သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့ဖျားစီးပွားရေးဖိုရမ် တက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားရောက်ရှိ


ရုရှားနိုင်ငံမှာကျင်းပတဲ့ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွါးရေးဖိုရမ်တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဗလာဒီမော့စတော့ခ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ်။ (သြဂုတ် ၄၊ ၂၀၂၂)
ရုရှားနိုင်ငံမှာကျင်းပတဲ့ (၇) ကြိမ်မြောက် အရှေ့ဖျားစီးပွါးရေးဖိုရမ်တက်ရောက်ဖို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ ဗလာဒီမော့စတော့ခ် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာစဉ်။ (သြဂုတ် ၄၊ ၂၀၂၂)

[Zawgyi/Unicode]]

ရုရှားနိုင်ငံမှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက် ဖို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်ပါတယ်။

ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာအပါအဝင် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်သွားမယ်လို့ ခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာ့အလင်း သတင်းစာ မှာ ရေးပါတယ်။ ခရီးစဉ်နဲ့ပတ်သက်လို့ တခြားအသေးစိတ်ကိုတော့ ဖေါ်ပြထားခြင်းမရှိပါဘူး။

အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ Kazakhstan နဲ့ တခြားနိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်မယ့် အစည်းအဝေးဖြစ်ပါတယ်။ အနောက်နိုင်ငံတွေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ တိုးပြီးခံနေရတဲ့ မြန်မာနဲ့ ရုရှားအကြား နည်းပညာနဲ့ စစ်ရေး ဆက်ဆံရေးတိုးမြှင့်နေချိန်မှာပဲ ဒီနှစ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို ဒုတိယအကြိမ်သွားရောက်တာပါ။

ဂျုလိုင်လတုန်းကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုရှားနိုင်ငံကို သွားရောက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနအရာရှိတချို့ကို တွေ့ဆုံခဲ့သလို ရုရှားနိုင်ငံပိုင် အာကာသ ကော်ပိုရေးရှင်းနဲ့ အနုမြူကော်ပိုရေးရှင်းက အရာရှိတွေကို တွေ့ဆုံခဲ့ပါတယ်။ သြဂုတ်လကုန်တုန်းကလည်း ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ရုရှားနိုင်ငံကိုသွားရောက်ခဲ့သလို ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov လည်း သြဂုတ်လ ပထပတ်အတွင်း နေပြည်တော်ကို လာရောက် ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ နိုင်ငံတည်ငြိမ်ရေးကြိုးပမ်းချက်တွေကို ရုရှားနိုင်ငံအနေနဲ့ ထောက်ခံတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီး Antony Blinen ကတော့ ရှေ့နှစ် စစ်ကောင်စီ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ နိုင်ငံတကာကို တောင်းဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]







XS
SM
MD
LG