သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ဖို့ အမေရိကန် ကြိုးပမ်း


အမေရိကန်သမ္မတအိုဘားမား မိန့်ခွန်းပြောစဉ်။ ( အောက်တိုဘာ ၃၁၊ ၂၀၁၃)
အမေရိကန်သမ္မတအိုဘားမား မိန့်ခွန်းပြောစဉ်။ ( အောက်တိုဘာ ၃၁၊ ၂၀၁၃)
အမေရိကန်စီးပွားရေး တိုးတက်အောင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ဖို့အတွက် အမေရိကန်ပြည်ထောင်စုက စတင်ကြိုးပမ်းနေပါပြီ။
အမေရိကန်ပြည်ထောင်စု မှာ နိုင်ငံခြားက လာရောက်ရင်းနှီးမြှုပ်နှံရေး ကြိုးပမ်းချက်ကို တိုးချဲ့ဖို့အတွက် ကြိုးနီစံနစ်ကို ဖယ်ရှားပြီး အမေရိကန် သံတမန်တွေရဲ့ ကူညီဖေးမမှုနဲ့ အကောင်အထည်ဖေါ်သွားမယ်လို့ သမ္မတအိုဘားမားက ကြာသပတေးနေ့က ကြေညာလိုက်ပါတယ်။

အဲဒီနိုင်ငံခြားကုမ္မဏီတွေရဲ့ လုပ်ငန်းတွေကြောင့် အမေရိကန် အလုပ်အကိုင်ဈေးကွက် ကျယ်ပြန့်လာနိုင်တယ်လို့ဆိုပါတယ်။ အခုအချိန်ထိ တော့ အမေရိကန်ပြည်နယ် ၅၀ ရဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ မြို့ကြီးတွေရဲ့မြို့တော်ဝန်တွေကဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဆွဲဆောင်ရေးကို တာဝန်ယူနေကြတာဖြစ်ပါတယ်။ အခုအစီအစဉ် အရတော့ပြည်ထောင်စု အစိုးရအဆင့်ကပါ ပူးပေါင်းညှိနှိုင်းမှာဖြစ်ပါတယ်။

အလုပ်အကိုင်တွေ ဖန်တီးမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးတဲ့အစီအစဉ်ကို ကမ္ဘာတဝန်းရှိ အမေရိကန်သံရုံးတွေရဲ့SelectUSA program အမေရိကန်ကိုရွေးချယ်ပါဆိုတဲ့အစီအစဉ်ကို အသုံးချမှာဖြစ်တယ်လို့ အိမ်ဖြူတော်ကပြောပါတယ်။

အမေရိကန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၉၀% ရှိနှင့်ပြီးသား ဒေသတွင်း ဈေးကွက် ၃၂ ခုကို ပထမ အာရုံစိုက်ဆွဲဆောင်မှာဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု ရဲ့ ပထမဆုံးရင်းနှီးမြှုပ်နှံမှုထိပ်သီးညီလာခံကို ဝါရှင်တန်မှာ ကြာသပတေးနဲ့ သောကြာ ၂ ရက် ကျင်းပမှာဖြစ်ပြီး နိုင်ငံ ၆၀ က ဧည့်သည်တော် ၁၂၀၀ တက်ရောက်မှာဖြစ်ပါတယ်။
XS
SM
MD
LG