သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေး အိန္ဒိယကာကွယ် ပြောကြား


ထိုင်းနိုင်ငံရောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar (သြဂုတ်လ ၁၈၊ ၂၀၂၂)
ထိုင်းနိုင်ငံရောက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar (သြဂုတ်လ ၁၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကြိုးပေးကွပ်မျက်တာနဲ့ လာမယ့်နှစ်ထဲ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတာတွေအတွက် နိုင်ငံတကာရဲ့စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်နေတာအတွက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ကြာသပတေးနေ့မှာ ခုခံပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကိုဖယ်ရှားပြီး အာဏာသိမ်းထားတဲ့စစ်ကောင်စီကို အနောက်နိုင်ငံတချို့က သံတမန်ဆက်ဆံရေး အဆင့်လျှော့ချတာ၊ စီးပွါးရေးဒဏ်ခတ်မှုတွေ လုပ်နေပေမယ့် အိန္ဒိယ၊ တရုတ်နဲ့ ရုရှားတို့က ဝန်ကြီးအဆင့် သွားရောက်တာ အပါအဝင် စစ်ကောင်စီနဲ့ ဆက်လက် ဆက်ဆံနေတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရဘက်ကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်းမှုကာလကနေ ဆယ်စုနှစ်နဲ့ချီတဲ့ ဆက်ဆံရေးဟာ အခုချိန် ထိ အပြောင်းအလဲတစုံတရာမရှိသလို ၂ နိုင်ငံကြား ရှုပ်ထွေးတဲ့နယ်စပ်ပြဿနာကို ကိုင်တွယ်ရာမှာ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေးကို ရှောင်လွှဲလို့မရကြောင်းနဲ့ အိန္ဒိယ- မြန်မာဆက်ဆံရေးကို နိုင်ငံရေးအရ ဝေဖန်ဖို့မသင့်ဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ဘန်ကောက် Chulalongkorn တက္ကသိုလ် ဒီကနေ့ ဟောပြောပွဲမှာ ပြောကြားလိုက်တာပါ။

အိန္ဒိယအနေနဲ့ တခြားနိုင်ငံတွေနဲ့မတူဘဲ အိမ်နီးချင်းမြန်မာနိုင်ငံကို နားလည်စာနာမှု အပြည့်ရှိကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် ထောက်ခံကြောင်းလည်း ပြောပါတယ်။

အိန္ဒိယက ဒီနှစ်ဆန်းပိုင်းမှာ သံအမတ်သစ်ခန့်အပ်လွှာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေးအပ်ခဲ့တာကြောင့် အာဏာသိမ်း စစ်တပ်ကို ရှားရှားပါးပါးအသိမှတ်ပြုတဲ့ နိုင်ငံဖြစ်လာတာပါ။ ဒါ့အပြင် မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေချိန်မှာ မြန်မာစစ်တပ်ကို အိန္ဒိယကုမ္ပဏီတခုက စစ်သုံးပစ္စည်းတွေ ရောင်းချနေတဲ့အပေါ် လူ့အခွင့်ရေးအဖွဲ့တွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

 မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေး အိန္ဒိယကာကွယ် ပြောကြား.mp3
please wait

No media source currently available

0:00 0:01:27 0:00
တိုက်ရိုက် လင့်ခ်

============

[[Unicode]]








XS
SM
MD
LG