သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ပါလီမန် ညီလာခံ မြန်မာလွှတ်တော်အဖွဲ့တက်ရောက်


ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ မြန်မာပြည်ကို
ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင် ပြဿနာတွေ ကြီးထွားလာနိုင်တယ်လို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က စင်္ကာပူသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်ချိန်မှာပဲ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ
ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင် ပယ်ဖျက် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့အကြောင်း လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်အဖွဲ့က ဘရူနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ-ပါလီမန် ညီလာခံ အစည်းအဝေးမှာ ပြောဆိုဆွေးနွေး ခဲ့ပါတယ်။ မြန်မာလွှတ်တော်တွင်း လုပ်ဆောင်နေမှုတွေကို လွှတ်တော်နာယကနဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးတင်ပြ ခဲ့ကြတဲ့ အကြောင်းကို မဆုမွန် က တင်ပြထားပါတယ်။

အာဆီယံဒေသတွင်း ဒီနှစ်အတွက် အလှည့်ကျနိုင်ငံဖြစ်တဲ့ ဘရူနိုင်းနိုင်ငံမှာ စက်တင်ဘာလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ကျင်းပတဲ့ ၃၄ ကြိမ်မြောက် အာဆီယံ-ပါလီမန် ညီလာခံကို လွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်ပြီး အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် ၁၀ ဦး ပါဝင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံက လွှတ်တော်အမတ်တွေ အပါအဝင် နိုင်ငံစုံက လေ့လာအကဲခတ်သူတွေ တက်ရောက်ကြတဲ့ အာဆီယံ-ပါလီမန်ညီလာခံ (ASEAN Inter-Parliamentary Assembly) မှာ အာဆီယံဒေသတွင်း နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံတွင်း
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အခန်းကဏ္ဍတွေကို ဆွေးနွေးဖြစ်ခဲ့ တယ်လို့ ဘရူနိုင်းက အာဆီယံပါလီမန်ညီလာခံကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“နာယကကြီး သူရဦးရွှေမန်း ခေါင်းဆောင်ပြီးတော့ ဦးလှမြင့်ကြီးပါမယ်။ ဒေါက်တာစိုးငယ်ပါမယ်။ ဦးဌေးမြင့်ပါမယ်။ ဦးညွန့်လှိုင်ပါမယ်။ နောက် ဦးခင်မောင်ရီ ပါမယ်။ ဒေါ်ရီရီမြင့်ပါမယ်။ နောက် ကျနော်ပေ့ါ။ အားလုံး အမျိုးသားလွှတ်တော်ရော၊ ပြည်သူ့လွှတ်တော်ရော အားလုံး ၂ ခုပေါင်း ၁၀ ယောက်တက်တာပေ့ါ။ Observer တွေအနေနဲ့ကတော့ သြစတြေးလျ၊ ရုရှားတို့၊ ဂျပန်တို့၊ အိန္ဒိယတို့၊ တရုတ်တို့ တော်တာ်များများ ပါပါတယ်။ Observer တွေလည်း များပါတယ်။ နောက် China တို့ စသည်ဖြင့်ပေါ့။”

အရပ်သားအစိုးရလက်ထက် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တွေမှာ ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ဆောင်မှု အခန်းကဏ္ဍတွေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလမှာ ခေတ်စနစ်နဲ့ မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ပယ်ဖျက် အသစ်ပြန်လည်ရေးဆွဲတာတွေ လုပ်ဆောင်နေတယ် ဆိုတာကို အဓိကထားပြီး လွှတ်တော်နယက ဦးဆောင်တဲ့ မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေဘက်က
ဆွေးနွေးဖြစ်တယ်လို့လည်း ဦးဝင်းမြင့် က ပြောပါတယ်။

“ပြည်နယ်တိုင်းအသီးသီးက တိုင်းရင်းသားစုံ ပါတယ်ဆိုတဲ့အကြောင်း၊ နောက်တခု ကျနော်တို့ Democratization ကို သွားနေတဲ့အခါကျတော့ ဒါနဲ့မညီတဲ့ ဥပဒေတွေကို ကျနော်တို့ အခု ပြင်ဆင်နေတာ ၅၀ ကျော်ရှိသွားပြီဆိုတဲ့အကြောင်း၊ ဆက်လက်ပြီးတော့လည်း ကျနော်တို့ ဒါ ခေတ်နဲ့မညီတော့တဲ့ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ဖို့ ကာလနဲ့ မဆီလျော်တော့တဲ့ ဒီဥပဒေတွေကို ဆက်ပြီးတော့ ပြင်ဆင်တာ ပြောင်းလဲတာ၊ ပယ်ဖျက်တာတွေ လုပ်သွားမယ်ဆိုတာ အဲ့ဒါတွေကို ဆွေးနွေးဖြစ်ပါတယ်ခင်ဗျ။”

အာဆီယံနိုင်ငံတွင်း လွှတ်တော်ကိုယ်စားလှယ်တွေကြား၊ နိုင်ငံအလိုက် ပါလီမန်တွင်း အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေကို ကူညီဖြေရှင်းပေးဖို့၊ နည်းပညာ ထောက်ပံ့ကူညီပေးဖို့ ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့ကြတယ်လို့ ဦးဝင်းမြင့် က ဆိုပါတယ်။

“အချင်းချင်း ညှိနှိုင်းဖြေရှင်းဖို့ပေါ့နော်။ ပူးပေါင်းဆောင်ရွက်ဖို့ နောက်တခါ အပြန်အလှန် အကူအညီပေးဖို့ နောက်တခါ နည်းပညာတွေ ပံ့ပိုးဖို့ နောက်တခါ စီးပွားရေးလုပ်ငန်းတွေ ပူးပေါင်းဆက်သွယ်ဖို့၊ နောက်တခါ ပါလီမန်တွေပေါ့ တနိုင်ငံနဲ့ တနိုင်ငံ ကျနော်တို့ ရင်းရင်းနှီးနှီး ဆက်ဆံပြီးတော့ လေ့လာဖို့ပေါ့နော် အဲ့ဒါမျိုးတွေ ဆွေးနွေးကြတာပါ။”

အာဆီယံ-ပါလီမန်ညီလာခံမှာ ဒေသတွင်း အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်တွေ အချင်းချင်းကြား ပိုပြီးတော့ ချစ်ကြည်ရင်းနှီးမှုရှိဖို့နဲ့ အစိုးရနဲ့ ပါလီမန်ကြား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေမှု အခြေအနေတွေနဲ့ ဒေသတွင်း ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကိစ္စရပ်တွေ အပါအဝင် ဒေသတွင်း အာဆီယံနိုင်ငံတွေရဲ့ နယ်မြေလုံခြုံရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်နေမှု ကိစ္စရပ်တွေကိုပါ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG