သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးပါတီေတြ ႏိုင္ငံျခားအဖြဲ႔အစည္းေတြနဲ႔ ေတြ႔ခြင့္ ကန္႔သတ္ခ်က္ လက္ေတြ႔ မက် (ဦးကိုကိုႀကီး)


ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီး

[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံေရးပါတီေတြအေနနဲ႔ ႏိုင္ငံျခားတိုင္းျပည္ တခုခုက အဖြဲ႕အစည္း ဒါမွမဟုတ္ လူပုဂၢိဳလ္ေတြနဲ႔ ေတြ႕ဆုံဖို႔ရွိရင္ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ကို ႀကိဳတင္ တင္ျပခြင့္ျပဳခ်က္ယူရမယ္ဆိုတဲ့ ၫႊန္ၾကားခ်က္ဟာ လက္ေတြ႕မက်ဘူးလို႔ ျပည္သူ႕ပါတီ ဥကၠ႒ ဦးကိုကိုႀကီးက VOA ကို ေျပာပါတယ္။
သဘာ၀ မက်တဲ့ကန္႔သတ္ခ်က္ေတြေၾကာင့္ ႏိုင္ငံေရးပါတီေတြရဲ႕ ရပ္တည္လႈွပ္ရွားခြင့္အေပၚ ထိခိုက္ႏိုင္တယ္လို႔ တုံ႔ျပန္ ေျပာဆိုပါတယ္။ ဦးကိုကိုႀကီးကို ဦးသိန္းထိုက္ဦး ဆက္သြယ္ေမးျမန္းထားပါတယ္။

ဦးကိုကိုႀကီး။ ။ အဓိက-က ျပည္ပေငြေၾကးအေထာက္အပံ့ကို ရယူတယ္ဆိုရင္ ဒါ အေရးယူႏုိင္တယ္။ အဲဒီေတာ့ ဥပေဒအရေျပာရလို႔ရွိရင္ ေငြေၾကးအေထာက္အပံ့ေတြကို ပါတီတခုက ရယူထားတယ္ဆိုလို႔ရွိရင္၊ စစ္ေဆးေတြ႔ရွိလို႔ရွိရင္ ဒါ အေရးယူေပါ့။ ဒါက ဥပေဒပိုင္းဆုိင္ရာေပါ့။ ဆိုေတာ့ အခုဟာက ဥပေဒ နည္းဥပေဒလည္းမဟုတ္ဘူး။ ပါတီေတြကို စာပို႔တာ။ စာပို႔တာဆိုေတာ့ အေၾကာင္းၾကားစာေပါ့။ အဲဒီေတာ့ လက္ေတြ႔အရသာေျပာရရင္ သူ႔ရဲ႕စာသားအသုံးအႏႈန္းေတြက “ႏိုင္ငံျခားအဖြဲ႔အစည္းတခုခုနဲ႔ ေတြ႔ဆံုျခင္း” ဆိုေတာ့ ဥပမာ-ခင္ဗ်ားတို႔ ဗီြအိုေအဆိုရင္ ႏုိင္ငံျခားက အဖြဲ႔အစည္းတခုခုပဲေလ။ အဲဒီေတာ့ က်ေနာ္တို႔က မီဒီယာေတြနဲ႔ေတြ႔တာေရာ ဒီထဲမွာ အက်ဳံးဝင္သလား၊ ဥပမာ သံအမတ္ႀကီးတေယာက္ေယာက္က က်ေနာ့္ဆီကို ဖံုးဆက္မယ္၊ ဖံုးဆက္ၿပီဆိုရင္ က်ေနာ္က ဖံုးခ်ၿပီးေတာ့ “က်ေနာ္ UEC ကို ခြင့္ျပဳခ်က္ေတာင္းလိုက္အံုးမယ္” ဆိုၿပီး အေၾကာင္းျပန္ရမွာလား။

အဲဒီေတာ့ ေတြ႔ဆံုျခင္းနဲ႔ ႏိုင္ငံျခားအေထာက္အပံ့ရယူျခင္းနဲ႔က တျခားစီပဲ၊ မဆုိင္ဘူးလို႔ျမင္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ႏုိင္ငံတကာမွာလည္း ပါတီေတြနဲ႔ ဒီလိုပဲ ေတြ႔ဆံုတယ္၊ ေဆြးေႏြးတယ္ဆိုတာေတြက ရွိေနၾကတာပဲ။ ဒါေၾကာင့္မို႔လို႔ ဒီကိစၥက လက္ေတြ႔သေဘာအားျဖင့္ သဘာဝမက်ဘူးလို႔ က်ေနာ္က အဲလိုျမင္တယ္။ ဥပေဒ နည္းဥပေဒအရနဲ႔လည္း အက်ဳံးမဝင္ဘူးလို႔ပဲ ျမင္ပါတယ္။

ဦးသိန္းထုိက္ဦး။ ။ အဲဒီေတာ့ ဦးကိုကိုႀကီးတို႔အေနနဲ႔ ႏိုင္ငံျခားအဖြဲ႔အစည္းေတြ၊ ႏိုင္ငံျခားသတင္းဌာနေတြနဲ႔ ေတြ႔တာမ်ဳိးကိုေတာ့ ဆက္ၿပီးေတာ့ လုပ္သြားမယ္ ဆိုတဲ့သေဘာလားခင္ဗ်။

ဦးကိုကိုႀကီး။ ။ ဒါက က်ေနာ္တို႔က ျမန္မာႏုိင္ငံမွာ ပါတီစံုဒီမိုကေရစီစနစ္ကို အာမခံခ်က္ေပးထားတာက ၈၈ အာဏာသိမ္းကတည္းကစၿပီး လက္ရွိ ၂၀၀၈ ဖြဲ႔စည္းပံုအရလည္းပဲ အခုိင္အမာ အာမခံခ်က္ေပးထားေတာ့ ႏိုင္ငံေရးပါတီေတြရဲ႕ လႈပ္ရွားခြင့္-ေပါ့ေနာ္၊ သူတို႔ကို အားေကာင္း သန္စြမ္းေအာင္လုပ္ရမယ့္အခ်ိန္မွာေတာင္မွ အခုက ႏုိင္ငံေရးဆိုရင္ အယံုအၾကည္မရွိသေလာက္ကို ျဖစ္ေနတဲ့အခ်ိန္မွာ ျပည္တြင္းမွာက်န္ေနတဲ့ ႏုိင္ငံေရးပါတီေတြရဲ႕ လႈပ္ရွားခြင့္ကို သဘာဝမက်တဲ့ကန္႔သတ္မႈေတြလုပ္လာရင္ ႏုိင္ငံေရးပါတီေတြက ပိုပုိၿပီးေတာ့ ရပ္တည္ရတာ ခက္ခဲလာမယ္လို႔ က်ေနာ္ေတာ့ အဲဒီလိုပဲျမင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

==========

[[Unicode]]

နိုင်ငံရေးပါတီတွေ နိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ တွေ့ခွင့် ကန့်သတ်ချက် လက်တွေ့ မကျ (ဦးကိုကိုကြီး)

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပါတီတွေအနေနဲ့ နိုင်ငံခြားတိုင်းပြည် တခုခုက အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိရင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကြိုတင် တင်ပြခွင့်ပြုချက်ယူရမယ်ဆိုတဲ့ ညွှန်ကြားချက်ဟာ လက်တွေ့မကျဘူးလို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက VOA ကို ပြောပါတယ်။
သဘာ၀ မကျတဲ့ကန့်သတ်ချက်တွေကြောင့် နိုင်ငံရေးပါတီတွေရဲ့ ရပ်တည်လှုှပ်ရှားခွင့်အပေါ် ထိခိုက်နိုင်တယ်လို့ တုံ့ပြန် ပြောဆိုပါတယ်။ ဦးကိုကိုကြီးကို ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးကိုကိုကြီး။ ။ အဓိက-က ပြည်ပငွေကြေးအထောက်အပံ့ကို ရယူတယ်ဆိုရင် ဒါ အရေးယူနိုင်တယ်။ အဲဒီတော့ ဥပဒေအရပြောရလို့ရှိရင် ငွေကြေးအထောက်အပံ့တွေကို ပါတီတခုက ရယူထားတယ်ဆိုလို့ရှိရင်၊ စစ်ဆေးတွေ့ရှိလို့ရှိရင် ဒါ အရေးယူပေါ့။ ဒါက ဥပဒေပိုင်းဆိုင်ရာပေါ့။ ဆိုတော့ အခုဟာက ဥပဒေ နည်းဥပဒေလည်းမဟုတ်ဘူး။ ပါတီတွေကို စာပို့တာ။ စာပို့တာဆိုတော့ အကြောင်းကြားစာပေါ့။ အဲဒီတော့ လက်တွေ့အရသာပြောရရင် သူ့ရဲ့စာသားအသုံးအနှုန်းတွေက “နိုင်ငံခြားအဖွဲ့အစည်းတခုခုနဲ့ တွေ့ဆုံခြင်း” ဆိုတော့ ဥပမာ-ခင်ဗျားတို့ ဗွီအိုအေဆိုရင် နိုင်ငံခြားက အဖွဲ့အစည်းတခုခုပဲလေ။ အဲဒီတော့ ကျနော်တို့က မီဒီယာတွေနဲ့တွေ့တာရော ဒီထဲမှာ အကျုံးဝင်သလား၊ ဥပမာ သံအမတ်ကြီးတယောက်ယောက်က ကျနော့်ဆီကို ဖုံးဆက်မယ်၊ ဖုံးဆက်ပြီဆိုရင် ကျနော်က ဖုံးချပြီးတော့ “ကျနော် UEC ကို ခွင့်ပြုချက်တောင်းလိုက်အုံးမယ်” ဆိုပြီး အကြောင်းပြန်ရမှာလား။

အဲဒီတော့ တွေ့ဆုံခြင်းနဲ့ နိုင်ငံခြားအထောက်အပံ့ရယူခြင်းနဲ့က တခြားစီပဲ၊ မဆိုင်ဘူးလို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာလည်း ပါတီတွေနဲ့ ဒီလိုပဲ တွေ့ဆုံတယ်၊ ဆွေးနွေးတယ်ဆိုတာတွေက ရှိနေကြတာပဲ။ ဒါကြောင့်မို့လို့ ဒီကိစ္စက လက်တွေ့သဘောအားဖြင့် သဘာဝမကျဘူးလို့ ကျနော်က အဲလိုမြင်တယ်။ ဥပဒေ နည်းဥပဒေအရနဲ့လည်း အကျုံးမဝင်ဘူးလို့ပဲ မြင်ပါတယ်။

ဦးသိန်းထိုက်ဦး။ ။ အဲဒီတော့ ဦးကိုကိုကြီးတို့အနေနဲ့ နိုင်ငံခြားအဖွဲ့အစည်းတွေ၊ နိုင်ငံခြားသတင်းဌာနတွေနဲ့ တွေ့တာမျိုးကိုတော့ ဆက်ပြီးတော့ လုပ်သွားမယ် ဆိုတဲ့သဘောလားခင်ဗျ။

ဦးကိုကိုကြီး။ ။ ဒါက ကျနော်တို့က မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ကို အာမခံချက်ပေးထားတာက ၈၈ အာဏာသိမ်းကတည်းကစပြီး လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအရလည်းပဲ အခိုင်အမာ အာမခံချက်ပေးထားတော့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားခွင့်-ပေါ့နော်၊ သူတို့ကို အားကောင်း သန်စွမ်းအောင်လုပ်ရမယ့်အချိန်မှာတောင်မှ အခုက နိုင်ငံရေးဆိုရင် အယုံအကြည်မရှိသလောက်ကို ဖြစ်နေတဲ့အချိန်မှာ ပြည်တွင်းမှာကျန်နေတဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားခွင့်ကို သဘာဝမကျတဲ့ကန့်သတ်မှုတွေလုပ်လာရင် နိုင်ငံရေးပါတီတွေက ပိုပိုပြီးတော့ ရပ်တည်ရတာ ခက်ခဲလာမယ်လို့ ကျနော်တော့ အဲဒီလိုပဲမြင်ပါတယ်။

XS
SM
MD
LG