သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္အလုပ္သမားေန႔ ပါဝင္ဆင္ႏႊဲဖို႔ သမၼတဘိုင္ဒန္ Wisconsin နဲ႔ Pennsylvania ျပည္နယ္သြားေရာက္


အေမရိကန္သမၼတ Joe Biden

[[Zawgyi/Unicode]]

အေမရိကန္ျပည္ေထာင္စုမွာက်ေရာက္တဲ့ အလုပ္သမားေန႔အခမ္းအနားမွာ ပါဝင္ဆင္ႏႊဲဖို႔ သမၼတဂ်ဳိးဘိုင္ဒန္က ဝတ္စ္ကြန္ဆင္နဲ႔ ပန္ဆယ္လ္ေဗးနီးယား ျပည္နယ္ေတြဆီ ဒီကေန႔ သြားေရာက္မွာပါ။

အေမရိကန္အလုပ္သမားထုရဲ႕ ဂုဏ္သိကၡာရွိမႈကို မီးေမာင္းထိုးျပတဲ့ မိန္႔ခြန္းေတြကို ဝတ္စ္ကြန္ဆင္ျပည္နယ္က မီလ္ဝါ့က္ကီၿမဳိ႕နဲ႔ ပန္ဆယ္လ္ေဗးနီးယား ျပည္နယ္ ပစ္(စ္)ဘာ့ဂ္ၿမဳိ႕တို႔မွာ ေျပာၾကားမယ္လို႔ အိမ္ျဖဴေတာ္က ေျပာပါတယ္။ သမၼတဘိုင္ဒန္နဲ႔အတူ အလုပ္သမားဝန္ႀကီး မာတီ ဝါ့လ္(ရွ္)လည္း လိုက္ပါမွာ ျဖစ္ပါတယ္။

စက္တင္ဘာလရဲ႕ ပထမဆံုးတနလၤာေန႔မွာ က်ေရာက္တဲ့ အလုပ္သမားေန႔ကို ၁၈၉၄ ခုႏွစ္ကတည္းက ႏွစ္စဥ္ က်င္းပတာျဖစ္ၿပီး အေမရိကန္အလုပ္သမားေတြရဲ႕ လူမႈေရး၊ စီးပြားေရးေအာင္ျမင္မႈကိုဂုဏ္ျပဳတဲ့အေနနဲ႔ ႏိုင္ငံတလႊား ခ်ီတက္ပြဲေတြ၊ ေပ်ာ္ပြဲရႊင္ပြဲေတြ၊ မိတ္ေဆြမိသားစုမ်ား ေတြ႔ဆံုပြဲေတြနဲ႔ ဆင္ႏႊဲၾကပါတယ္။

ၿပီးေတာ့ ေလဘာေဒး၊ အလုပ္သမားေန႔ေရာက္ၿပီဆိုရင္ ဒါဟာ ေႏြရာသီၿပီးဆံုးတဲ့ေန႔လို႔ မွတ္ယူၾကၿပီး ကေလးေတြ ေက်ာင္းျပန္မဖြင့္ခင္ အေပ်ာ္ခရီးထြက္ၾကတဲ့ မိသားစုေတြအတြက္ ေနာက္ဆံုးခြင့္ရက္ရွည္လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]


အမေရိကန်အလုပ်သမားနေ့ ပါဝင်ဆင်နွှဲဖို့ သမ္မတဘိုင်ဒန် Wisconsin နဲ့ Pennsylvania ပြည်နယ်သွားရောက်

အမေရိကန်ပြည်ထောင်စုမှာကျရောက်တဲ့ အလုပ်သမားနေ့အခမ်းအနားမှာ ပါဝင်ဆင်နွှဲဖို့ သမ္မတဂျိုးဘိုင်ဒန်က ဝတ်စ်ကွန်ဆင်နဲ့ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေဆီ ဒီကနေ့ သွားရောက်မှာပါ။

အမေရိကန်အလုပ်သမားထုရဲ့ ဂုဏ်သိက္ခာရှိမှုကို မီးမောင်းထိုးပြတဲ့ မိန့်ခွန်းတွေကို ဝတ်စ်ကွန်ဆင်ပြည်နယ်က မီလ်ဝါ့က်ကီမြို့နဲ့ ပန်ဆယ်လ်ဗေးနီးယား ပြည်နယ် ပစ်(စ်)ဘာ့ဂ်မြို့တို့မှာ ပြောကြားမယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ သမ္မတဘိုင်ဒန်နဲ့အတူ အလုပ်သမားဝန်ကြီး မာတီ ဝါ့လ်(ရှ်)လည်း လိုက်ပါမှာ ဖြစ်ပါတယ်။

စက်တင်ဘာလရဲ့ ပထမဆုံးတနင်္လာနေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့ကို ၁၈၉၄ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပတာဖြစ်ပြီး အမေရိကန်အလုပ်သမားတွေရဲ့ လူမှုရေး၊ စီးပွားရေးအောင်မြင်မှုကိုဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံတလွှား ချီတက်ပွဲတွေ၊ ပျော်ပွဲရွှင်ပွဲတွေ၊ မိတ်ဆွေမိသားစုများ တွေ့ဆုံပွဲတွေနဲ့ ဆင်နွှဲကြပါတယ်။

ပြီးတော့ လေဘာဒေး၊ အလုပ်သမားနေ့ရောက်ပြီဆိုရင် ဒါဟာ နွေရာသီပြီးဆုံးတဲ့နေ့လို့ မှတ်ယူကြပြီး ကလေးတွေ ကျောင်းပြန်မဖွင့်ခင် အပျော်ခရီးထွက်ကြတဲ့ မိသားစုတွေအတွက် နောက်ဆုံးခွင့်ရက်ရှည်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG