သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဥေရာပမွာ ေနာက္ထပ္ ကိုဗစ္လႈိင္းဝင္ႏိုင္ေၾကာင္း ပညာရွင္ေတြသတိေပး 


FRANCE-VIRUS-HEALTH-ENVIRONMENT

[[Zawgyi/Unicode]]

ဥေရာပမွာေဆာင္းဝင္စျပဳလာၿပီး ရာသီဥတု ပိုေအးလာတာနဲ႔အမွ် COVID ကပ္ေရာဂါ ေနာက္ထပ္လႈိင္းႀကီးဝင္မယ့္အေျခအေန ျမင္ေနရတယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးေနပါတယ္။ ကိုဗစ္ကာကြယ္ေဆးေတြ ခနခန ထိုးေနရၿပီး ေဆးအမ်ိဳးအစားသစ္ေတြလည္း အမ်ိဳးမ်ိဳးျဖစ္လာတဲ့အခါ လူေတြက အားျဖည့္ကာကြယ္ေဆးမထိုးခ်င္ေတာ့တာကေန ကူးစက္ မႈေတြ ျပန္မ်ားလာမွာကိုလည္း ပညာရွင္ေတြက သတိေပးေနတာပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO စာရင္းအရ ကမာၻတဝန္း ကိုဗစ္ကူးစက္မႈႏႈန္း ဆက္လက္ က်ဆင္းေနတယ္ဆိုေပမယ့္ ဥေရာပသမဂၢႏိုင္ငံေတြမွာေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ကူးစက္မႈေပါင္း ၁ သန္းခြဲရွိခဲ့ၿပီး ဒါဟာ ဒီ့မတိုင္ခင္တပတ္ကထက္ ၈ % ပိုမ်ားလာတာလို႔ ေျပာပါတယ္။

ကိုဗစ္ေၾကာင့္ ေဆး႐ုံေရာက္လာသူဦးေရဟာလည္း ဥေရာပသမဂၢ ၂၇ ႏိုင္ငံနဲ႔ ၿဗိတိန္မွာ ၿပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း တိုးလာတယ္လို႔ WHO ကေျပာပါတယ္။ သီးျခားလြတ္ လပ္တဲ့ သိပၸံပညာရွင္မ်ားအဖြဲ႕ Gimbe (ဂ်င္ေဘ) စာရင္းအရ အီတလီႏိုင္ငံမွာ ၿပီးခဲ့တဲ့သီတင္းပတ္က ကိုဗစ္ေရာဂါလကၡဏာနဲ႔ ေဆး႐ုံေရာက္လာသူ ဦးေရ အရင္တပတ္နဲ႔ ႏႈိင္းယွဥ္ရင္ ၃၂ % တိုးလာၿပီး အထူးၾကပ္မတ္ေဆာင္ကိုေရာက္လာသူဦးေရကေတာ့ ၂၁ % တိုးလာတယ္လို႔ ဆိုပါတယ္။ အလားတူ ၿဗိတိန္မွာလည္း ၿပီးခဲ့တဲ့တပတ္က ကိုဗစ္ေၾကာင့္ ေဆး႐ုံေရာက္လာသူ ဦးေရဟာ ဒီ့အရင္တပတ္ကထက္ ၄၅ % တိုးလာတယ္လို႔ ေျပာပါတယ္။

ဒီႏွစ္ ေႏြရာသီမွာအျဖစ္မ်ားခဲ့တဲ့ အိုမီခ႐ြန္မ်ိဳးကြဲ BA.4 နဲ႔ BA.5 ကူးစက္မႈေတြကို ကာကြယ္ဖို႔ ႀကိဳးစားေနရဆဲအခ်ိန္မွာ ေနာက္ထပ္အိုမီခ႐ြန္ မ်ိဳးကြဲသစ္ေတြ ထပ္ျဖစ္လာေနတာပါ။ အိုမီခ႐ြန္ မ်ိဳးကြဲသစ္ရာနဲ႔ခ်ီရွိေနတာကို သိပၸံပညာရွင္ေတြက ေတြ႕ရွိထားတဲ့အေၾကာင္း WHO က လည္း ဒီသီတင္းပတ္ထဲမွာပဲ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဥရောပမှာ နောက်ထပ် ကိုဗစ်လှိုင်းဝင်နိုင်ကြောင်း ပညာရှင်တွေသတိပေး

