သုံးရလွယ်ကူစေသည့် Link များ

ဗွီဒီယိုပေါင်းချုပ်

နီပေါ မြန်မာ အခမဲ့မျက်စိကုသမှု


မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာရှိတဲ့ လူဦးရေရဲ့ ၈.၁ % ခန့်ဟာ မျက်စိကွယ်တဲ့ရောဂါကို ခံစားနေကြရပြီး ကမ္ဘာပေါ်မှာ မျက်စိကွယ်နှုန်း အများဆုံးနိုင်ငံတွေထဲမှာ တနိုင်ငံအဖြစ် ပါဝင်နေပါတယ်။ အများစုကတော့ အတွင်းတိမ်ကြောင့် အမြင်အာရုံ ဆုံးရှုံးကြရတာဖြစ်ပါတယ်။ အခုအခါမှာ နီပေါနိုင်ငံက အတွင်းတိမ် ခွဲစိတ်ပညာရှင်တွေဟာ မြန်မာနိုင်ငံကိုလာရောက်ပြီး လူနာ ၁,၀၀၀ ကို အခမဲ့ ခွဲစိတ် ကုသပေးနေပါတယ်။ ဒါဟာ နောင်မှာပြုလုပ်မယ့် ခွဲစိတ်ကုသမှုတွေထဲက တခု ဖြစ်ပါတယ်။ ရန်ကုန်မြို့ကနေ Steve Sandford သတင်းပေးပို့ထားတာကို မမေစန္ဒီ ကပြောပြပေးပါလိမ့်မယ်။

XS
SM
MD
LG