တချိန်က မြန်မာနိုင်ငံနဲ့ အဆက်ဖြတ်ထားတဲ့ နိုင်ငံတကာ ဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ အခုအခါ ပြန်လည် ထိတွေ့ဆက်ဆံ လာနေရာမှာ အခုနောက်ဆုံး ရုံးခွဲတွေ ဖွင့်လှစ်ပြီး ငွေရေးကြေးရေး အကူအညီတွေ ပေးဖို့အထိ ပြင်ဆင်လာကြပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ကျားကန်ပြီး လူထု အကျိုးကျေးဇူး ခံစားရစေဖို့ ရည်ရွယ်ပြီး ကူညီမယ့် အစီအစဉ်တွေကြောင့် နှစ်ပေါင်းများစွာ ကျဆင်းနေတဲ့ စီးပွားရေး အခြေအနေတွေ တိုးတက်လာဖို့ကိုလည်း လုပ်ငန်းရှင်တွေ မျှော်လင့် နေကြတာပါ။
နိုင်ငံတကာ အဖွဲ့အစည်းတွေ မြန်မာနိုင်ငံနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံလာကြတဲ့ အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး အပြောင်းအလဲတွေ အပေါ် တုန့်ပြန်တဲ့ အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အဆက်အဆံ လုပ်လာရာမှာ ဘဏ္ဍာရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေလည်း ပါဝင်လာကြတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ဆိုရင်လည်း အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေနဲ့ စီးပွားရေး အားကောင်း လာစေမယ့် အစီအစဉ်တွေမှာ အကူအညီပေးoGm;ဖို့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့ မြန်မာနိုင်ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်လာတဲ့ အထိပါ။
မြန်မာနိုင်ငံက ပေးစရာ ကျန်နေတဲ့ ကြွေးဟောင်းတွေ ပြန်ဆပ်နိုင်ဖို့နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် အထောက်အပံ့ အဖြစ်နဲ့ ဒေါ်လာ ၈၅ သန်း စပြီး ထုတ်ချေးမယ့် အကြောင်းကိုလည်း ရန်ကုန်မြို့က ရုံးဖွင့်ပွဲ အခန်းအနားမှာ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုဥက္ကဋ္ဌ ပမ်မဲလာ ကော့စ် (Pamela Cox) က ကြေညာ လိုက်ပါတယ်။
“ဘုတ်အဖွဲ့နဲ့ အစုရှယ်ယာဝင်တွေရဲ့ အတည်ပြုချက်နဲ့ ဒေါ်လာ ၈၅ သန်းအထိ ထောက်ပံ့သွားဖို့ ကျမတို့ ပြင်ဆင်နေပါတယ်။ အခြေခံလူမှု အသိုင်းအဝိုင်းရဲ့အားနဲ့ အကောင်အထည်ဖော်မယ့် အစီအစဉ်တွေကတဆင့် အစိုးရရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေမှာ စီမံကိန်းတွေကနေ စတင်လာရာက အောက်ခြေလူထု သေချာပေါက် အကျိုးခံစားရအောင် ဆောင်ရွက် သွားမှာပါ။”
ကမ္ဘာ့စီးပွားရေး နယ်ပယ်နဲ့ ကာလကြာရှည် အဆက်ပြတ်နေခဲ့တဲ့ အရှေ့အာရှ ဒေသက အဆင်းရဲဆုံး တိုင်းပြည်တခုက လူထုကို အကူအညီ ပေးသွားမှာ ဖြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုဥက္ကဋ္ဌ ကပြောပါတယ်။ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး ကမ္ဘာ့ဘဏ်ရဲ့ အကြီးတန်း အရာရှိ တဦးအဖြစ် မြန်မာအစိုးရရဲ့ အကြီးအကဲ သမ္မတ ဦးသိန်းစိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ သာမက စီးပွားရေး အသိုင်းအဝိုင်းက လူပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် ကမ္ဘာ့ဘဏ်က ဆောင်ရွက် ပေးနိုင်မယ့် ကိစ္စကို ဆွေးနွေးခဲ့တာပါ။
နိုင်ငံတကာနဲ့ ဒေသတွင်းက ဘဏ္ဍာရေး အဖွဲ့အစည်းတွေ အခုလို ပြန်လည် ထိတွေ့ ဆက်ဆံလာတဲ့ အတွက် တိုင်းပြည် စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုတွေမှာ သိသိသာသာ အထောက်အကူ ဖြစ်လာမယ်လို့ မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ (အငြိမ်းစား) ဦးသန်းလွင် ကသုံးသပ်ပါတယ်။
“အထူးသဖြင့် ကောင်းတာကတော့ ကမ္ဘာ့ဘဏ်တို့ ADB တို့ဆိုတဲ့ အဖွဲ့အစည်းတွေက ကျနော်တို့ မြန်မာနိုင်ငံကလည်း အဆင်းရဲဆုံး least developed နိုင်ငံဆိုတော့ သူတို့က ဘယ်နည်းနဲ့မဆို အတိုးနှုန်း သက်သာတဲ့ နှစ်ရှည် ချေးငွေတွေ ချေးပေးမှာ သေချာတယ်။ နှစ်ရှည် ဆိုတာကတော့ နှစ် ၅၀ ကို ခွဲပြီးတော့ ပြန်ဆပ်ရတာမျိုးပေါ့။ ဝန်မပိဘူးပေါ့။ တနှစ်တနှစ် နည်းနည်းနဲ့ ဆပ်သွားတာဆိုတော့။ အဲဒီလို ချေးငွေမျိုးကတော့ ကျနော်တို့အတွက် အကျိုးရှိပါတယ်။ ဒါမျိုးတွေ ပေးဖို့ရှိတယ်။ နောက်တခုက Grants အကူအညီတွေပေါ့။ ကမ္ဘာ့ဘဏ်ကနေ ကိစ္စဝိစ္စတွေ ပြီးသွားလို့ ရှိရင်တော့ ထောက်ပံ့ငွေတွေ သန်း ၈၀ လောက် ပေးမယ် ဆိုတာလေ။ ဒါတွေကလည်း မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့ ကိစ္စတို့ ဘာတို့ ဆောင်ရွက်ပေးဖို့ ရှိတယ်လေ”
ကမ္ဘာ့ဘဏ်ကတော့ မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှုနဲ့ စီးပွားရေး အခြေအနေတွေကို နားလည် သဘောပေါက်နိုင်အောင် လေ့လာနေပြီး အထူးသဖြင့် ခေတ်နောက်ကျနေတဲ့ ဘဏ္ဍာရေး စနစ်နဲ့ စီးပွားရေးမှာ အားကောင်းလာအောင် အကူအညီ ပေးသွားမယ်လို့ ပြောပါတယ်။ အားနည်းနေဆဲ ပုဂ္ဂလိက ကဏ္ဍနဲ့ မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း လုပ်ကိုင်နေတဲ့ လယ်ယာ ကဏ္ဍမှာ ဖွံ့ဖြိုးလာစေဖို့ ဘဏ္ဍာရေး အထောက်အပံ့တွေ အပါအဝင် အကူအညီတွေ ပေးအပ်ဖို့ ရည်ရွယ် ထားတယ်လို့လည်း ကမ္ဘာ့ဘဏ် လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) ရဲ့ အာရှနဲ့ ပစိဖိတ်ရေးရာ ဒုဥက္ကဋ္ဌ ကာရင် ဖန်ကယ်လ်စတန် (Karin Finkelston) က ပြောပါတယ်။
“ပထမအဆင့် အနေနဲ့ ကျမတို့လုပ်ဖို့ ကြိုးစားမယ့် ကိစ္စတခုကတော့ ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေး အခင်းအကျင်းကို ကြည့်မှာပါ။ ဒီအထဲမှာ ပုဂ္ဂလိက ကဏ္ဍက ရင်းနှီးမြုပ်နှံနိုင်မယ့် အခြေခံ လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့၊ အစိုးရနဲ့ ပုဂ္ဂလိက ကဏ္ဍကြား ဆွေးနွေး ပြောဆိုမှုတွေ ပါမှာပါ။ ဒုတိယ အနေနဲ့ကတော့ ကမ္ဘာ့ဘဏ်နဲ့ အနီးကပ် လက်တွဲပြီး စီးပွားရေး လုပ်ငန်းတွေမှာ ငွေပင်ငွေရင်းတွေ ရနိုင်အောင် ဘဏ္ဍာရေး ကဏ္ဍမှာ ဆောင်ရွက်သွားဖို့ ဖြစ်ပါတယ်။ ဘဏ်လုပ်ငန်းတွေနဲ့ အသေးစား ငွေချေး လုပ်ငန်းတွေမှာ ပံ့ပိုးဖို့လည်း လိုပါတယ်။”
