နှစ်ပေါင်း ၃၀၀ ကျော် ဗြိတိန်နိုင်ငံနဲ့ ပူးတွဲတည်ရှိလာတဲ့ စကော့တလန်နိုင်ငံကို သီးခြားခွဲမထွက်ဘဲ ဒီအတိုင်း ဆက်နေသွားမယ် လို့ သမိုင်းဝင် လူထုဆန္ဒခံယူပွဲကနေ မဲပေး ဆုံးဖြတ်လိုက်ကြပါတယ်။
မဲဆန္ဒရှင်တွေရဲ့ အဲဒီ သမိုင်းဝင်ဆုံးဖြတ်ချက်ကြောင့် အီဒင်ဘာ့ဂ်မြို့တော်မှာ ဝမ်းမြောက်ဝမ်းသာ အောင်ပွဲခံကြပါတယ်။