အရပ်ဖက်လူ့အဖွဲ့အစည်း နိုင်ငံတကာဆွေးနွေးပွဲ
အစိုးရတွေရဲ့ တာဝန်ခံမှုကို ဖိအားပေးနိုင်ဖို့နဲ့ ပြည်သူတွေရဲ့ နေ့စဉ်ဘ၀ အခက်အခဲတွေကို ဖြေရှင်းရေးအတွက် အရပ်ဖက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့က မခင်လေးက မနေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာအရပ်ဖက် လူ့အဖွဲ့အစည်း ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲမှာ ပြောဆိုပါတယ်။ ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မကျင်းပခင် တရက်အလို၊ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ သမ္မတအိုဘားမားက နိုင်ငံတကာ အရပ်ဖက် လူ့အဖွဲ့အစည်း အထောက်အကူပေးရေး တိုးမြှင့်လုပ်ဆောင်ဖို့ အဆင့်မြင့် ဆွေးနွေးပွဲတရပ်ကို တာဝန်ယူ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၆ မတ်၊ ၂၀၂၅ဂျာမဏီ အကောင်းဆုံး ရတနာပြတိုက် “နော်သဇင်ရဲ့ Vlog”
-
၁၆ မတ်၊ ၂၀၂၅Fulbright ပညာတော်သင်တွေရဲ့ အတွေ့အကြုံ "Gen Z"