ဥရောပမှာဆောင်းဝင်စပြုလာပြီး ရာသီဥတု ပိုအေးလာတာနဲ့အမျှ COVID ကပ်ရောဂါ နောက်ထပ်လှိုင်းကြီးဝင်မယ့်အခြေအနေ မြင်နေရတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးနေပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေ ခနခန ထိုးနေရပြီး ဆေးအမျိုးအစားသစ်တွေလည်း အမျိုးမျိုးဖြစ်လာတဲ့အခါ လူတွေက အားဖြည့်ကာကွယ်ဆေးမထိုးချင်တော့တာကနေ ကူးစက် မှုတွေ ပြန်များလာမှာကိုလည်း ပညာရှင်တွေက သတိပေးနေတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO စာရင်းအရ ကမ္ဘာတဝန်း ကိုဗစ်ကူးစက်မှုနှုန်း ဆက်လက် ကျဆင်းနေတယ်ဆိုပေမယ့် ဥရောပသမဂ္ဂနိုင်ငံတွေမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကူးစက်မှုပေါင်း ၁ သန်းခွဲရှိခဲ့ပြီး ဒါဟာ ဒီ့မတိုင်ခင်တပတ်ကထက် ၈ % ပိုများလာတာလို့ ပြောပါတယ်။

ကိုဗစ်ကြောင့် ဆေးရုံရောက်လာသူဦးရေဟာလည်း ဥရောပသမဂ္ဂ ၂၇ နိုင်ငံနဲ့ ဗြိတိန်မှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တိုးလာတယ်လို့ WHO ကပြောပါတယ်။ သီးခြားလွတ် လပ်တဲ့ သိပ္ပံပညာရှင်များအဖွဲ့ Gimbe (ဂျင်ဘေ) စာရင်းအရ အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်က ကိုဗစ်ရောဂါလက္ခဏာနဲ့ ဆေးရုံရောက်လာသူ ဦးရေ အရင်တပတ်နဲ့ နှိုင်းယှဉ်ရင် ၃၂ % တိုးလာပြီး အထူးကြပ်မတ်ဆောင်ကိုရောက်လာသူဦးရေကတော့ ၂၁ % တိုးလာတယ်လို့ ဆိုပါတယ်။ အလားတူ ဗြိတိန်မှာလည်း ပြီးခဲ့တဲ့တပတ်က ကိုဗစ်ကြောင့် ဆေးရုံရောက်လာသူ ဦးရေဟာ ဒီ့အရင်တပတ်ကထက် ၄၅ % တိုးလာတယ်လို့ ပြောပါတယ်။

ဒီနှစ် နွေရာသီမှာအဖြစ်များခဲ့တဲ့ အိုမီခရွန်မျိုးကွဲ BA.4 နဲ့ BA.5 ကူးစက်မှုတွေကို ကာကွယ်ဖို့ ကြိုးစားနေရဆဲအချိန်မှာ နောက်ထပ်အိုမီခရွန် မျိုးကွဲသစ်တွေ ထပ်ဖြစ်လာနေတာပါ။ အိုမီခရွန် မျိုးကွဲသစ်ရာနဲ့ချီရှိနေတာကို သိပ္ပံပညာရှင်တွေက တွေ့ရှိထားတဲ့အကြောင်း WHO က လည်း ဒီသီတင်းပတ်ထဲမှာပဲ သတိပေးထားပါတယ်။

XS
SM
MD
LG