သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ VOA သီးသန့်မေးမြန်းခန်း


၀န်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ VOA သီးသန့်မေးမြန်းခန်း
please wait

No media source currently available

0:00 0:18:00 0:00

မြန်မာနိုင်ငံမှာ ဘာသာရေး၊ လူမျိုးရေး အကြမ်းဖက်မှုတွေဖြစ်အောင် နောက် ကွယ်က လှုံ့ဆော်နေသူတွေကို မြန်မာအစိုးရအနေနဲ့ ဖော်ထုတ် အရေးယူ သွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဗွီအိုအေမြန်မာပိုင်းနဲ့ သီးသန့် တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ၆၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်လာတဲ့ မြန်မာကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဗွီအိုအေ မြန်မာပိုင်းက အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကနေ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံရုံးမှာ သီးခြား တွေ့ဆုံမေးမြန်းခဲ့တာပါ။၂၀၁၄ ခုနှစ်မှာ အာစီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူရတော့မယ့် မြန်မာနိုင်ငံဟာ အာစီယံအသင်းကြီးကို ဦးဆောင်ဖို့ အဆင်သင့်ဖြစ်နေပါပြီလား၊ လျှပ်စစ်စွမ်းအင်အစရှိတဲ့ အခြေခံအဆောက်အဦလိုအပ်ချက်တွေအတွက် ပြည်သူ့ဘဏ္ဍာ တွေကို ထိုက်သင့်သလိုအသုံးပြုနေပါရဲ့လား၊ နိုင်ငံခြားကမြန်မာသံရုံးတွေအနေနဲ့ ပြည်ပရောက် ဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေကို ထိထိရောက်ရောက် လက်လှမ်းမှီအောင် ကူညီကြဖို့ကိုကောညွှန်ကြားထားပါရဲ့လား၊ ဒီအကြောင်း အရာတွေနဲ့ ပတ်သက်ပြီးတော့လည်း မေးမြန်းထားပါတယ်။

XS
SM
MD
LG