သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးကြယ္လြန္


ၾသဂုတ္လ ၇ ရက္ေန႔က ႐ုတ္တရက္ကြယ္လြန္သြားသူ တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးသန႔္ေဖ

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးမ်ိဳးသန႔္ေဖဟာ တ႐ုတ္အေနာက္ေတာင္ပိုင္းက ကူမင္းၿမိဳ႕မွာ တနဂၤေႏြေန႔က ႐ုတ္တရက္ ကြယ္လြန္သြားတယ္လို႔ ေဘဂ်င္းသံတမန္အသိုင္းဝိုင္းကေျပာသလို စစ္ေကာင္စီသတင္းမီဒီယာ နာေရးေၾကာ္ျငာမွာပါ ေဖၚျပထားပါတယ္။

ျမန္မာႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ တနလၤာေန႔ နာေရးသတင္းမွာေတာ့ ၾသဂုတ္လ ၇ ရက္ေန႔မွာ ႐ုတ္တရက္ ကြယ္လြန္ ေၾကာင္းသာေဖၚျပထားၿပီး ဘာေၾကာင့္ေသဆုံးတယ္ဆိုတာကိုေတာ့ အတိအက် ေဖၚျပမထားပါဘူး။ ေဘဂ်င္းသံတမန္အသိုင္းဝိုင္းနဲ႔ တ႐ုတ္ဘာသာနဲ႔ထုတ္ျပန္တဲ့ ျမန္မာသတင္းေတြမွာေတာ့ သံအမတ္ႀကီးဟာ ႏွလုံးေရာဂါနဲ႔ ေသဆုံးတာျဖစ္ႏိုင္တယ္လို႔ ဆိုပါတယ္။

ဦးမ်ိဳးသန႔္ေဖကို ျမန္မာနဲ႔ကပ္ရက္ တ႐ုတ္ပိုင္ယူနန္နယ္မွာ ေဒသတာဝန္ခံေတြနဲ႔ စေနေန႔ေတြ႕ဆုံပြဲမွာ ေနာက္ဆုံးေတြ႕ခဲ့တာလို႔ ေဒသသတင္းေတြမွာ ေဖၚျပပါတယ္။ ဒီသတင္းနဲ႔ပတ္သက္ၿပီး တ႐ုတ္မွာရွိတဲ့ ျမန္မာသံ႐ုံးက ဘာမွ တုံ႔ျပန္ေျပာဆိုတာ မရွိေသးပါဘူး။

ဦးမ်ိဳးသန႔္ေဖဟာ တ႐ုတ္ဆိုင္ရာ ျမန္မာသံ႐ုံး သံအမတ္ႀကီးအျဖစ္ ၂၀၁၉ မွာ ခန႔္အပ္ခံခဲ့ရၿပီး ၂၀၂၁ ေဖေဖၚဝါရီ စစ္တပ္အာဏာသိမ္းၿပီးတဲ့ ေနာက္မွာလည္း ဆက္လက္ တာဝန္ထမ္းေဆာင္ေနတာ ျဖစ္ပါတယ္။

သူဟာ တ႐ုတ္ႏိုင္ငံဆိုင္ရာ သံအမတ္ေတြထဲမွာ လြန္ခဲ့တဲ့ႏွစ္ထဲမွာတင္ ေလးေယာက္ေျမာက္ တ႐ုတ္ႏိုင္ငံတြင္း ေသဆုံးရသူ ျဖစ္ပါတယ္။ အသက္ ၅၄ ႏွစ္အ႐ြယ္ ဂ်ာမနီသံအမတ္ႀကီး Jan Hecker ဟာ ေဘဂ်င္းမွာ တာဝန္က်ၿပီး သီတင္း ၂ ပတ္မျပည့္ခင္ စက္တင္ဘာလတုန္းက ေသဆုံးခဲ့ရသလို ေဖေဖၚဝါရီလတုန္းက ယူကရိန္းသံအမတ္ Serhiy Kamyshev နဲ႔ ဧၿပီလမွာ ဖိလစ္ပိုင္သံအမတ္ Jose Santiago "Chito" Sta. Romana တို႔ ကြယ္လြန္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကွယ်လွန်

တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေဟာ တရုတ်အနောက်တောင်ပိုင်းက ကူမင်းမြို့မှာ တနင်္ဂနွေနေ့က ရုတ်တရက် ကွယ်လွန်သွားတယ်လို့ ဘေဂျင်းသံတမန်အသိုင်းဝိုင်းကပြောသလို စစ်ကောင်စီသတင်းမီဒီယာ နာရေးကြော်ငြာမှာပါ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ တနင်္လာနေ့ နာရေးသတင်းမှာတော့ သြဂုတ်လ ၇ ရက်နေ့မှာ ရုတ်တရက် ကွယ်လွန် ကြောင်းသာဖေါ်ပြထားပြီး ဘာကြောင့်သေဆုံးတယ်ဆိုတာကိုတော့ အတိအကျ ဖေါ်ပြမထားပါဘူး။ ဘေဂျင်းသံတမန်အသိုင်းဝိုင်းနဲ့ တရုတ်ဘာသာနဲ့ထုတ်ပြန်တဲ့ မြန်မာသတင်းတွေမှာတော့ သံအမတ်ကြီးဟာ နှလုံးရောဂါနဲ့ သေဆုံးတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဦးမျိုးသန့်ဖေကို မြန်မာနဲ့ကပ်ရက် တရုတ်ပိုင်ယူနန်နယ်မှာ ဒေသတာဝန်ခံတွေနဲ့ စနေနေ့တွေ့ဆုံပွဲမှာ နောက်ဆုံးတွေ့ခဲ့တာလို့ ဒေသသတင်းတွေမှာ ဖေါ်ပြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး တရုတ်မှာရှိတဲ့ မြန်မာသံရုံးက ဘာမှ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဦးမျိုးသန့်ဖေဟာ တရုတ်ဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီးအဖြစ် ၂၀၁၉ မှာ ခန့်အပ်ခံခဲ့ရပြီး ၂၀၂၁ ဖေဖေါ်ဝါရီ စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်မှာလည်း ဆက်လက် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

သူဟာ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်တွေထဲမှာ လွန်ခဲ့တဲ့နှစ်ထဲမှာတင် လေးယောက်မြောက် တရုတ်နိုင်ငံတွင်း သေဆုံးရသူ ဖြစ်ပါတယ်။ အသက် ၅၄ နှစ်အရွယ် ဂျာမနီသံအမတ်ကြီး Jan Hecker ဟာ ဘေဂျင်းမှာ တာဝန်ကျပြီး သီတင်း ၂ ပတ်မပြည့်ခင် စက်တင်ဘာလတုန်းက သေဆုံးခဲ့ရသလို ဖေဖေါ်ဝါရီလတုန်းက ယူကရိန်းသံအမတ် Serhiy Kamyshev နဲ့ ဧပြီလမှာ ဖိလစ်ပိုင်သံအမတ် Jose Santiago "Chito" Sta. Romana တို့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG