သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးအောင်မင်း သို့မဟုတ် ကြိုးတန်းပေါ် လမ်းလျောက်တဲ့ ငြိမ်းချမ်းရေးသမား


တိုက်ရိုက် လင့်ခ်

ဦးစည်သူအောင်မြင့်။  ။   ပြီးခဲ့တဲ့အပါတ်က ထူးထူးခြားခြား စိတ်ဝင်စားဖို့ ကောင်းတဲ့ ပုဂ္ဂိုလ်ရေး ကြေငြာချက် တစ်စောင် ထွက်ပေါ်လာပါတယ်။ သမ္မတရုံး ဝန်ကြီးလည်းဖြစ်၊ လက်ရှိ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍ က ပါဝင်နေတဲ့ ငြိမ်းချမ်းရေးစင်တာရဲ့ အကြီးအကဲ လည်းဖြစ်တဲ့ ဝန်ကြီး ဦးအောင်မင်းရဲ့ “ကျွန်တော်ဇ။် တောင်းပန် စကား” လို့ နာမည်ပေးထားတဲ့ ကြေငြာချက်ပါ။ ဝန်ကြီး ဦးအောင်မင်း ဘာတွေ တောင်းပန်ထားသလဲ၊ ခုလို တောင်းပန်ဖို့ ဖြစ်လာရတဲ့ အကြောင်းက ဘာလဲ၊ ဒီ တောင်းပန်ရမှု နောက်ကွယ်မှာ ဘာအကြောင်းအချက်တွေ ရှိနေသလဲ၊ မြန်မာ့ ငြိမ်းချမ်းရေး ခရီးစဉ် ဘယ်ကို ဦးတည်နေသလဲဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။   ဒေါ်အင်ကြင်းနိုင်။  ။ ဦးအောင်မင်းရဲ့ တောင်းပန်စကားမှာတော့ သူဟာ ၁၉၆၇ ခုနှစ် ကတည်းက တပ်ထဲ ဝင်ခဲ့တယ်၊ ၂၀၀၂ ခုနှစ်အထိ ၃၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တယ်၊ ၁၉၇၃ ခုနှစ်မှာ သူရဲကောင်း မှတ်တမ်းဝင် အဖြစ် ချီးမြှင့်ခံရတယ်၊ တိုင်းမှူး တပ်မမှူး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့တယ်။ တပ်မတော် တာဝန်ထမ်းဆောင်စဉ် သစ္စာဓိဌာန် လေးချက်ကို ဦးထပ်ပန်ဆင်ပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့တယ်၊ တာဝန်ထမ်းဆောင်စဉ် ကာလ အတွင်း နိုင်ငံတော်၊ ပြည်သူ၊ တပ်မတော်နဲ့ တပ်မတော်သားတွေ အပေါ် သစ္စာဖေါက်ခဲ့ခြင်း မရှိသလို နောင်လည်း သစ္စာ ဖေါက်မှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။           ဆက်ပြီး ဦးအောင်မင်းက UMFCCI အခန်းအနားမှာ သူပြောခဲ့တဲ့ စကားနဲ့ ပါတ်သက်လို့ တပ်မတော်သားတွေ၊ တပ်မတော်က အငြိမ်းစားယူထားတဲ့ ဆရာသမားတွေ၊ မိသားစုဝင်တွေ စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုတာ သိရလို့ အနူးအညွန့် တောင်းပန်ပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ ဆောင်ရွက်နိုင်တာ မှန်သမျှ အစွမ်းကုန် ကြိုးစားပြီး ဆောင်ရွက်သွားမယ်လို့ ကတိ ပြုပါတယ် ဆိုပြီး ပြောပါတယ်။ UMFCCI ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် မှာ လုပ်တဲ့ ဟောပြောပွဲ တစ်ခုမှာ ဝန်ကြီး ဦးအောင်မင်းက မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲဟာ တိုင်းရင်းသား ညီအစ်ကို အချင်းချင်း တိုက်ခိုက်ကြတာ ဖြစ်လို့ ဒီလို စစ်ပွဲတွေကနေ စစ်ဘက်ဆိုင်ရာ စွမ်းရည်နဲ့ ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံး ဆုတံဆိပ်တွေဖြစ်တဲ့ သူရဘွဲ့တွေ၊ သီဟသူရဘွဲ့တွေ ပေးဖို့ မလိုပါဘူး လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။   ဦးစည်သူအောင်မြင့်။  ။    ဝန်ကြီးဦးအောင်မင်း ပြောခဲ့တဲ့စကားကို အသေအခြာ ပြန်စဉ်းစား သုံးသပ်ကြည့်ရင် သွေးထွက်အောင် မှန်နေတာ တွေ့နိုင်ပါတယ်။ လက်ရှိ ဖြစ်ပွားနေတာဟာ ကိုယ့်တိုင်းရင်းသား ညီအစ်ကို အချင်းချင်း သတ်ဖြတ်ကြတဲ့ စစ်ပွဲ လို့ နားလည်လိုက်ရင် ဆုတံဆိပ်တွေ နဲ့ ဂုဏ်ပြုချီးမြှောက်ဖို့ မလိုဘူး ဆိုတာ ကိုလည်း လက်ခံကြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီစကားလုံး အပြောအဆိုကို ပြည်တွင်းစစ်ပွဲမှာ အသက်ပေးသွားတဲ့ တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ရသူတွေနဲ့ သူတို့ မိသားစုဝင်တွေ၊ မသေပဲ ဆုတံဆိပ် ဆွတ်ခူးရရှိသူတွေ ဘယ်လိုမှ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ အဲဒီ လို လက်ခံလိုက်ရင် အသက်ပေးခဲ့တာ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့တာ၊ သေမှာ မကြောက်ပဲ သက်စွန့်ဆံဖျား ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ခဲ့တာတွေ အလကား အချည်းနှီး တန်ဘိုးမဲ့ ဖြစ်သွားမှာကြောင့် ဖြစ်ပါတယ်။           တကယ်တော့ မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်ပြီး နောက်ပိုင်း ဒီ ပြည်တွင်းစစ် သက်ဇိုးရှည်အောင် လုပ်ခဲ့ကြသူတွေဟာ စစ်အာဏာရှင်တွေ ဖြစ်ပါတယ်။ တပ်မတော်နဲ့ တပ်မတော်သားတွေကို စစ်အာဏာရှင်စနစ်အောက် သွတ်သွင်းပြီး ကိုယ့်တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း သတ်ကြ ဖြတ်ကြတဲ့ စစ်ပွဲကြီးကို ရှည်ကြာအောင် လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ တပ်မှူး တပ်သား၊ တပ်မတော်သားတွေကတော့ ဒီ စစ်အာဏာရှင်စနစ်ကြီးရဲ့ တန်ဆာခံတွေ ဘဝ၊ ပြန်ပေးဆွဲခံတွေ ဘ၀ ကျရောက်ခဲ့ကြရတာပါ။ ကိုယ့်အသက်၊ ကိုယ့်ဘ၀ တစ်ခုလုံး မှန်ကန်မှု မရှိတဲ့၊ မှားယွင်းဖေါက်ပြန်တဲ့ စစ်အာဏာရှင်တွေကို ပေးဆပ်ခဲ့ရပါလား ဆိုတာကို လက်ခံလိုက်ရင် တပ်မတော်သားအားလုံး သူတို့ ဝိဉာဉ် ပျောက်ဆုံးသလို ခံစားကြရပါလိမ့်မယ်။ ဒီ ခါးသီးတဲ့ အမှန်တရား ဘယ်လိုမှ လက်ခံနိုင်ကြမှာ မဟုတ်ပါဘူး။ ဒါဟာ သူတို့ အပြစ်လည်း မဟုတ်ပါဘူး။ အကောင်းဆုံးကတော့ ညီအစ်ကိုချင်း သတ်ဖြတ်တဲ့ ပြည်တွင်းစစ် ရပ်စဲအောင်၊ ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့နဲ့ တပ်မတော်သားတွေကို စစ်အာဏာရှင် စနစ်ဆိုးအောက်ကနေ ဆွဲထုတ်ဖို့ပါပဲ။   ဒေါ်အင်ကြင်းနိုင်။  ။   လက်ရှိ ဝန်ကြီးဦးအောင်မင်း အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် သိပ်ပြီး လွယ်ကူတာတော့ မဟုတ်ပါဘူး။ သူ့ရဲ့ ပထမဦးဆုံး အလုပ်ကတော့ လက်ရှိ စစ်ဗိုလ်ချုပ်တွေ ငြိမ်းချမ်းရေး နဲ့ ပါတ်သက်ပြီး နားလည်လက်ခံလာအောင်၊ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒတွေကို နားလည် သဘောပေါက်လာအောင် စည်းရုံး ရှင်းပြရတဲ့ အလုပ်ပါ။ စစ်အာဏာရှင် စနစ်အောက် ဖြတ်သန်းလာခဲ့သူတွေမို့၊ ပြည်တွင်းစစ်ပွဲကြောင့် သြဇာအာဏာရနေသူတွေမို့ စစ်ဗိုလ်ချုပ်တွေကို နားလည

XS
SM
MD
LG