သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ လူ့အခွင့်အရေး ဆုံးဖြတ်ချက် ကုလမှာ တင်သွင်း


ကုလအထွေထွေညီလာခံ။
ကုလအထွေထွေညီလာခံ။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် နိုင်ငံရေးနဲ့ စီးပွါးရေး ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို EU ဥရောပသမဂ္ဂက ကြိုဆိုလိုက်ပေမယ့် ရခိုင်ပြည်နယ်ထဲက ဆိုးဝါးတဲ့ အခြေအနေတွေလို လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့ နဲ့ မြန်မာနိုင်ငံတွင်း သတင်းသမားတွေနဲ့ လူ့အခွင့်ရေး လုပ်ဆောင်သူတွေကို အန္တရာယ် မရှိအောင် လုပ်ဆောင်ပေးဖို့ တောင်းဆို လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်ရေး ဆိုင်ရာနဲ့ ပတ်သက်ပြီး ကြာသပတေးနေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လိုက်နာစရာမလိုတဲ့ ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းပြီး အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

နိုဝင်ဘာလ ၆ ရက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ တတိယ ကော်မတီ ၄၂ ကြိမ်မြောက် ဆွေးနွေးပွဲမှာ EU ဥရောပသမဂ္ဂနဲ့ မြန်မာ့ အရေး ဆောင်ရွက်တဲ့ နိုင်ငံတွေက ရေးဆွဲတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ဆုံးဖြတ်ချက် မူကြမ်းကို EU အဖွဲ့ဝင် အီတလီနိုင်ငံ ဆိုင်ရာ သံအမတ်ကြီးက ဖတ်ကြား တင်သွင်းခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားဖို့ ပြုပြင်ပြောင်းလဲမှှုတွေ လုပ်ဆောင်နေတာကို ကြိုဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်အတွင်း တိုးတက်မှုတွေ ဆက်ပြီး တွေ့ရတဲ့အတွက် ကြိုဆိုလိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိသလို၊ ပြည်တွင်းနိုင်ငံရေး ဆောင်ရွက်နေသူတွေနဲ့ ထိတွေ့ ဆက်ဆံမှုတွေ တွေ့ရတဲ့ အတွက် ကြိုဆိုလိုက်ပါတယ်။ လာမယ့် ၂၀၁၅ မှာ အဖွဲ့အားလုံး ပါဝင်တဲ့ ပွင့်လင်းပြီး အများလက်ခံနိုင်မယ့် ရွေးကောက်ပွဲမျိုး ကျင်းပပေးဖို့ ဆက်ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ တိုက်တွန်းလိုပါတယ်။”

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ် ရပ်စဲစေဖို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ညှိနှိုင်းဆောင်ရွက် မှုတွေကနေ အဖွဲ့အားလုံး ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေ ဖြစ်လာစေဖို့ လုပ်ဆောင်နေမှုတွေ အတွက် ကြိုဆိုတယ်လို့လည်း ပြောပါတယ်။ အခု ဆုံးဖြတ်ချက် မူကြမ်းကနေ မြန်မာနိုင်ငံမှာ အခုထိ ရှိနေသေးတဲ့ လူ့အခွင့်ရေး ဆိုင်ရာ စိန်ခေါ်မှုတွေကို ဖြေရှင်းဖို့လည်း တိုက်တွန်း လိုက်ပါတယ်။

“ဒီ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေထဲမှာ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာရေး ကိုးကွယ်မှုတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက ဆိုးဝါးတဲ့ အခြေအနေတွေပါ။ အဲဒီဒေသမှာ မှီတင်းနေထိုင်သူတွေ အားလုံးအတွက် ကြိုးစား ဆောင်ရွက်ဖို့ပါ။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျဘမ်းဖမ်းဆီး ထိန်းသိမ်းမှုတွေ၊ အတင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခိုင်းတာတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူမဆန်တဲ့ ညှင်းပမ်းမှုတွေနဲ့ အဓမ္မမြေယာ သိမ်းဆည်းမှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေတွေ့နေရဆဲမို့ ဒါတွေကို ရပ်ဆိုင်းသွားအောင် အမြန်ဆုံး တဆင့်တက် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်တာပါ။

