သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်းနဲ့ ဦးဝဏ္ဏမောင်လွင် နယူးယောက်မှာတွေ့ဆုံ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ် သံတွဲမြို့မှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ အလွန်တရာ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ မနေ့က တွေ့ဆုံစဉ်မှာ ပြောသွားပါတယ်။

အားနည်းတဲ့ လူနည်းစု အသိုင်းအဝိုင်းကို အစိုးရအနေနဲ့ အကာအကွယ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး ဥပဒေစိုးမိုးမှု ဖြစ်စေဖို့၊ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကို ကိုင်တွယ်ဖြေရှင်းဖို့၊ အကြမ်းဖက်မှုမှာ တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူဖို့အတွက် အလျှင်အမြန် ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မစ္စတာ ဘန်ကီမွန်းက ဦးဝဏ္ဏမောင်လွင်ကို ပြောဆိုခဲ့တဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင်တော့ လက်ရှိ မြန်မာနိုင်ငံအတွင်းက လူမှု စီးပွားဖွံ့ဖြိုးမှု အခြေအနေတွေ အမျိုးသား ပြန်လည် သင့်မြတ်ရေး အခြေအနေနဲ့ ဒီမိုကရေစီရေး ဖြစ်ထွန်းမှုတွေ အကြောင်းကိုလည်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
XS
SM
MD
LG