သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဗြီအိုေအေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္ အလုပ္နဲ႔ ေထာင္ ၃ ႏွစ္ခ်ခံရ 


ဗီြအိုေအ ပင္တုိင္ေဆာင္းပါးရွင္ စည္သူေအာင္ျမင့္

[[Zawgyi/Unicode]]

ဗြီအိုေအျမန္မာပိုင္းရဲ႕ ပင္တိုင္ေဆာင္းပါးရွင္တဦးျဖစ္သူ ဦးစည္သူေအာင္ျမင့္ကို တပ္မေတာ္ၿပိဳကြဲေအာင္ လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅-က နဲ႔တရားစြဲထားတဲ့အမႈအတြက္ အလုပ္နဲ႔ေထာင္ဒဏ္ ၃ ႏွစ္ခ်မွတ္လိုက္ပါတယ္။ ၅၀၅-က နဲ႔ေနာက္ထပ္တရားစြဲခံထားရတဲ့ အမႈအတြက္လည္း ေရွ႕သီတင္းပတ္ထဲ အၿပီးသတ္အမိန္႔ခ်ခံရဖို႔ရွိေနပါတယ္။ ေနာက္ဆံုးသိထားသမွ် ရန္ကုန္က ေပးပို႔တဲ့ သတင္းကို မအင္ၾကင္းႏိုင္က တင္ျပေပးထားပါတယ္။

ဗဟန္းၿမိဳ႕နယ္၊ ေ႐ႊဂုံ-ရိပ္မြန္အိမ္ယာ တိုက္ခန္းတခုမွာ ၂၀၂၁ ခုႏွစ္ ၾသဂုတ္လ ၁၅ ရက္က စစ္ေကာင္စီက ဧည့္စာရင္းဝင္စစ္ရာကေန ဖမ္းဆီးခံခဲ့ရတဲ့ ဗြီအိုေအျမန္မာပိုင္းရဲ႕ေဆာင္းပါးရွင္ ဦးစည္သူေအာင္ျမင့္ကို ဒီကေန႔ အင္းစိန္အက်ဥ္းေထာင္ထဲမွာရွိတဲ့ ပုဇြန္ေတာင္ၿမိဳ႕နယ္ အထူးတရား႐ုံးက ေထာင္ဒဏ္ခ်လိုက္တာျဖစ္ပါတယ္။ တပ္မေတာ္ၿပိဳကြဲေအာင္လႈံ႕ေဆာ္မႈ ပုဒ္မ ၅၀၅-က အမႈအတြက္ အလုပ္နဲ႔ေထာင္ ၃ ႏွစ္ခ်မွတ္ခဲ့တာလို႔ သူ႔ေရွ႕ေနကေျပာျပပါတယ္။ ဦးစည္သူေအာင္ျမင့္ကို ပုဒ္မ ၅၀၅-က နဲ႔ အမႈ ၂ ခုစြဲထားတာျဖစ္ၿပီး ဗဟန္းၿမိဳ႕နယ္မွာ တရားစြဲထားတဲ့ ေနာက္တမႈအတြက္လည္း ေရွ႕သီတင္းပတ္ ၾကာသပေတးေန႔မွာ အၿပီးသတ္ အမိန႔္ခ်မွတ္ဖြယ္ရွိေနတယ္လို႔ ေရွ႕ေနကေျပာပါတယ္။

“သူတို႔ဆီကိုတိုင္တန္းလာတဲ့ အတိုင္းစစ္ေဆးေပၚေပါက္တယ္ဆိုၿပီး အလုပ္နဲ႔ေထာင္ဒဏ္ ၃ ႏွစ္ခ်လိုက္တာပါ။ ဆရာကအယူခံတက္ေပးဖို႔ေျပာထားတယ္။ အဆင့္ျမင့္တရား႐ံုးေတြကိုေပါ့။ အယူခံအဆင့္ဆင့္တက္ေပးဖို႔ ေျပာထားပါတယ္။ ဗဟန္းၿမိဳ႕နယ္တရား႐ုံးကေတာ့လာမယ့္ ၾကာသပေတး ေနာက္တပတ္ကိုအမိန႔္ခ်ဖို႔ခ်ိန္းထားတယ္။ လာမယ့္ေသာၾကာ ၁၄ ရက္မွာက အေရွ႕ပိုင္းခ႐ိုင္တရား႐ုံး ဗိုလ္တေထာင္ ခ႐ိုင္႐ုံးကအမႈကေတာ့ ခံျပသက္ေသ စစ္ဖို႔ ခ်ိန္းထားပါတယ္။”

လူမႈမီဒီယာေပၚမွာ ဦးစည္သူေအာင္ျမင့္ေရးသားထားတဲ့ စာသားက ႏိုင္ငံေတာ္နဲ႔တပ္မေတာ္ ၿပိဳကြဲေအာင္လႈံ႔ေဆာ္ေရးသားမႈျဖစ္ေစခဲ့တယ္လို႔ စြပ္စြဲၿပီး တပ္မေတာ္ အၾကည္အညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅-က နဲ႔ ပုဇြန္ေတာင္ၿမိဳ႕နယ္နဲ႔ ဗဟန္းၿမိဳ႕နယ္မွာ အမႈ ၂ မႈနဲ႔ တရားစြဲခံရတာျဖစ္ပါတယ္။ ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေအာင္ျပဳလုပ္မႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၁၂၄ (က) နဲ႔လည္း တရားစြဲခံထားရပါတယ္။ ၅၀၅-က အမႈတခုအတြက္ စစ္ေကာင္စီက ေထာင္ခ်လိုက္ တဲ့အေပၚ သမီးျဖစ္သူကေတာ့ ဖခင္ျဖစ္သူက သတင္းသမားအလုပ္ကို လုပ္ခဲ့တာျဖစ္လို႔ သတင္းသမားတေယာက္အတြက္ စစ္မွန္တဲ့ တရားမွ်တမႈ ရခ်င္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။

“ဦးစည္သူေအာင္ျမင့္က သတင္းေလာကမွာ အၾကာႀကီး သတင္းေဆာင္းပါးေတြ၊ ႏိုင္ငံေရးသုံးသပ္တဲ့ေဆာင္းပါးေတြ ေရးခဲ့တာ ရွိပါတယ္။ ဒါေတြကလည္း သတင္းအခ်က္အလက္ကိုအေျခခံ ေရးခဲ့တာျဖစ္တယ္။သူ႔ရဲ႕ ပေရာ္ဖက္ရွင္နယ္တခုအေနနဲ႔ လုပ္ခဲ့တာျဖစ္တယ္။လုပ္ခဲ့တာၾကာၿပီ။ ဒါက အာဏာသိမ္းၿပီးမွေရးခဲ့တာလည္း မဟုတ္ဘူး။ ေခတ္အဆက္ဆက္ ေဝဖန္ ေရးေဆာင္းပါးေတြ ေရးခဲ့တာျဖစ္ပါတယ္။ သူက ဘာရာဇဝတ္မႈကိုမွ က်ဴးလြန္တာမဟုတ္ပါဘူး။ ဒီလိုျဖစ္တာကေတာ့ မတရားဘူးပဲ ေျပာရမွာေပါ့။ ဦးစည္သူေအာင္ျမင့္ရယ္မွမဟုတ္ဘူး။ ခုျမန္မာႏိုင္ငံမွာစာရင္းအရ သတင္းသမား ၁၀၀ ေက်ာ္ကိုဖမ္းဆီးၿပီး ဒီလိုစြပ္စြဲခ်က္အမ်ိဳးမ်ိဳးနဲ႔ တင္ထားတာေတြ႕ရတယ္။ ဒါက မတရားပါဘူး။ ဂ်ာနယ္လစ္အေနနဲ႔သတင္းေတြတင္ဆက္တာက ရာဇဝတ္မႈမဟုတ္ဘူးလို႔ပဲ ေျပာခ်င္ပါတယ္။”

ဦးစည္သူေအာင္ျမင့္ဟာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း VOA သတင္းဌာနနဲ႔ Frontier Myanmar သတင္းဌာနေတြကို တပ္မေတာ္နဲ႔ အိမ္ေစာင့္အစိုးရအေပၚ မတရား ေဝဖန္ဆန႔္က်င္တိုက္ခိုက္တဲ့ သတင္းေဆာင္းပါးေတြ ေရးသားေပးပို႔တဲ့အတြက္ ဖမ္းဆီးထိန္းသိမ္းလိုက္တာျဖစ္တယ္လို႔ စစ္ေကာင္စီက စြပ္စြဲထားပါတယ္။ ဗြီအိုေအ ျမန္မာပိုင္းဌာနမႉး ဦးသန္းလြင္ထြန္းကေတာ့ ဗြီအိုေအအတြက္ ဦးစည္သူေအာင္ျမင့္ ေရးသားေပးပို႔တဲ့သတင္းေဆာင္းပါးေတြဟာ အခ်က္အလက္အေျခခံ ေရးသားထားတာေတြပဲျဖစ္ၿပီး ဗြီအိုေအကို သတင္းေဆာင္းပါး ေရးသားေပးပို႔လို႔ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ဖမ္းတယ္ဆိုရင္ေတာ့ သတင္းသမား တေယာက္ကို မတရားဖမ္းဆီးတာပဲ ျဖစ္တယ္လို႔ တံု႔ျပန္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္းကတည္းက ျပည္တြင္း မီဒီယာ ၁၀ ခုေက်ာ္ကို တရားဝင္ ထုတ္ေဝခြင့္ပိတ္သိမ္းခဲ့သလို သတင္းသမားေတြကို ဖမ္းဆီးတာ၊ တရားစြဲတာေတြ ျပဳလုပ္ခဲ့ပါတယ္။ သတင္းသမား အေယာက္ ၁၀၀ နီးပါး ဖမ္းဆီးထိန္းသိမ္းခံထားရၿပီး ေနာက္ထပ္ သတင္းသမားတခ်ိဳ႕ပါ ထပ္မံ ဖမ္းဆီးအေရးယူခံေနရဆဲပဲလို႔ သတင္းလြတ္လပ္ခြင့္ ကာကြယ္ေရးအဖြဲ႔ေတြနဲ႔ လူ႔အခြင့္အေရး အဖြဲ႔‌ေတြက ေျပာဆိုထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ သတင္းသမားေတြ အဖမ္းခံရတဲ့အေရအတြက္နဲ႔ ပတ္သက္လို႔ ဝန္ခံတာ၊ အတည္ျပဳခ်က္ တစုံတရာေပးတာမ်ိဳး မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ဗွီအိုအေဆောင်းပါးရှင် ဦးစည်သူအောင်မြင့် အလုပ်နဲ့ ထောင် ၃ နှစ်ချခံရ

ဗွီအိုအေမြန်မာပိုင်းရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ဦးစည်သူအောင်မြင့်ကို တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့တရားစွဲထားတဲ့အမှုအတွက် အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။ ၅၀၅-က နဲ့နောက်ထပ်တရားစွဲခံထားရတဲ့ အမှုအတွက်လည်း ရှေ့သီတင်းပတ်ထဲ အပြီးသတ်အမိန့်ချခံရဖို့ရှိနေပါတယ်။ နောက်ဆုံးသိထားသမျှ ရန်ကုန်က ပေးပို့တဲ့ သတင်းကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဗဟန်းမြို့နယ်၊ ရွှေဂုံ-ရိပ်မွန်အိမ်ယာ တိုက်ခန်းတခုမှာ ၂၀၂၁ ခုနှစ် သြဂုတ်လ ၁၅ ရက်က စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ရာကနေ ဖမ်းဆီးခံခဲ့ရတဲ့ ဗွီအိုအေမြန်မာပိုင်းရဲ့ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်ကို ဒီကနေ့ အင်းစိန်အကျဉ်းထောင်ထဲမှာရှိတဲ့ ပုဇွန်တောင်မြို့နယ် အထူးတရားရုံးက ထောင်ဒဏ်ချလိုက်တာဖြစ်ပါတယ်။ တပ်မတော်ပြိုကွဲအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က အမှုအတွက် အလုပ်နဲ့ထောင် ၃ နှစ်ချမှတ်ခဲ့တာလို့ သူ့ရှေ့နေကပြောပြပါတယ်။ ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၅၀၅-က နဲ့ အမှု ၂ ခုစွဲထားတာဖြစ်ပြီး ဗဟန်းမြို့နယ်မှာ တရားစွဲထားတဲ့ နောက်တမှုအတွက်လည်း ရှေ့သီတင်းပတ် ကြာသပတေးနေ့မှာ အပြီးသတ် အမိန့်ချမှတ်ဖွယ်ရှိနေတယ်လို့ ရှေ့နေကပြောပါတယ်။

“သူတို့ဆီကိုတိုင်တန်းလာတဲ့ အတိုင်းစစ်ဆေးပေါ်ပေါက်တယ်ဆိုပြီး အလုပ်နဲ့ထောင်ဒဏ် ၃ နှစ်ချလိုက်တာပါ။ ဆရာကအယူခံတက်ပေးဖို့ပြောထားတယ်။ အဆင့်မြင့်တရားရုံးတွေကိုပေါ့။ အယူခံအဆင့်ဆင့်တက်ပေးဖို့ ပြောထားပါတယ်။ ဗဟန်းမြို့နယ်တရားရုံးကတော့လာမယ့် ကြာသပတေး နောက်တပတ်ကိုအမိန့်ချဖို့ချိန်းထားတယ်။ လာမယ့်သောကြာ ၁၄ ရက်မှာက အရှေ့ပိုင်းခရိုင်တရားရုံး ဗိုလ်တထောင် ခရိုင်ရုံးကအမှုကတော့ ခံပြသက်သေ စစ်ဖို့ ချိန်းထားပါတယ်။”

လူမှုမီဒီယာပေါ်မှာ ဦးစည်သူအောင်မြင့်ရေးသားထားတဲ့ စာသားက နိုင်ငံတော်နဲ့တပ်မတော် ပြိုကွဲအောင်လှုံ့ဆော်ရေးသားမှုဖြစ်စေခဲ့တယ်လို့ စွပ်စွဲပြီး တပ်မတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅-က နဲ့ ပုဇွန်တောင်မြို့နယ်နဲ့ ဗဟန်းမြို့နယ်မှာ အမှု ၂ မှုနဲ့ တရားစွဲခံရတာဖြစ်ပါတယ်။ နိုင်ငံတော် အကြည်ညိုပျက်အောင်ပြုလုပ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၂၄ (က) နဲ့လည်း တရားစွဲခံထားရပါတယ်။ ၅၀၅-က အမှုတခုအတွက် စစ်ကောင်စီက ထောင်ချလိုက် တဲ့အပေါ် သမီးဖြစ်သူကတော့ ဖခင်ဖြစ်သူက သတင်းသမားအလုပ်ကို လုပ်ခဲ့တာဖြစ်လို့ သတင်းသမားတယောက်အတွက် စစ်မှန်တဲ့ တရားမျှတမှု ရချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဦးစည်သူအောင်မြင့်က သတင်းလောကမှာ အကြာကြီး သတင်းဆောင်းပါးတွေ၊ နိုင်ငံရေးသုံးသပ်တဲ့ဆောင်းပါးတွေ ရေးခဲ့တာ ရှိပါတယ်။ ဒါတွေကလည်း သတင်းအချက်အလက်ကိုအခြေခံ ရေးခဲ့တာဖြစ်တယ်။သူ့ရဲ့ ပရော်ဖက်ရှင်နယ်တခုအနေနဲ့ လုပ်ခဲ့တာဖြစ်တယ်။လုပ်ခဲ့တာကြာပြီ။ ဒါက အာဏာသိမ်းပြီးမှရေးခဲ့တာလည်း မဟုတ်ဘူး။ ခေတ်အဆက်ဆက် ဝေဖန် ရေးဆောင်းပါးတွေ ရေးခဲ့တာဖြစ်ပါတယ်။ သူက ဘာရာဇဝတ်မှုကိုမှ ကျူးလွန်တာမဟုတ်ပါဘူး။ ဒီလိုဖြစ်တာကတော့ မတရားဘူးပဲ ပြောရမှာပေါ့။ ဦးစည်သူအောင်မြင့်ရယ်မှမဟုတ်ဘူး။ ခုမြန်မာနိုင်ငံမှာစာရင်းအရ သတင်းသမား ၁၀၀ ကျော်ကိုဖမ်းဆီးပြီး ဒီလိုစွပ်စွဲချက်အမျိုးမျိုးနဲ့ တင်ထားတာတွေ့ရတယ်။ ဒါက မတရားပါဘူး။ ဂျာနယ်လစ်အနေနဲ့သတင်းတွေတင်ဆက်တာက ရာဇဝတ်မှုမဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။”

ဦးစည်သူအောင်မြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း VOA သတင်းဌာနနဲ့ Frontier Myanmar သတင်းဌာနတွေကို တပ်မတော်နဲ့ အိမ်စောင့်အစိုးရအပေါ် မတရား ဝေဖန်ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းဆောင်းပါးတွေ ရေးသားပေးပို့တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းကတော့ ဗွီအိုအေအတွက် ဦးစည်သူအောင်မြင့် ရေးသားပေးပို့တဲ့သတင်းဆောင်းပါးတွေဟာ အချက်အလက်အခြေခံ ရေးသားထားတာတွေပဲဖြစ်ပြီး ဗွီအိုအေကို သတင်းဆောင်းပါး ရေးသားပေးပို့လို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတယ်ဆိုရင်တော့ သတင်းသမား တယောက်ကို မတရားဖမ်းဆီးတာပဲ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်း မီဒီယာ ၁၀ ခုကျော်ကို တရားဝင် ထုတ်ဝေခွင့်ပိတ်သိမ်းခဲ့သလို သတင်းသမားတွေကို ဖမ်းဆီးတာ၊ တရားစွဲတာတွေ ပြုလုပ်ခဲ့ပါတယ်။ သတင်းသမား အယောက် ၁၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး နောက်ထပ် သတင်းသမားတချို့ပါ ထပ်မံ ဖမ်းဆီးအရေးယူခံနေရဆဲပဲလို့ သတင်းလွတ်လပ်ခွင့် ကာကွယ်ရေးအဖွဲ့တွေနဲ့ လူ့အခွင့်အရေး အဖွဲ့‌တွေက ပြောဆိုထားပါတယ်။ စစ်ကောင်စီဘက်ကတော့ သတင်းသမားတွေ အဖမ်းခံရတဲ့အရေအတွက်နဲ့ ပတ်သက်လို့ ဝန်ခံတာ၊ အတည်ပြုချက် တစုံတရာပေးတာမျိုး မရှိပါဘူး။

XS
SM
MD
LG