[[Zawgyi/Unicode]]
အခုရက္ပိုင္းအတြင္း NUG/PDF ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြရဲ႕ လက္နက္ေတြကို သိမ္းဆည္းရမိတယ္လို႔ စစ္ေကာင္စီဖက္က ေၾကညာတာေတြ မမွန္ကန္ဘဲ သူတို႔ဘက္ကရႈံးနိမ့္မႈကို ဖုံးကြယ္ဖို႔ ဝါဒျဖန႔္ခ်ီတာျဖစ္တယ္လို႔ NUG ကာကြယ္ေရးဝန္ႀကီးက ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စု NDAA ဥပေဒအရ အကူအညီေတြရရွိဖို႔ကိုေတာ့ ERO တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ ပူးတြဲညႇိႏိႈင္းသြားမယ္လို႔လည္း ေျပာပါတယ္။ NUG ကာကြယ္ေရးဝန္ႀကီး ဦးရည္မြန္ကို ကိုသားၫြန႔္ဦးဆက္သြယ္ေမးျမန္းထားပါတယ္။
ေမး။ ။ ဦးရည္မြန္ခင္ဗ်။ တေလာတုန္းက TNLA နယ္ေျမေပါ့ေနာ္၊ ကုန္းသာဘက္မွာ ျမန္မာစစ္တပ္က PDF စခန္းကို လက္နက္တုိက္ကို ဝင္တုိက္တယ္လို႔ ေၾကညာတယ္၊ လက္နက္ေတြမိတယ္ဆိုၿပီးေတာ့ ေျပာပါတယ္ခင္ဗ်။ အဲဒါ ဘယ္ေလာက္အထိ မွန္ကန္မႈရွိပါသလဲ။
ေျဖ။ ။ ဟုတ္ကဲ့၊ အဲဒါ သတင္းအမွားလို႔ပဲ က်ေနာ္တို႔ေျပာရမယ္။ အထူးသျဖင့္ သတင္းမွားဆိုတာထက္ကို သတင္းလိမ္ေပါ့။ လုပ္ႀကံသတင္းလိမ္တခုပါ။ TNLA နယ္ေျမကို ေျပာမယ္ဆိုရင္ စစ္ေကာင္စီက မိုက္မိုက္မဲမဲကို ... ေႂကြးေၾကာ္ခဲ့တာ။ စစ္ေကာင္စီအတြက္ အရွက္တကြဲ အက်ဳိးနည္းျဖစ္ခဲ့ရတဲ့တိုက္ပြဲတခုလို႔ ေျပာရမွာပါ။ တကယ္တန္းေျပာမယ္ဆိုရင္ အဲဒီစစ္ပြဲမွာ PDF လက္နက္ပစၥည္းမ်ား တစံုတရာ ဆံုး႐ံႈးခဲ့တာ မရွိပါဘူး။ ေသခ်ာတာကေတာ့ စစ္ေကာင္စီတပ္ေတြပဲ ရာဂဏန္း ထိခုိက္ေသဆံုးခဲ့တာရွိမယ္။ တခ်ဳိ႕ကို လက္ရ သံု႔ပန္းအျဖစ္ က်ေနာ္တို႔ဖမ္းမိတာေတြရွိမယ္။ စစ္ေကာင္စီရဲ႕ ရဟတ္ယာဥ္တခ်ဳိ႕ က်ေနာ္တို႔ ထိခုိက္ခဲ့တာေတြ ရွိလိမ့္မယ္။ စစ္ေကာင္စီရဲ႕လက္နက္ပစၥည္းေတြလည္း လက္ရဖမ္းဆီးရမိခဲ့တာရွိတယ္။ အဲဒီေတာ့ ဒီတုိက္ပြဲကို ျပန္ၾကည့္ရင္ အၾကမ္းဖက္စစ္ေခါင္းေဆာင္ေတြ ဘယ္ေလာက္ သူတို႔ရဲ႕စစ္ေရးပညာနိမ့္ပါးေနသလဲဆိုတာကို ေဖာ္ျပလုိက္တယ္လို႔ပဲက်ေနာ္က ျမင္ပါတယ္။ အဲဒီေတာ့ သူတို႔ရဲ႕ လက္ေအာက္ငယ္သားေတြရဲ႕အသက္ေပါ့...ဒါကို သူတို႔က လံုးဝမငဲ့ကြက္ဘဲနဲ႔ အတင့္ရဲၿပီးေတာ့ စစ္ခင္းတဲ့အခါမွာ အရွက္တကြဲ အက်ဳိးနည္းျဖစ္ခဲ့ရတယ္။ အဲဒါကို ဖံုးကြယ္ဖို႔ PDF လက္နက္ပစၥည္းေတြ သူတို႔သိမ္းပိုက္ရရွိတယ္ဆိုတာမ်ဳိး သတင္းလိမ္တပုဒ္နဲ႔ ဝါဒျဖန္႔တယ္လို႔ပဲ ေျပာရပါမယ္။
