သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လုပ်ရပ်ကို ကန်ဒုသမ္မတ ဝေဖန်


အမေရိကန် ဒုသမ္မတ Harris ဂျပန်နိုင်ငံ ယိုကိုဆူကာ ရေတပ်စခန်းမှာ ဆိုက်ကပ်ထားတဲ့ USS Howard ရေတပ်ဖျက် သင်္ဘောပေါ်မှာ အမေရိကန်စစ်မှုထမ်းတွေနဲ့တွေ့ဆုံစဉ်။ (စက်တင်ဘာ ၂၈၊ ၂၀၂၂)
အမေရိကန် ဒုသမ္မတ Harris ဂျပန်နိုင်ငံ ယိုကိုဆူကာ ရေတပ်စခန်းမှာ ဆိုက်ကပ်ထားတဲ့ USS Howard ရေတပ်ဖျက် သင်္ဘောပေါ်မှာ အမေရိကန်စစ်မှုထမ်းတွေနဲ့တွေ့ဆုံစဉ်။ (စက်တင်ဘာ ၂၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

တရုတ်အစိုးရရဲ့ ရန်လိုတဲ့လုပ်ရပ်တွေဟာ ဥပေဒစည်းမျဉ်းတွေကို အခြေခံတဲ့ နိုင်ငံတကာ အစီအစဉ်တွေကို ခြိမ်းခြောက်နေတယ်လို့ အမေရိကန်ဒုသမ္မတ Kamala Harris က ဂျပန်နိုင်ငံမှာ ပြောကြားလိုက်ပါတယ်။

ကမ္ဘာတလွှားက အမေရိကန်ရေတပ်အခြေစိုက်စခန်းတွေထဲမှာ အကြီးဆုံးဖြစ် တဲ့ Yokosuka ရေတပ်စခန်းမှာ ဆိုက်ကပ်ထားတဲ့ USS Howard ရေတပ်ဖျက် သင်္ဘောပေါ်မှာ အမေရိကန်စစ်မှုထမ်းတွေကို အမေရိကန်ဒုသမ္မတက ခုလိုပြောကြားခဲ့တာပါ။

“တရုတ်နိုင်ငံဟာ ပင်လယ်ရေကြောင်းလွတ်လပ်စွာသွားလာမှုကို ခြိမ်းခြောက်ပြီး အိမ်နီးချင်းတွေကို ခြိမ်းခြောက်အကြပ်ကိုင်ဖို့ သူ့စစ်ရေးနဲ့ စီးပွားရေးအင်အားကို အသုံးပြုနေပါတယ်။ အဲဒီ ဥပမာကို အရှေ့တရုတ်ပင်လယ်နဲ့ တောင် တရုတ်ပင်လယ်တွေမှာ မကြာသေးခင်က တွေ့ခဲ့ရသလို ထိုင်ဝမ် ရေလက်ကြားမှာလည်း ရန်လိုတဲ့အပြုအမူတွေ လုပ်ဆောင်နေပါတယ်” - လို့ ဒု သမ္မတ Harris က ပြောပါတယ်။

ဒုသမ္မတ Harris ဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း Shinzo Abe ရဲ့ နိုင်ငံတော်ဈာပနကို တတ်ရောက်ဖို့ ဂျပန်ကို ရောက်ရှိနေတာပါ။ ထိုင်ဝမ်ရေလက်ကြားအခြေအနေကို ပြန်ပုံဖော်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ တရုတ်ဘက်က ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ စစ်ရေးလှုပ်ရှားမှုတွေ ဒီ ရက်သီတင်းပတ်အတွင်း ပြုလုပ်နေပါတယ်။

ဒုသမ္မတရဲ့ အခု ဂျပန်ခရီးစဉ်မှာတော့ ဂျပန် တောင်ကိုရီးယားနဲ့ ဩစတြေးလျဝန်ကြီးချုပ်တွေနဲ့ ထိုင်ဝမ်အရေးကိစ္စ ပြောဆိုတာတွေရှိတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အကြီးတန်းအစိုးရတာဝန်ရှိသူတဦးက ပြောပါတယ်။ ဒုသမ္မတ Harris ဟာ မနက်ဖြန် ကြာသပတေးနေ့မှာတော့ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ပြီး တောင်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ စစ်မဲ့ဇုံကို သွားရောက်ဖို့ရှိပါတယ်။

တရုတ်လုပ်ရပ်ကို ကန်ဒုသမ္မတ ဝေဖန်.mp3
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

==========

[[Unicode]]







XS
SM
MD
LG