သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

ကုလအထွေအထွေညီလာခံနဲ့ ကမ္ဘာ့အရေး


NY မြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်သမ္မတ Barack Obama အင်္ဂါနေ့တန်းက မိန့်ခွန်းပြောကြားခဲ့တာမှာ တင်းမာနေတဲ့ အီရန်နဲ့ဆက်ဆံရေး ပြန်လည်နွေးထွေးလာအောင်လုပ်ဖို့ သူ့ဖက်က လိုလားတယ်လို့ ပြောခဲ့ပါတယ်၊ တနေ့ထဲမှာပဲ အီရန် သမ္မတ ဟာဆန် ရိုဟာနီကလဲ သူ့နိုင်ငံရဲ့ Nuclear အစီအစဉ်နဲ့ပါတ်သက်လို့ အလေးအနက်ဆွေးနွေးမှုတွေလုပ်ဖို့ အဆင့်သင့်ပဲလို့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ပြောကြားခဲ့ပါတယ်၊ ခုလို အထွေထွေညီလာခံ ပထမဆုံးနေ့မှာ နိုင်ငံခေါင်းဆောင်တွေ ဘယ်လိုအကြောင်းတွေကို အဓိကထား မိန့်ခွန်းပြောကြားခဲ့ကြ သလဲဆိုတာကို ကုလသမဂ္ဂဆိုင်ရာ VOA သတင်းထောက် Margaret Besheer ကသတင်းပို့ပါတယ်၊ မစုမြတ်မွန်က အပြည့်အစုံ တင်ပြပါမယ်၊

XS
SM
MD
LG