ေမး။ ။ က်ေနာ္ တဆက္တည္းေမးခ်င္တာက အေမရိကန္က အမ်ဳိးသားကာကြယ္ေရးဥပေဒေပါ့ေနာ္-NDAA ျပဌာန္းလုိက္ပါတယ္။ ျမန္မာႏုိင္ငံနဲ႔ပတ္သက္လို႔ အခ်က္ေတြ ထည့္သြင္းပါတယ္။ အဲဒီမွာ ျမန္မာႏုိင္ငံနဲ႔ပတ္သက္ၿပီးေတာ့ ERO ေတြလည္းပါတယ္။ အဓိက PDF ေတြေပါ့ေနာ္။ Non-lethal assistance - လက္နက္မဟုတ္တဲ့ အကူညီအေထာက္အပံ့ေတြ ေပးသြားမယ္ဆိုတာ အတိအက်ေဖာ္ျပထားပါတယ္။ ဒီဥပေဒကလည္း မၾကာခင္မွာ သမၼတလက္မွတ္ထိုးၿပီးေတာ့ အတည္ျဖစ္ေတာ့မွာပါ။ အဲဒီေတာ့ NDAA နဲ႔ပတ္သက္လို႔ ဘယ္ေလာက္အထိ ေမွ်ာ္မွန္းထားလဲ။ အကူအညီေတြ ဘယ္ေလာက္ထိ ရမယ္လို႔ ေမွ်ာ္လင့္ထားပါသလဲ။
ေျဖ။ ။ ဒီဥပေဒမွာ က်ေနာ္တို႔သိရသေလာက္ေတာ့ PDF နဲ႔ ERO မ်ားကို ႏွစ္ခု ကူညီမယ္ေပါ့ဗ်ာ။ တခုကေတာ့ technical support -နည္းပညာဆိုင္ရာ အကူအညီေတြေပးႏုိင္တယ္။ ဒုတိယအကူအညီက Non-lethal assistance - လက္နက္မဟုတ္တဲ့ ပစၥည္းေတြ အကူအညီေပးႏုိင္တယ္လို႔ က်ေနာ္တို႔နားလည္ရပါတယ္။ အဲဒီေတာ့ လက္ေတြ႔မွာကေတာ့ ဘယ္လိုအကူအညီမ်ဳိးေတြရမလဲဆိုတာကေတာ့ လိုအပ္တဲ့ဆက္သြယ္ညွိႏႈိင္းမႈေတြေတာ့ လုပ္ရဖို႔ ရွိပါလိမ့္မယ္။ က်ေနာ္တို႔ ကာကြယ္ေရးဝန္ႀကီးဌာနအေနနဲ႔ကလည္း လိုအပ္တဲ့ျပင္ဆင္မႈတခ်ဳိ႕ေတာ့ စလုပ္ေနပါၿပီ။ technical support နဲ႔ပတ္သက္ရင္ က်ေနာ္တို႔ ဘာေတြလုိအပ္သလဲ။ Non-lethal assistance နဲ႔ပတ္သက္ရင္ေရာ က်ေနာ္တို႔ ဘာေတြရခ်င္သလဲ၊ ဒါေတြကို က်ေနာ္တို႔ ေဖာ္ထုတ္သြားဖို႔ရွိတယ္။ ၿပီးရင္ က်ေနာ္တို႔ရဲ႕ မဟာမိတ္ ERO မ်ားနဲ႔လည္း ညွိႏိႈင္းမႈေတြ ဆက္ၿပီးေတာ့ လုပ္ရဖို႔ရွိလိမ့္မယ္။ ေနာက္ဆက္တြဲအေနနဲ႔မွ က်ေနာ္တို႔ဒီအကူအညီေတြလက္ေတြ႔ရရွိႏိုင္ၿပီဆိုတာကေတာ့
ဆက္ၿပီးေတာ့ အစီအစဥ္ခ်ၿပီးေတာ့ ေဆာင္ရြက္သြားရမယ့္ကိစၥလို႔ က်ေနာ္တို႔ နားလည္ပါတယ္။
ေမး။ ။ ဟုတ္ကဲ့၊ အဲဒါ အေမရိကန္အစိုးရ၊ အေမရိကန္အာဏာပိုင္ေတြနဲ႔ တိုက္႐ိုက္ခ်ိတ္ဆက္ၿပီးေတာ့ လုပ္ႏုိင္မလားခင္ဗ်။
ေျဖ။ ။ ဟုတ္ကဲ့၊ ဒီလိုလုပ္ႏိုင္မယ့္အေနအထားမ်ဳိး NUG မွာရွိပါတယ္။ အထူးသျဖင့္ ႏွစ္ႏုိင္ငံဆက္ဆံေရးအတြက္ တာဝန္ယူထားတာကေတာ့ အဓိကအားျဖင့္ NUG မွာ NUG ရဲ႕ ႏုိင္ငံျခားေရးဝန္ႀကီးဌာနက လိုအပ္တဲ့ညွိႏႈိင္းမႈေတြ ဆက္ၿပီးေတာ့ ေဆာင္ရြက္သြားဖို႔ရွိပါတယ္။
ကိုသားညြန္႔ဦး။ ။ ဟုတ္ကဲ့၊ဦးရည္မြန္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ခင္ဗ်။
PDF ျပည္သူ႔ကာကြယ္ေရးတပ္ေတြကို ဘယ္လို စုဆည္း ထိန္းေက်ာင္းမလဲ၊ တဘက္မွာ က်င့္ဝတ္နဲ႔မညီတာေတြကို ဘယ္လိုအေရးယူမလဲ၊ PDF တပ္ေတြနဲ႔ တိုင္းရင္းသားအဖြဲ႕အစည္းေတြနဲ႔ ဘယ္ေလာက္ဆက္စပ္ႏိုင္ၿပီလဲ ဆိုတာေတြအေပၚ NUG ကာကြယ္ေရးဝန္ႀကီးနဲ႔ဆက္သြယ္ေမးျမန္းခ်က္အေသးစိတ္ကိုေတာ့ လာမယ့္စေနေန႔ သီတင္းပတ္စဥ္႐ုပ္သံအစီအစဥ္မွာ ေစာင့္ေမွ်ာ္နားဆင္ႏိုင္ပါတယ္။
========================
[[Unicode]]
ကန်ရဲ့ NDAA အကူအညီ NUG ဘယ်လောက်မျှော်လင့်ထားလဲ
အခုရက်ပိုင်းအတွင်း NUG/PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ လက်နက်တွေကို သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီဖက်က ကြေညာတာတွေ မမှန်ကန်ဘဲ သူတို့ဘက်ကရှုံးနိမ့်မှုကို ဖုံးကွယ်ဖို့ ဝါဒဖြန့်ချီတာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု NDAA ဥပဒေအရ အကူအညီတွေရရှိဖို့ကိုတော့ ERO တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးတွဲညှိနှိုင်းသွားမယ်လို့လည်း ပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို ကိုသားညွန့်ဦးဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ ဦးရည်မွန်ခင်ဗျ။ တလောတုန်းက TNLA နယ်မြေပေါ့နော်၊ ကုန်းသာဘက်မှာ မြန်မာစစ်တပ်က PDF စခန်းကို လက်နက်တိုက်ကို ဝင်တိုက်တယ်လို့ ကြေညာတယ်၊ လက်နက်တွေမိတယ်ဆိုပြီးတော့ ပြောပါတယ်ခင်ဗျ။ အဲဒါ ဘယ်လောက်အထိ မှန်ကန်မှုရှိပါသလဲ။
ဖြေ။ ။ ဟုတ်ကဲ့၊ အဲဒါ သတင်းအမှားလို့ပဲ ကျနော်တို့ပြောရမယ်။ အထူးသဖြင့် သတင်းမှားဆိုတာထက်ကို သတင်းလိမ်ပေါ့။ လုပ်ကြံသတင်းလိမ်တခုပါ။ TNLA နယ်မြေကို ပြောမယ်ဆိုရင် စစ်ကောင်စီက မိုက်မိုက်မဲမဲကို..... ကြွေးကြော်ခဲ့တာ။ စစ်ကောင်စီအတွက် အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတဲ့တိုက်ပွဲတခုလို့ ပြောရမှာပါ။ တကယ်တန်းပြောမယ်ဆိုရင် အဲဒီစစ်ပွဲမှာ PDF လက်နက်ပစ္စည်းများ တစုံတရာ ဆုံးရှုံးခဲ့တာ မရှိပါဘူး။ သေချာတာကတော့ စစ်ကောင်စီတပ်တွေပဲ ရာဂဏန်း ထိခိုက်သေဆုံးခဲ့တာရှိမယ်။ တချို့ကို လက်ရ သုံ့ပန်းအဖြစ် ကျနော်တို့ဖမ်းမိတာတွေရှိမယ်။ စစ်ကောင်စီရဲ့ ရဟတ်ယာဉ်တချို့ ကျနော်တို့ ထိခိုက်ခဲ့တာတွေ ရှိလိမ့်မယ်။ စစ်ကောင်စီရဲ့လက်နက်ပစ္စည်းတွေလည်း လက်ရဖမ်းဆီးရမိခဲ့တာရှိတယ်။ အဲဒီတော့ ဒီတိုက်ပွဲကို ပြန်ကြည့်ရင် အကြမ်းဖက်စစ်ခေါင်းဆောင်တွေ ဘယ်လောက် သူတို့ရဲ့စစ်ရေးပညာနိမ့်ပါးနေသလဲဆိုတာကို ဖော်ပြလိုက်တယ်လို့ပဲကျနော်က မြင်ပါတယ်။ အဲဒီတော့ သူတို့ရဲ့ လက်အောက်ငယ်သားတွေရဲ့အသက်ပေါ့...ဒါကို သူတို့က လုံးဝမငဲ့ကွက်ဘဲနဲ့ အတင့်ရဲပြီးတော့ စစ်ခင်းတဲ့အခါမှာ အရှက်တကွဲ အကျိုးနည်းဖြစ်ခဲ့ရတယ်။ အဲဒါကို ဖုံးကွယ်ဖို့ PDF လက်နက်ပစ္စည်းတွေ သူတို့သိမ်းပိုက်ရရှိတယ်ဆိုတာမျိုး သတင်းလိမ်တပုဒ်နဲ့ ဝါဒဖြန့်တယ်လို့ပဲ ပြောရပါမယ်။
မေး။ ။ ကျနော် တဆက်တည်းမေးချင်တာက အမေရိကန်က အမျိုးသားကာကွယ်ရေးဥပဒေပေါ့နော်-NDAA ပြဌာန်းလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အချက်တွေ ထည့်သွင်းပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ ERO တွေလည်းပါတယ်။ အဓိက PDF တွေပေါ့နော်။ Non-lethal assistance - လက်နက်မဟုတ်တဲ့ အကူညီအထောက်အပံ့တွေ ပေးသွားမယ်ဆိုတာ အတိအကျဖော်ပြထားပါတယ်။ ဒီဥပဒေကလည်း မကြာခင်မှာ သမ္မတလက်မှတ်ထိုးပြီးတော့ အတည်ဖြစ်တော့မှာပါ။ အဲဒီတော့ NDAA နဲ့ပတ်သက်လို့ ဘယ်လောက်အထိ မျှော်မှန်းထားလဲ။ အကူအညီတွေ ဘယ်လောက်ထိ ရမယ်လို့ မျှော်လင့်ထားပါသလဲ။
