သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ဘောတိမ်းမှောက်မှုကို လူသတ်မှုကျုးလွန်ရာကျကြောင်း တောင်ကိုရီးယားသမ္မတ ပြော


South Korean President Park Geun-hye looks at the site where the Sewol sank from aboard a Coast Guard ship in waters off the southern coast near Jindo, South Korea, Thursday, April 17, 2014.
South Korean President Park Geun-hye looks at the site where the Sewol sank from aboard a Coast Guard ship in waters off the southern coast near Jindo, South Korea, Thursday, April 17, 2014.
ခရီးသည် (၄၇၆) ဦး တင်ဆောင်လာတဲ့ ကိုရီးယားသင်္ဘော တိမ်းမှောက်မှုဟာ လူသတ်မှုကျူးလွန်သလို ဖြစ်တယ်ဆိုပြီး သင်္ဘောမာလိန်မှူးနဲ့ တာဝန်ရှိသင်္ဘောသားတွေကို တောင်ကိုရီးယားသမ္မတက ဒီကနေ့ အပြစ်တင်လိုက်ပါတယ်။

သင်္ဘောဝန်ထမ်းတွေရဲ့ လုပ်ရပ်ကို နားမလည်နိုင်ဖြစ်ရသလို လက်ခံနိုင်စရာလည်း မရှိဘူးလို့ သမ္မတ Park Geun-Hye က ပြောပါတယ်။

မာလိန်မှူးနဲ့ သင်္ဘောသားတွေရဲ့ စီမံခန့်ခွဲမှုအပေါ် ဘယ်လိုမှ စဉ်းစားလို့မရအောင် ဖြစ်ရကြောင်း၊ ဒါဟာ လူသတ်မှုတခုလိုဖြစ်နေလို့ လက်ခံ နိုင်စရာ မရှိဘူးလို့ သမ္မတက ပြောသွားတာပါ။ သင်္ဘောမှောက်ပြီးချိန်မှာ ခရီးသည်တွေကို ဘေးလွတ်ရာ ကယ်ထုတ်ဖို့ Jindo ရေကြောင်းပြ စခန်းရဲ့ ညွှန်ကြားချက်ကို ချက်ချင်းမလိုက်နာဘဲ ခရီးသည်တွေကို သူတို့ရဲ့နေရာမှာပဲ ဆက်နေခိုင်းပြီး မာလိန်မှူးနဲ့ သင်္ဘောသားတွေက အရင်ဦးဆုံး သင်္ဘောကနေ စွန့်ခွာခဲ့တာ ကျင့်ဝတ်အရ ဘယ်လိုမှ မတွေးတတ်အောင်ကို ဖြစ်ရကြောင်း တောင်ကိုရီးယား သမ္မတက ပြောသွားတာ ဖြစ်ပါတယ်။

မာလိန်မှူးအပါအဝင် ကုန်းပတ်အရာရှိတဦး၊ အခြားသင်္ဘောသားတဦးကို စနေနေ့က ဖမ်းဆီးထားလိုက်ပြီး သင်္ဘောနစ်ချိန်မှာ ထွက်ပြေး တိမ်းရှောင်မှုနဲ့ တရားစွဲထားပါတယ်။ ခရီးသည်တွေရဲ့အသက်ကို ကာကွယ်ဖို့ပျက်ကွက်မှုနဲ့ နောက်ထပ် သင်္ဘောသား (၄) ဦးကို ဒီကနေ့မှာ ထပ်မံဖမ်းဆီးလိုက်ကြောင်း အစိုးရရှေ့နေက ပြောပါတယ်။

မှောက်နေတဲ့ သင်္ဘောဆီက အလောင်း (၆၀) ကျော်ကို ရေငုပ်သမားတွေက ထပ်မံရှာဖွေ တွေ့ရှိခဲ့ပါတယ်။ နောက်ထပ်လူ (၂၀၀) ကျော်ကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး အများစုဟာ အထက်တန်းကျောင်းသားတွေ ဖြစ်ကြပါတယ်။
XS
SM
MD
LG