သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္ေကာင္စီနဲ႔ဆက္ဆံေရး အိႏၵိယကာကြယ္ ေျပာၾကား


ထိုင္းႏုိင္ငံေရာက္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar (ၾသဂုတ္လ ၁၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံမွာ မၾကာေသးခင္ကမွ ဒီမိုကေရစီေရးလႈပ္ရွားသူေတြကို ႀကိဳးေပးကြပ္မ်က္တာနဲ႔ လာမယ့္ႏွစ္ထဲ ေ႐ြးေကာက္ပြဲလုပ္ဖို႔ ျပင္ေနတာေတြအတြက္ ႏိုင္ငံတကာရဲ႕စိုးရိမ္မႈေတြ တိုးလာေနခ်ိန္မွာ ျမန္မာနဲ႔ ဆက္ဆံေရးေကာင္းမြန္ေနတာအတြက္ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးက ဒီကေန႔ ၾကာသပေတးေန႔မွာ ခုခံေျပာၾကားလိုက္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ အရပ္သားအစိုးရကိုဖယ္ရွားၿပီး အာဏာသိမ္းထားတဲ့စစ္ေကာင္စီကို အေနာက္ႏိုင္ငံတခ်ိဳ႕က သံတမန္ဆက္ဆံေရး အဆင့္ေလွ်ာ့ခ်တာ၊ စီးပြါးေရးဒဏ္ခတ္မႈေတြ လုပ္ေနေပမယ့္ အိႏၵိယ၊ တ႐ုတ္နဲ႔ ႐ုရွားတို႔က ဝန္ႀကီးအဆင့္ သြားေရာက္တာ အပါအဝင္ စစ္ေကာင္စီနဲ႔ ဆက္လက္ ဆက္ဆံေနတာ ျဖစ္ပါတယ္။

အိႏၵိယအစိုးရဘက္ကေတာ့ ျမန္မာႏိုင္ငံ လြတ္လပ္ေရးရဖို႔ ႀကိဳးပမ္းမႈကာလကေန ဆယ္စုႏွစ္နဲ႔ခ်ီတဲ့ ဆက္ဆံေရးဟာ အခုခ်ိန္ ထိ အေျပာင္းအလဲတစုံတရာမရွိသလို ၂ ႏိုင္ငံၾကား ရႈပ္ေထြးတဲ့နယ္စပ္ျပႆနာကို ကိုင္တြယ္ရာမွာ ျမန္မာစစ္ေကာင္စီနဲ႔ ဆက္ဆံေရးကို ေရွာင္လႊဲလို႔မရေၾကာင္းနဲ႔ အိႏၵိယ- ျမန္မာဆက္ဆံေရးကို ႏိုင္ငံေရးအရ ေဝဖန္ဖို႔မသင့္ဘူးလို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီး Subrahmanyam Jaishankar က ဘန္ေကာက္ Chulalongkorn တကၠသိုလ္ ဒီကေန႔ ေဟာေျပာပြဲမွာ ေျပာၾကားလိုက္တာပါ။

အိႏၵိယအေနနဲ႔ တျခားႏိုင္ငံေတြနဲ႔မတူဘဲ အိမ္နီးခ်င္းျမန္မာႏိုင္ငံကို နားလည္စာနာမႈ အျပည့္ရွိေၾကာင္းနဲ႔ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအေရးအတြက္ ေထာက္ခံေၾကာင္းလည္း ေျပာပါတယ္။

အိႏၵိယက ဒီႏွစ္ဆန္းပိုင္းမွာ သံအမတ္သစ္ခန႔္အပ္လႊာကို ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကို ေပးအပ္ခဲ့တာေၾကာင့္ အာဏာသိမ္း စစ္တပ္ကို ရွားရွားပါးပါးအသိမွတ္ျပဳတဲ့ ႏိုင္ငံျဖစ္လာတာပါ။ ဒါ့အျပင္ ျမန္မာစစ္တပ္က အရပ္သားေတြကို ပစ္မွတ္ထားတိုက္ခိုက္ေနခ်ိန္မွာ ျမန္မာစစ္တပ္ကို အိႏၵိယကုမၸဏီတခုက စစ္သုံးပစၥည္းေတြ ေရာင္းခ်ေနတဲ့အေပၚ လူ႔အခြင့္ေရးအဖြဲ႕ေတြက ေဝဖန္ေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]


မြန်မာစစ်ကောင်စီနဲ့ဆက်ဆံရေး အိန္ဒိယကာကွယ် ပြောကြား

မြန်မာနိုင်ငံမှာ မကြာသေးခင်ကမှ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ကြိုးပေးကွပ်မျက်တာနဲ့ လာမယ့်နှစ်ထဲ ရွေးကောက်ပွဲလုပ်ဖို့ ပြင်နေတာတွေအတွက် နိုင်ငံတကာရဲ့စိုးရိမ်မှုတွေ တိုးလာနေချိန်မှာ မြန်မာနဲ့ ဆက်ဆံရေးကောင်းမွန်နေတာအတွက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဒီကနေ့ ကြာသပတေးနေ့မှာ ခုခံပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရပ်သားအစိုးရကိုဖယ်ရှားပြီး အာဏာသိမ်းထားတဲ့စစ်ကောင်စီကို အနောက်နိုင်ငံတချို့က သံတမန်ဆက်ဆံရေး အဆင့်လျှော့ချတာ၊ စီးပွါးရေးဒဏ်ခတ်မှုတွေ လုပ်နေပေမယ့် အိန္ဒိယ၊ တရုတ်နဲ့ ရုရှားတို့က ဝန်ကြီးအဆင့် သွားရောက်တာ အပါအဝင် စစ်ကောင်စီနဲ့ ဆက်လက် ဆက်ဆံနေတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရဘက်ကတော့ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ ကြိုးပမ်းမှုကာလကနေ ဆယ်စုနှစ်နဲ့ချီတဲ့ ဆက်ဆံရေးဟာ အခုချိန် ထိ အပြောင်းအလဲတစုံတရာမရှိသလို ၂ နိုင်ငံကြား ရှုပ်ထွေးတဲ့နယ်စပ်ပြဿနာကို ကိုင်တွယ်ရာမှာ မြန်မာစစ်ကောင်စီနဲ့ ဆက်ဆံရေးကို ရှောင်လွှဲလို့မရကြောင်းနဲ့ အိန္ဒိယ- မြန်မာဆက်ဆံရေးကို နိုင်ငံရေးအရ ဝေဖန်ဖို့မသင့်ဘူးလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subrahmanyam Jaishankar က ဘန်ကောက် Chulalongkorn တက္ကသိုလ် ဒီကနေ့ ဟောပြောပွဲမှာ ပြောကြားလိုက်တာပါ။

အိန္ဒိယအနေနဲ့ တခြားနိုင်ငံတွေနဲ့မတူဘဲ အိမ်နီးချင်းမြန်မာနိုင်ငံကို နားလည်စာနာမှု အပြည့်ရှိကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးအတွက် ထောက်ခံကြောင်းလည်း ပြောပါတယ်။

အိန္ဒိယက ဒီနှစ်ဆန်းပိုင်းမှာ သံအမတ်သစ်ခန့်အပ်လွှာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပေးအပ်ခဲ့တာကြောင့် အာဏာသိမ်း စစ်တပ်ကို ရှားရှားပါးပါးအသိမှတ်ပြုတဲ့ နိုင်ငံဖြစ်လာတာပါ။ ဒါ့အပြင် မြန်မာစစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေချိန်မှာ မြန်မာစစ်တပ်ကို အိန္ဒိယကုမ္ပဏီတခုက စစ်သုံးပစ္စည်းတွေ ရောင်းချနေတဲ့အပေါ် လူ့အခွင့်ရေးအဖွဲ့တွေက ဝေဖန်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG