သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြကို နယူးေဒလီအစိုးရေနရာခ်ေပးမယ္


အိႏၵိယႏိုင္ငံေျမာက္ပိုင္း ဂ်မူးၿမိဳ႕မွာ ရွိေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္မ်ား။ (ဧၿပီ ၁၂၊ ၂၀၂၂)

[[Zawgyi/Unicode]]

အိႏၵိယႏိုင္ငံမွာ ေရာက္ေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို နယူးေဒလီၿမိဳ႕ေတာ္က သတ္မွတ္ထားတဲ့တိုက္ခန္းေတြမွာ ေနရာခ်ေပးမယ္လို႔ အိႏၵိယအိုးအိမ္ဝန္ႀကီးက ေျပာၾကားလိုက္ပါတယ္။

နယူးေဒလီၿမိဳ႕အေနာက္ဘက္က Bakkarwala ဆိုတဲ့ အရပ္မွာထားေပးမွာျဖစ္ၿပီး သူတို႔ကို UN ရဲ႕ ဒုကၡသည္အသိအမွတ္ျပဳကဒ္ျပား၊ အေျခခံလိုအပ္ခ်က္ေတြနဲ႔ ၂၄ နာရီ လံုျခံဳေရးေပးမယ္လို႔ ဝန္ႀကီး Hardeep Singh Puri က Twitter လူမႈကြန္ယက္မွာ ေရးသားေျပာဆိုခဲ့တာပါ။ ခိုလႈံလိုသူ ဒုကၡသည္ေတြကို အိႏၵိယႏိုင္ငံက အၿမဲတေစႀကိဳဆိုေနပါတယ္လို႔လည္းဆိုပါတယ္။ ဒုကၡသည္ဘယ္ႏွေယာက္ကို ေနရာထိုင္ခင္းေပးမွာလဲဆိုတာကိုေတာ့ ဝန္ႀကီးက အတိအက် ေျပာဆိုျခင္း မရွိပါဘူး။

အိႏၵိယႏိုင္ငံမွာ ဒီႏွစ္ဆန္းပိုင္းအထိ ႐ိုဟင္ဂ်ာ ၁၇,၀၀၀ ေလာက္ရွိၿပီး New Delhi ၿမိဳ႕မွာ ၁,၁၀၀ ေလာက္ရွိေနတယ္လို႔ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူတေယာက္ရဲ႕ အေျပာကို Reuters သတင္းမွာ ကိုးကားေဖာ္ျပပါတယ္။ ႐ိုဟင္ဂ်ာအမ်ားစုဟာ အလုပ္ၾကမ္းသမားေတြ၊ ေစ်းဆိုင္ေရာင္းသူေတြနဲ႔ ဆိုက္ကားနင္းသူေတြ ျဖစ္ၾကတယ္လို႔ ေျပာပါတယ္။ အခုလို ႐ိုဟင္ဂ်ာဒုကၡသည္ေတြကို ေနရာခ်ေပးေရးကိစၥကို New Delhi အစိုးရ အဆင့္ျမင့္တာဝန္ရွိသူေတြၾကား စည္းေဝးခဲ့ၿပီး ဆံုးျဖတ္ခဲ့တာျဖစ္တယ္လို႔ အိႏၵိယကလာတဲ့သတင္းေတြမွာ ေဖာ္ျပပါတယ္။

လက္ရွိ ႐ိုဟင္ဂ်ာေတြေနထိုင္ေနၾကတဲ့ Madanpur Khadar အရပ္မွာ မီးေလာင္ကၽြမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္မွာ ခုလို သူတို႔ကို ေနရာခ်ထားေရးကို ၿမိဳ႕ေတာ္တာဝန္ရွိသူေတြ ေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။

လူမ်ားစု ဟိႏၵဴဘာသာကိုးကြယ္ေနတဲ့ အိႏၵိယႏိုင္ငံမွာေရာက္ေနတဲ့ ႐ိုဟင္ဂ်ာမြတ္ဆလင္ေတြကို ဝန္ႀကီးခ်ဳပ္ Narendra Modi အစိုးရက ေနရပ္ျပန္ပို႔ႏိုင္ဖို႔ အရင္က ႀကိဳးစားခဲ့ၿပီး အခုေတာ့ ေနရာထိုင္ခင္းေပးမယ္လို႔ ေၾကညာတာျဖစ္ပါတယ္။ ေနရာသစ္ကို ယာယီထိန္းသိမ္းေရးစခန္းပံုစံမ်ဳိးလုပ္မွာ ႐ိုဟင္ဂ်ာေတြ စိုးရိမ္ေနၾကတယ္လို႔ သူတို႔အေရးလႈပ္ရွားသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ရိုဟင်ဂျာတွေကို နယူးဒေလီအစိုးရနေရာချပေးမယ်

အိန္ဒိယနိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နယူးဒေလီမြို့တော်က သတ်မှတ်ထားတဲ့တိုက်ခန်းတွေမှာ နေရာချပေးမယ်လို့ အိန္ဒိယအိုးအိမ်ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

နယူးဒေလီမြို့အနောက်ဘက်က Bakkarwala ဆိုတဲ့ အရပ်မှာထားပေးမှာဖြစ်ပြီး သူတို့ကို UN ရဲ့ ဒုက္ခသည်အသိအမှတ်ပြုကဒ်ပြား၊ အခြေခံလိုအပ်ချက်တွေနဲ့ ၂၄ နာရီ လုံခြုံရေးပေးမယ်လို့ ဝန်ကြီး Hardeep Singh Puri က Twitter လူမှုကွန်ယက်မှာ ရေးသားပြောဆိုခဲ့တာပါ။ ခိုလှုံလိုသူ ဒုက္ခသည်တွေကို အိန္ဒိယနိုင်ငံက အမြဲတစေကြိုဆိုနေပါတယ်လို့လည်းဆိုပါတယ်။ ဒုက္ခသည်ဘယ်နှယောက်ကို နေရာထိုင်ခင်းပေးမှာလဲဆိုတာကိုတော့ ဝန်ကြီးက အတိအကျ ပြောဆိုခြင်း မရှိပါဘူး။

အိန္ဒိယနိုင်ငံမှာ ဒီနှစ်ဆန်းပိုင်းအထိ ရိုဟင်ဂျာ ၁၇,၀၀၀ လောက်ရှိပြီး New Delhi မြို့မှာ ၁,၁၀၀ လောက်ရှိနေတယ်လို့ ရိုဟင်ဂျာအရေး လှုပ်ရှားသူတယောက်ရဲ့ အပြောကို Reuters သတင်းမှာ ကိုးကားဖော်ပြပါတယ်။ ရိုဟင်ဂျာအများစုဟာ အလုပ်ကြမ်းသမားတွေ၊ ဈေးဆိုင်ရောင်းသူတွေနဲ့ ဆိုက်ကားနင်းသူတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။ အခုလို ရိုဟင်ဂျာဒုက္ခသည်တွေကို နေရာချပေးရေးကိစ္စကို New Delhi အစိုးရ အဆင့်မြင့်တာဝန်ရှိသူတွေကြား စည်းဝေးခဲ့ပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

လက်ရှိ ရိုဟင်ဂျာတွေနေထိုင်နေကြတဲ့ Madanpur Khadar အရပ်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက်မှာ ခုလို သူတို့ကို နေရာချထားရေးကို မြို့တော်တာဝန်ရှိသူတွေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

လူများစု ဟိန္ဒူဘာသာကိုးကွယ်နေတဲ့ အိန္ဒိယနိုင်ငံမှာရောက်နေတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေကို ဝန်ကြီးချုပ် Narendra Modi အစိုးရက နေရပ်ပြန်ပို့နိုင်ဖို့ အရင်က ကြိုးစားခဲ့ပြီး အခုတော့ နေရာထိုင်ခင်းပေးမယ်လို့ ကြေညာတာဖြစ်ပါတယ်။ နေရာသစ်ကို ယာယီထိန်းသိမ်းရေးစခန်းပုံစံမျိုးလုပ်မှာ ရိုဟင်ဂျာတွေ စိုးရိမ်နေကြတယ်လို့ သူတို့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

XS
SM
MD
LG