No media source currently available
ပြီးခဲ့တဲ့ရက်ပိုင်း ပြည်သူတွေ စိတ်ဝင်စားခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ အရင် စက်မှုဝန်ကြီးဟောင်း၊ လက်ရှိ လွှတ်တော်အမတ်နဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ ၀ါရင့် အကြံပေး ဦးအောင်သောင်းကို အမေရိကန် အစိုးရက Black List ခေါ် အမည်မည်းစာရင်း သွင်းလိုက်တာကို ပြည်ထောင်စု လွှတ်တော်က ကန့်ကွက်ခဲ့တယ် ဆိုတဲ့ သတင်းပါ။