သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ လွတ်လပ်မျှတဖို့ နိုင်ငံရေးနောက်ခံရှိပြီလား


မြန်မာရွေးကောက်ပွဲ
မြန်မာရွေးကောက်ပွဲ

ဇူလှိုင် ၁၁၊ ၂၀၁၅။ နိုဝင်ဘာ ၈ ရက်နေ့မှာ တနိုင်ငံလုံး အထွေထွေရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါပြီ။ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒီရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲမကြေညာခင် နိုင်ငံရေးအခြေအနေတွေဟာ အတော်လေး ရှုပ်ရှုပ်ထွေးထွေးနဲ့ တင်းမာမှုတွေလည်း ရှိခဲ့တာပါ။ ဒါကြောင့် အခုလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲဟာ လွတ်လပ် မျှတစေဖို့ လက်ရှိအနေအထားအရ နိုင်ငံရေးအခင်းအကျင်းကောင်းတွေ ရှိနေပြီလား၊ နိုင်ငံရေးအခြေအနေကောင်းတွေ ဖန်တီးထားနိုင်ပြီလား။ အခု တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်နဲ့၊ မန္တလေးမြို့က ရှေ့နေကြီး ဦးသိန်းသန်းဦးတို့ ပင်တိုင်ဆွေးနွေးထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG