သုံးရလွယ်ကူစေသည့် Link များ

site logo
နောက်ဆုံးရသတင်း

စစ်မြေပြင်သုံးစက်ရုပ်နဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ စိုးရိမ်မှု


သားတွေရဲ့ ပါဝင်ပတ်သက်မှု မရှိသလောက်၊ ဒါမှမဟုတ်လည်း လုံးဝပါဝင်ခြင်းမလိုအပ်တဲ့ အသိဉာဏ်ရှိပြီး အလိုအလျောက် လိုရာကို ခိုင်းလို့ရတဲ့ စက်ပစ္စည်းဆိုင်ရာ နည်းပညာတွေဟာ အလျင်အမြန် တိုးတက်လာနေတာပါ။ စစ်ပွဲတွေမှာ လည်း မောင်းသူမဲ့လေယာဉ်တွေ၊ နောက် လူမပါပဲ မောင်းလို့ရတဲ့ တခြားယာဉ်တွေကို ပိုပြီး အသုံးချလာကြတာကြောင့် ကနေ့ခေတ် တိုက်ပွဲတွေဟာ ပိုမိုလုံခြုံပြီး ထိရောက်မှုရှိတယ်လို့ စစ်တပ်တွေက လက်ခံ အသုံးပြုလာနေကြတာပါ။ ဒါပေမယ့် လူသားတွေရဲ့ ပါဝင်ပတ်သက်မှု လုံးဝမပါပဲ စက်တွေကချည်းပဲ အလိုလို ပစ်မှတ် ကို ရွေးချယ် ပစ်ခတ်တဲ့ အဖြစ်မျိုး ရောက်လာမှာကိုလူ့အခွင့်အ ရေး လှုပ်ရှားသူတွေက စိုးရိမ်နေကြပြီး အဲဒီလို ဖြစ်လာမယ့် အရေးက ဟန့်တားနိုင်အောင် ကမ္ဘာလုံးဆိုင် ရာ သဘောတူညီ ချက်တခု ရနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Selah Hannessyလန်ဒန်မြို့ က ပေးပို့ထားတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

XS
SM
MD
LG