သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သတင္းလြတ္လပ္ခြင့္ အေျခအေန ျမန္မာတင္ျပမႈ ႏိုင္ငံတကာ သတင္းသမားေတြ လက္မခံ


ျပည္တြင္း သတင္းမီဒီယာ လြတ္လပ္လာမႈ ရွိမရွိ

[[Zawgyi/Unicode]]

ျမန္မာသတင္းမီဒီယာေကာင္စီ တင္ျပတဲ့ သတင္းလြတ္လပ္ခြင့္ရွိတယ္ဆိုတာကို ႏိုင္ငံတကာ သတင္းအဖြဲ႔ေတြက ႐ႈတ္ခ်လိုက္ပါတယ္။

ၾသဂုတ္လ ေနာက္ဆုံးပတ္က အေရွ႕တီေမာ (Timor-Leste) ႏိုင္ငံမွာ က်င္းပခဲ့တဲ့ သတင္းမီဒီယာကာင္စီေတြရဲ႕ ညီလာခံမွာ ျမန္မာႏိုင္ငံရဲ႕ သတင္းလြတ္လပ္ခြင့္အေျခအေနအေပၚ မွားယြင္းတဲ့ အေၾကာင္းအရာေတြကို စစ္ေကာင္စီဘက္က တင္ျပခဲ့တယ္ဆိုၿပီး အေရွ႕တီေမာႏိုင္ငံ သတင္းေကာင္စီရဲ႕ ရႈတ္ခ်တဲ့ ေၾကညာခ်က္ကို IFJ ႏိ္ုင္ငံတကာ သတင္းေထာက္မ်ား အဖြဲ႕ခ်ဳပ္က ႀကိဳဆိုလိုက္ပါတယ္။

တီေမာလက္စ္ေတႏိုင္ငံမွာ က်င္းပခဲ့တဲ့ ေရွ႕ေတာင္အာရွဆိုင္ရာ သတင္းမီဒီယာ ေကာင္စီမ်ားရဲ႕ Dili Dialogue Fourm (DDF) မွာ ျမန္မာႏိုုင္ငံ သတင္းမီဒီယာေကာင္စီကိုယ္စား ဦးေအးခ်မ္းက တက္ေရာက္ ရွင္းလင္းခဲ့ ပါတယ္။ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ ႏိုင္ငံတကာသတင္းေတြမွာေဖၚျပေနတဲ့ သတင္းတု သတင္းမွားေတြကို အခ်က္အလက္ေတြနဲ႔ ရွင္းလင္းခဲ့ၿပီး တက္ေရာက္လာသူေတြ အံအားသင့္ခဲ့တယ္လို႔လည္း ျမန္မာ့အလင္း သတင္းစာမွာ ေရးသားခဲ့ပါတယ္။ ဒီေဖၚျပခ်က္ကို အေရွ႕တီေမာႏိုင္ငံ သတင္းေကာင္စီကကန္႔ကြက္ခဲ့ၿပီး ေနာင္ေနာင္ စစ္ေကာင္စီခန္႔ထားတဲ့ သတင္းမီဒီယာေကာင္စီ ကိုယ္စားလွယ္ေတြကို အစည္းအေ၀းေတြမွာ ဖိတ္ၾကားေတာ့မွာ မဟုတ္ေတာ့တဲ့အေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ သတင္းမီဒီယာေကာင္စီအဖြဲ႔၀င္တ၀က္ ႏုတ္ထြက္ခဲ့တဲ့ အေျခအေနကို ဦးေအးခ်မ္းအေနနဲ႔ တင္ျပဖို႔ပ်က္ကြက္ခဲ့တယ္လို႔ IFJ ရဲ႕ ဒီကေန႔ ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖၚျပပါတယ္။

သတင္းေထာက္ေတြကို ဖမ္းဆီး၊ ႏွိပ္စက္တာ၊ ႐ုံးေတြ ပိတ္ပစ္တာ၊ ထုတ္ေဝခြင့္လိုင္စင္ ႐ုပ္သိမး္ခဲ့တာ စတဲ့ အေျခအေနေတြအေပၚ စိုးရိမ္တဲ့အေၾကာင္းလည္း ေၾကညာခ်က္မွာ ေဖၚျပပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီး ေနာက္ပိုင္း ျမန္မာႏိုင္ငံမွာ သတင္းသမား ၁၃၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရၿပီး အခုအထိ အက်ဥ္းေထာင္ထဲမွာ ၅၀ ေက်ာ္ ရွိေနေသးတယ္လို႔လည္း သတင္းေထာက္မ်ားကာကြယ္ေရးအဖြဲ႕ေတြက ေျပာဆိုေနပါတယ္။
#အေရွ႕တီေမာ #မီဒီယာေကာင္စီညီလာခံ #ဦးေအးခ်မ္း
===============

[[Unicode]]

သတင်းလွတ်လပ်ခွင့် အခြေအနေ မြန်မာတင်ပြမှု နိုင်ငံတကာ သတင်းသမားတွေ လက်မခံ

မြန်မာသတင်းမီဒီယာကောင်စီ တင်ပြတဲ့ သတင်းလွတ်လပ်ခွင့်ရှိတယ်ဆိုတာကို နိုင်ငံတကာ သတင်းအဖွဲ့တွေက ရှုတ်ချလိုက်ပါတယ်။

သြဂုတ်လ နောက်ဆုံးပတ်က အရှေ့တီမော (Timor-Leste) နိုင်ငံမှာ ကျင်းပခဲ့တဲ့ သတင်းမီဒီယာကာင်စီတွေရဲ့ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေအပေါ် မှားယွင်းတဲ့ အကြောင်းအရာတွေကို စစ်ကောင်စီဘက်က တင်ပြခဲ့တယ်ဆိုပြီး အရှေ့တီမောနိုင်ငံ သတင်းကောင်စီရဲ့ ရှုတ်ချတဲ့ ကြေညာချက်ကို IFJ နိုင်ငံတကာ သတင်းထောက်များ အဖွဲ့ချုပ်က ကြိုဆိုလိုက်ပါတယ်။

တီမောလက်စ်တေနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရှေ့တောင်အာရှဆိုင်ရာ သတင်းမီဒီယာ ကောင်စီများရဲ့ Dili Dialogue Fourm (DDF) မှာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကိုယ်စား ဦးအေးချမ်းက တက်ရောက် ရှင်းလင်းခဲ့ ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုင်ငံတကာသတင်းတွေမှာဖေါ်ပြနေတဲ့ သတင်းတု သတင်းမှားတွေကို အချက်အလက်တွေနဲ့ ရှင်းလင်းခဲ့ပြီး တက်ရောက်လာသူတွေ အံအားသင့်ခဲ့တယ်လို့လည်း မြန်မာ့အလင်း သတင်းစာမှာ ရေးသားခဲ့ပါတယ်။ ဒီဖေါ်ပြချက်ကို အရှေ့တီမောနိုင်ငံ သတင်းကောင်စီကကန့်ကွက်ခဲ့ပြီး နောင်နောင် စစ်ကောင်စီခန့်ထားတဲ့ သတင်းမီဒီယာကောင်စီ ကိုယ်စားလှယ်တွေကို အစည်းအဝေးတွေမှာ ဖိတ်ကြားတော့မှာ မဟုတ်တော့တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သတင်းမီဒီယာကောင်စီအဖွဲ့ဝင်တဝက် နုတ်ထွက်ခဲ့တဲ့ အခြေအနေကို ဦးအေးချမ်းအနေနဲ့ တင်ပြဖို့ပျက်ကွက်ခဲ့တယ်လို့ IFJ ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

သတင်းထောက်တွေကို ဖမ်းဆီး၊ နှိပ်စက်တာ၊ ရုံးတွေ ပိတ်ပစ်တာ၊ ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းခဲ့တာ စတဲ့ အခြေအနေတွေအပေါ် စိုးရိမ်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းသမား ၁၃၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အခုအထိ အကျဉ်းထောင်ထဲမှာ ၅၀ ကျော် ရှိနေသေးတယ်လို့လည်း သတင်းထောက်များကာကွယ်ရေးအဖွဲ့တွေက ပြောဆိုနေပါတယ်။
#အရှေ့တီမော #မီဒီယာကောင်စီညီလာခံ #ဦးအေးချမ်း
===============

XS
SM
MD
LG