhere All at Once ဇာတ်ကား မှာတော့ Jamie Lee Curtis နဲ့ Stephanie Hsu တို့ ပါဝင်ပါတယ်။ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုမှာတော့ Brian Tyree Henry - "Causeway"၊ Judd Hirsch - "The Fabelmans" ၊ Brendan Gleeson - "Banshees on Inisherin", Barry Keoghan - "Banshees of Inisherin ၊ နောက် Everything Everywhere All at Once ဇာတ်ကားနဲ့ Ke Huy Quan တို့ ဆန်ခါတင် စာရင်းမှာ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]






XS
SM
MD
LG