ဘဏ္ဍာရေး ကဏ္ဍမှာ ရေရှည်ခံမယ့် ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်လာအောင် စွမ်းရည် တည်ဆောက်ရေးနဲ့ လုပ်ထုံးလုပ်နည်းတွေမှာ စနစ်တကျဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေတာကို ဖြည့်ဆည်းပေးဖို့နဲ့ ရေရှည် အလုပ်အကိုင်တွေ ဖန်တီးနိုင်အောင် စွမ်းအင်၊ ရေနဲ့ သယ်ယူ ပို့ဆောင်ရေးတို့လို အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေမှာ ကူညီမယ်လို့လည်း သူကပြောပါတယ်။ ကမ္ဘာ့ဘဏ် အရာရှိ ကော့စ် ကတော့ ရှေ့လာမယ့် ၁၈ လအတွင်း မြန်မာနိုင်ငံမှာ အစိုးရရဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ အပေါ် မူတည်ပြီး နောက်ထပ် ဘဏ္ဍာရေး အကူအညီတွေ တိုးပေးသင့် မသင့်ကိုလည်း စဉ်းစားသွားမှာ ဖြစ်တယ်လို့ ပြောခဲ့တာပါ။ ဒီနေရာမှာ အစိုးရ အနေနဲ့ ဘဏ္ဍာရေး ရသုံးမှန်းချေ စနစ်တရပ် ထားရှိဖို့၊ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေ အတွက် အခြေခံ အဆောက်အအုံ လိုအပ်ချက်တွေ တည်ဆောက်တာလို အစီအစဉ်တွေ လုပ်ဆောင်ဖို့ လိုတယ်လို့လည်း သတိပေး သွားပါတယ်။ မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ဘဏ်ကို ပေးစရာရှိနေတဲ့ ကြွေးမြီဒေါ်လာ ၃၉၇ သန်းကို ပြန်ဆပ်နိုင်တဲ့ အခါမှာတော့ ဆင်းရဲတဲ့ တိုင်းပြည်တွေကို အကူအညီ ပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်း IDA ကနေ အတိုးမဲ့ ငွေချေးနိုင်မယ့် အခွင့်အလန်းလည်း ရှိနေတယ်လို့ ကမ္ဘာ့ဘဏ် အရာရှိ ကော့စ် က ပြောပါတယ်။
“ကမ္ဘာ့ဘဏ်ကို ပေးစရာ ရှိနေတဲ့ ကြွေးဟောင်းတွေကို အရင်ရှင်းဖို့ လိုပါတယ်။ အတိုးနည်း ချေးငွေအဖြစ် ပေးထားတဲ့ ကြွေးဟောင်းမှာ ၁၉၉၇ ခုနှစ်ကတည်းက ပြန်မဆပ်တဲ့ အတိုးနဲ့ပါ ပေါင်းမယ်ဆိုရင် ဒေါ်လာသန်း ၄၀၀ နီးပါးတောင် ရှိပါတယ်။”
၁၉၈၇ ခုနှစ်ကစလို့ နောက်ထပ် ချေးငွေတွေ မရတော့တဲ့ မြန်မာနိုင်ငံဟာ ၁၉၉၇ ခုနှစ်ကစပြီး ကမ္ဘာ့ဘဏ်ကို အတိုးရော အရင်းပါ မဆပ်ပဲ ထားခဲ့ရာက ပေးစရာတွေ ပိုများလာတာလည်း ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်အပြင် အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ကိုလည်း မြန်မာနိုင်ငံက ပေးစရာ အကြွေး ဒေါ်လာသန်း ၅၀၀ ရှိနေတာပါ။ ဒီလို အဖွဲ့အစည်းတွေ ဆီကအပြင်၊ မြန်မာအစိုးရ အနေနဲ့ နိုင်ငံတခုချင်းမှာ အကြွေးယူထားတဲ့ သဘောတူညီချက်ပေါင်း ၂၀၀ လောက် ကျော်လောက် ရှိနေတာမို့ တင်နေတဲ့ အကြွေးတွေကို ဆပ်နိုင်အောင် အခုအခါ ကမ္ဘာ့ဘဏ်က ပြန်ပြီး ကူညီသွားမယ် ဆိုပေမဲ့လည်း ပေးစရာ ရှိတာတွေကို မယူပဲ နေမှာတော့ မဟုတ်ဘူးလို့ ကမ္ဘာ့ဘဏ် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဒုဥက္ကဋ္ဌ ကော့စ် ကခပ်ရှင်းရှင်း ပြောသွားခဲ့တာပါ။
“မြန်မာနိုင်ငံက ပေးစရာရှိတဲ့ အကြွေးတွေကို လျှော်လိုက်တာမျိုး မဟုတ်ဘူး ဆိုတာကိုလည်း ကျမအနေနဲ့ အလေးထား ပြောချင်ပါတယ်။ ပေးဖို့ကျန်နေတဲ့ အတိုးတွေကို အရင်ရှင်းပြီး၊ ကမ္ဘာ့ဘဏ်နဲ့ ADB တို့ကို ပေးရမယ့် အကြွေးတွေ တဖြည်းဖြည်းချင်း ပြန်ဆပ်နိုင်ဖို့ လုပ်တာပါ။”
မြန်မာနိုင်ငံ တင်နေတဲ့ အကြွေးတွေကို ရှေ့နှစ်ဆန်း ဇန်နဝါရီလောက် နောက်ဆုံးထား ဖြေရှင်းသွားနိုင်မယ်လို့ မျှော်လင့်ထားပြီး၊ ဒီလို ဆောင်ရွက်နိုင်ဖို့ ဒေသတွင်းက ဘဏ္ဍာရေး အဖွဲ့အစည်း တခုဖြစ်တဲ့ ADB နဲ့လည်း လက်တွဲ ကူညီသွားမယ့် အကြောင်း ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ Cox က ပြောခဲ့တာပါ။ မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌဟောင်း ဦးသန်းလွင် ကတော့ ကြွေးရှင် နိုင်ငံတွေရဲ့ ပံ့ပိုးမှုတွေနဲ့ မြန်မာနိုင်ငံက ရလာနိုင်တဲ့ ဝင်ငွေတွေကနေ အကြွေးပြဿနာကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်တဲ့ အကြောင်း ပြောပါတယ်။
“ကြွေးရှင်တွေ ဘာတွေပေါ့၊ ဂျာမဏီရှိမယ်၊ ဂျပန်ရှိမယ်၊ ကမ္ဘာ့ဘဏ်တို့ အီတလီတို့ စသဖြင့်ပေါ့လေ နိုင်ငံပေါင်းစုံက အဖွဲ့အစည်းတွေကနေ မြန်မာနိုင်ငံ အနေနဲ့ ဓာတ်ငွေ့ကနေ အနာဂတ်မှာ ရလာမယ့် ပိုက်ဆံတွေနဲ့ ခွဲဆပ်သွားမယ်၊ ဝိုင်းပြီး ပေးကြပါ ဆိုရင်လည်း ဖြစ်တာပဲ။ ဒါပေမဲ့ ကျနော့် အတွေ့အကြုံ အရကတော့ တချိန်တုန်းက ဗီယက်နမ် အကြွေး ကိစ္စတုန်းကလည်း ဆွီဒင်တို့၊ နော်ဝေးတို့ကနေ ကြားခံပြီးတော့ ဆပ်ပေးတာပေါ့လေ။ နောက်ပိုင်းတော့ တချို့တဝက်ကို သူတို့ လျှော်ပစ်လိုက်တာပဲ။ ဆိုတော့ ခုနပြောတဲ့ ဓာတ်ငွေ့က ရတဲ့ငွေကလည်း အလားအလာ ကောင်းတာကိုး၊ နောက်ထပ် တွေ့မယ့် ဟာတွေလည်း ရှိသေးတယ်ဆိုတော့ ဒါကို ကျောထောက်နောက်ခံ ပြုပြီးတော့ ကျနော်ထင်တယ် ပြေလည်ဖို့ အလားအလာ များပါတယ်။ သိပ်ပြဿနာ ရှိမယ် မထင်ပါဘူး။ မြန်မာနိုင်ငံရဲ့ အလားအလာကလည်း တော်တော်လေး ကောင်းတာကိုး။”
ဘဏ္ဍာရေးနဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ အမြောက်အများ ပေးအပ်နေတဲ့ ဂျပန်နိုင်ငံ ကတော့ မြန်မာနိုင်ငံရဲ့ ပြည်ပကြွေးမြီတွေကို ရှင်းသွားနိုင်ဖို့ ကြားဝင် ဖြေရှင်းနိုင်မယ့် အစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် မကြာသေးခင်တုန်းကပဲ ဒေါ်လာသန်း ၉၀၀ ငွေချေးဖို့ ကြေညာထားတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်အရ ဂျပန်ဘဏ်တွေကနေ ကမ္ဘာ့ဘဏ်နဲ့ ADB တို့ကို ပေးရမယ့် အကြွေးတွေကို ဆပ်နိုင်အောင် ယာယီ ငွေထုတ်ချေး သွားမှာပါ။ မြန်မာနိုင်ငံအတွက် အကြီးမားဆုံး အလှူရှင် နိုင်ငံတခု အဖြစ်နဲ့လည်း မြန်မာနိုင်ငံက ဂျပန်နိုင်ငံကို ပေးစရာ ရှိနေတဲ့ ဒေါ်လာသန်းပေါင်း ၃,၇၀၀ နီးပါးကိုလည်း လျှော်ပေးဖို့ ပြီးခဲ့တဲ့ ဧပြီလထဲမှာပဲ ဂျပန်နိုင်ငံက ကြေညာထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

ပထမအဆင့် အနေနဲ့ ကျမတို့လုပ်ဖို့ ကြိုးစားမယ့် ကိစ္စတခုကတော့ ရင်းနှီးမြုပ်နှံမှုနဲ့ စီးပွားရေး အခင်းအကျင်းကို ကြည့်မှာပါ ...Karin Finkelston - IFC ...