ဇူလှိုင် ၁၈၊ ၂၀၁၅။ အခုလာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲဟာ ဆယ်စုနှစ် နှစ်ခုကျော်မှာ အရပ်သားအစိုးရအောက် ပထမဆုံးအကြိမ်ကျင်းပမှာဖြစ်ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို စစ်အစိုးရက ဦးစီးကျင်းပပေးခဲ့တာဖြစ်ပြီး၊ အဲဒီတုန်းကတော့ စစ်တပ်က ဖွဲ့စည်းတဲ့ အာဏာရကြံခိုင်ရေးပါတီက အင်အားအကြီးဆုံး အားအကောင်းဆုံးအနေနဲ့ ယှဉ်ပြိုင်ခဲ့တာပါ။ ဒါပေမယ့် အခု ၂၀၁၅ ခုနှစ်မှာတော့ အင်အားကောင်းတဲ့ ပြိုင်ဖက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတာ ပါဝင်မှာဖြစ်သလို၊ တိုင်းရင်းသားဒေသတွေမှာလည်း အားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ ရှိနေပါပြီ။ အခု ကျင်းပမယ့် ရွေးကောက်ပွဲဟာ လူထုဆန္ဒကို ဘယ်လောက်ထင်ဟပ်မလဲ၊ လူထုက ဘယ်လောက်အထိ မျှော်လင့်ချက်ထားသလဲဆိုတာတွေကို သုံးသပ်ဆွေးနွေးထားပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်က ဦးထွန်းဝင်းငြိမ်းနဲ့ ခေတ်ရနံ့ဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုပြည်သွေးနိုင်တို့ ဦးဆောင်ဆွေးနွေးသုံးသပ်ထားပါတယ်။
ရွေးကောက်ပွဲနဲ့ လူထုအမြင်