ဒါ့အပြင် အစိုးရအနေနဲ့ တာဝန်ယူမှု ရှိလာစေဖို့နဲ့ အပြစ်ရှိသူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေမှုတွေအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်သလို သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေ အန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးဖို့ပါ တောင်းဆိုလိုက်တာပါ။

“မြန်မာအစိုးရက လုပ်ဆောင်မယ်လို့ ကတိပေးထားတဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ သင်းပင်းဖွဲ့စည်းခွင့်တွေကို အပြည့်အဝ ပေးနိုင်အောင် ကြိုးစားဖို့ အခု ဆုံးဖြတ်ချက် မူကြမ်းကနေ အားပေးလိုက်သလို သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေ အန္တရာယ်မရှိအောင် တဆင့်တိုး ဆောင်ရွက်ဖို့ လုပ်လာဖို့ကိုလည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန်နေပြီမို့ ကုလသမဂ္ဂက စောင့်ကြည့်ဖို့ မလိုအပ်တော့ဘူးလို့ မြန်မာအစိုးရဘက်က တင်ပြခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး EU ဥရောပ သမဂ္ဂက မြန်မာ့အရေး စိုးရိမ်မှုရှိတဲ့ နိုင်ငံတွေနဲ့အတူ အနီးကပ် စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“ဒီ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေထဲမှာ လူနည်းစု တိုင်းရင်းသားတွေနဲ့ ဘာသာရေး ကိုးကွယ်မှုတွေ ပါဝင်ပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်ထဲက ဆိုးဝါးတဲ့အခြေအနေတွေပါ။ အဲဒီဒေသမှာ မှီတင်းနေထိုင်သူတွေအားလုံးအတွက် ကြိုးစား ဆောင်ရွက်ဖို့ပါ။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ ကျဘမ်းဖမ်းဆီး ထိန်းသိမ်းမှုတွေ၊ အတင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခိုင်းတာတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ လူမဆန်တဲ့ညှင်းပမ်းမှုတွေနဲ့ အဓမ္မမြေယာသိမ်းဆည်းမှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေတွေ့နေရဆဲမို့ ဒါတွေကို ရပ်ဆိုင်းသွားအောင် အမြန်ဆုံး တဆင့်တက် လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်တာပါ။ ဒါ့အပြင် အစိုးရအနေနဲ့ တာဝန်ယူမှု ရှိလာစေဖို့နဲ့ အပြစ်ရှိသူတွေ အရေးယူမခံရဘဲ လွတ်မြောက်နေမှုတွေအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ မြန်မာအစိုးရကို တောင်းဆိုလိုက်သလို သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေအန္တရာယ်ကင်းအောင် လုပ်ဆောင်ပေးဖို့ပါ တောင်းဆိုလိုက်တာပါ။

“မြန်မာအစိုးရက ဆောင်ရွယ်ပေးဖို့ ကတိပေးထားတဲ့ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ စုဝေးခွင့်နဲ့ သင်းပင်းဖွဲ့စည်းခွင့်တွေကို အပြည့်အဝ ပေးနိုင်အောင် ကြိုးစားဖို့ အခု ဆုံးဖြတ်ချက် မူကြမ်းကနေ အားပေးလိုက်သလို သတင်းသမားတွေနဲ့ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေ အန္တရာယ်မရှိအောင် တဆင့်တိုး လုပ်ဆောင်လာဖို့ကိုလည်း တိုက်တွန်းပါတယ်။”

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ ကောင်းမွန်နေပြီမို့ ကုလသမဂ္ဂက စောင့်ကြည့်ဖို့ မလိုအပ်တော့ဘူးလို့ မြန်မာအစိုးရဘက်က တင်ပြခဲ့ပေမယ့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အီးယူ ဥရောပ သမဂ္ဂက မြန်မာ့အရေး စိုးရိမ်မှုရှိတဲ့ နိုင်ငံတွေနဲ့အတူ အနီးကပ် စောင့်ကြည့် လေ့လာသွားမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG