သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္နဲ႔တ႐ုတ္သမၼတႏွစ္ဦး အြန္လိုင္းက ေတြ႔ဆုံေဆြးေႏြး


[[Zawgyi/Unicode]]

အေမရိကန္သမၼတ Joe Biden နဲ႔ တ႐ုတ္သမၼတ Xi Jinping တို႔ ဒီေန႔ၾကာသပေတးမနက္က Online ကေန ေတြ႔ဆံုေဆြးေႏြးခဲ့ၾကပါတယ္။ ေအာက္လႊတ္ေတာ္ ဥကၠ႒ Nancy Pelosi ထိုင္ဝမ္ကို သြားေရာက္မယ့္အစီအစဥ္အေပၚ တ႐ုတ္တို႔ ဘက္က မေက်မနပ္ျဖစ္ေနခ်ိန္ ခုလို အေမရိကန္နဲ႔ တ႐ုတ္သမၼတို႔ ေဆြးေႏြးခဲ့ၾကတာပါ။

သမၼတ Biden ျဖစ္လာၿပီးေနာက္ သမၼတ Xi နဲ႔ ၅ ႀကိမ္ေျမာက္ ေဆြးေႏြးပြဲအတြင္း စီပြားေရးကိစၥ၊ ယူကရိန္းကို ႐ုရွားတို႔ စစ္ဝင္တိုက္တဲ့ကိစၥအပါအဝင္ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားကို ေဆြးေႏြးၾကတယ္လို႔ အေမရိကန္တာဝန္ရွိသူေတြက ေျပာပါတယ္။ ယူကရိန္းကို ႐ုရွားစစ္ဝင္တိုက္တဲ့ကိစၥအေပၚ တ႐ုတ္က ခုခ်ိန္ထိ ေဝဖန္ျပစ္တင္ျခင္း မရွိေသးပါဘူး။ တ႐ုတ္နဲ႔ ပူးေပါင္းေဆာင္႐ြက္ႏိုင္တဲ့ ကိစၥရပ္ေတြရွိသလို သေဘာထားကြဲလြဲမႈေတြနဲ႔ တင္းမာမႈေတြလည္းရွိေနေပမဲ့ သမၼတ Biden က သမၼတ Xi နဲ႔ ပြင့္ပြင့္လင္းလင္း ဆက္ဆံခ်င္တယ္လို႔ အိမ္ျဖဴေတာ္ အက်ဳိးဆက္ေတြရွိလာမယ္လို႔ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာခြင့္ရ John Kirby ကေျပာၾကားခဲ့ပါတယ္။

ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi ထိုင္ဝမ္ကို သြားေရာက္မယ္ဆိုရင္ ျပင္းျပင္းထန္ထန္တံု႔ျပန္မယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာနေျပာခြင့္ရသူက ဗုဒၶဟူးေန႔ က ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္တျပည္ေထာင္မူကို လက္ခံတဲ့ အေမရိကန္အစိုးရက ထိုင္ဝမ္ကို ႏိုင္ငံတခုအေနနဲ႔ အသိအမွတ္ျပဳမထားပါဘူး။ တ႐ုတ္ႏိုင္ငံက ထိုင္ ဝမ္ဟာ သူတို႔ပိုင္နက္ျဖစ္တယ္လို႔ ေျပာၿပီး စစ္ေရးနဲ႔ ၿခိမ္းေျခာက္မႈေတြရွိေနခ်ိန္မွာ ထိုင္ဝမ္ဘက္က အေမရိကန္ဘက္က ရပ္တည္တယ္ဆိုတာ ျပသတဲ့အေနနဲ႔ ေအာက္လႊတ္ေတာ္ဥကၠ႒ ထိုင္ဝမ္ကို သြားေရာက္မွာျဖစ္တယ္လို႔ အကဲခတ္ေတြက သံုးသပ္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ကန်နဲ့တရုတ်သမ္မတနှစ်ဦး အွန်လိုင်းက တွေ့ဆုံဆွေးနွေး

အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ ဒီနေ့ကြာသပတေးမနက်က Online ကနေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အောက်လွှတ်တော် ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကို သွားရောက်မယ့်အစီအစဉ်အပေါ် တရုတ်တို့ ဘက်က မကျေမနပ်ဖြစ်နေချိန် ခုလို အမေရိကန်နဲ့ တရုတ်သမ္မတို့ ဆွေးနွေးခဲ့ကြတာပါ။

သမ္မတ Biden ဖြစ်လာပြီးနောက် သမ္မတ Xi နဲ့ ၅ ကြိမ်မြောက် ဆွေးနွေးပွဲအတွင်း စီပွားရေးကိစ္စ၊ ယူကရိန်းကို ရုရှားတို့ စစ်ဝင်တိုက်တဲ့ကိစ္စအပါအဝင် ကိစ္စရပ်တော်တော်များများကို ဆွေးနွေးကြတယ်လို့ အမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းကို ရုရှားစစ်ဝင်တိုက်တဲ့ကိစ္စအပေါ် တရုတ်က ခုချိန်ထိ ဝေဖန်ပြစ်တင်ခြင်း မရှိသေးပါဘူး။ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ကိစ္စရပ်တွေရှိသလို သဘောထားကွဲလွဲမှုတွေနဲ့ တင်းမာမှုတွေလည်းရှိနေပေမဲ့ သမ္မတ Biden က သမ္မတ Xi နဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံချင်တယ်လို့ အိမ်ဖြူတော် အကျိုးဆက်တွေရှိလာမယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby ကပြောကြားခဲ့ပါတယ်။

အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ထိုင်ဝမ်ကို သွားရောက်မယ်ဆိုရင် ပြင်းပြင်းထန်ထန်တုံ့ပြန်မယ်လို့ တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူက ဗုဒ္ဓဟူးနေ့ က ပြောကြားခဲ့ပါတယ်။ တရုတ်တပြည်ထောင်မူကို လက်ခံတဲ့ အမေရိကန်အစိုးရက ထိုင်ဝမ်ကို နိုင်ငံတခုအနေနဲ့ အသိအမှတ်ပြုမထားပါဘူး။ တရုတ်နိုင်ငံက ထိုင် ဝမ်ဟာ သူတို့ပိုင်နက်ဖြစ်တယ်လို့ ပြောပြီး စစ်ရေးနဲ့ ခြိမ်းခြောက်မှုတွေရှိနေချိန်မှာ ထိုင်ဝမ်ဘက်က အမေရိကန်ဘက်က ရပ်တည်တယ်ဆိုတာ ပြသတဲ့အနေနဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ ထိုင်ဝမ်ကို သွားရောက်မှာဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ်နေပါတယ်။

XS
SM
MD
LG