ဖြေ။ ။ ဒီဥပဒေမှာ ကျနော်တို့သိရသလောက်တော့ PDF နဲ့ ERO များကို နှစ်ခု ကူညီမယ်ပေါ့ဗျာ။ တခုကတော့ technical support -နည်းပညာဆိုင်ရာ အကူအညီတွေပေးနိုင်တယ်။ ဒုတိယအကူအညီက Non-lethal assistance - လက်နက်မဟုတ်တဲ့ ပစ္စည်းတွေ အကူအညီပေးနိုင်တယ်လို့ ကျနော်တို့နားလည်ရပါတယ်။ အဲဒီတော့ လက်တွေ့မှာကတော့ ဘယ်လိုအကူအညီမျိုးတွေရမလဲဆိုတာကတော့ လိုအပ်တဲ့ဆက်သွယ်ညှိနှိုင်းမှုတွေတော့ လုပ်ရဖို့ ရှိပါလိမ့်မယ်။ ကျနော်တို့ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ကလည်း လိုအပ်တဲ့ပြင်ဆင်မှုတချို့တော့ စလုပ်နေပါပြီ။ technical support နဲ့ပတ်သက်ရင် ကျနော်တို့ ဘာတွေလိုအပ်သလဲ။ Non-lethal assistance နဲ့ပတ်သက်ရင်ရော ကျနော်တို့ ဘာတွေရချင်သလဲ၊ ဒါတွေကို ကျနော်တို့ ဖော်ထုတ်သွားဖို့ရှိတယ်။ ပြီးရင် ကျနော်တို့ရဲ့ မဟာမိတ် ERO များနဲ့လည်း ညှိနှိုင်းမှုတွေ ဆက်ပြီးတော့ လုပ်ရဖို့ရှိလိမ့်မယ်။ နောက်ဆက်တွဲအနေနဲ့မှ ကျနော်တို့ဒီအကူအညီတွေလက်တွေ့ရရှိနိုင်ပြီဆိုတာကတော့
ဆက်ပြီးတော့ အစီအစဉ်ချပြီးတော့ ဆောင်ရွက်သွားရမယ့်ကိစ္စလို့ ကျနော်တို့ နားလည်ပါတယ်။
မေး။ ။ ဟုတ်ကဲ့၊ အဲဒါ အမေရိကန်အစိုးရ၊ အမေရိကန်အာဏာပိုင်တွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ လုပ်နိုင်မလားခင်ဗျ။
ဖြေ။ ။ ဟုတ်ကဲ့၊ ဒီလိုလုပ်နိုင်မယ့်အနေအထားမျိုး NUG မှာရှိပါတယ်။ အထူးသဖြင့် နှစ်နိုင်ငံဆက်ဆံရေးအတွက် တာဝန်ယူထားတာကတော့ အဓိကအားဖြင့် NUG မှာ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက လိုအပ်တဲ့ညှိနှိုင်းမှုတွေ ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ရှိပါတယ်။
ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့၊ဦးရည်မွန် ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။
PDF ပြည်သူ့ကာကွယ်ရေးတပ်တွေကို ဘယ်လို စုဆည်း ထိန်းကျောင်းမလဲ၊ တဘက်မှာ ကျင့်ဝတ်နဲ့မညီတာတွေကို ဘယ်လိုအရေးယူမလဲ၊ PDF တပ်တွေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ဘယ်လောက်ဆက်စပ်နိုင်ပြီလဲ ဆိုတာတွေအပေါ် NUG ကာကွယ်ရေးဝန်ကြီးနဲ့ဆက်သွယ်မေးမြန်းချက်အသေးစိတ်ကိုတော့ လာမယ့်စနေနေ့ သီတင်းပတ်စဉ်ရုပ်သံအစီအစဉ်မှာ စောင့်မျှော်နားဆင်နိုင်ပါတယ်။
========================