မြန်မာနိုင်ငံမှာ ဒီကနေ့ကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ နဂိုထင်ထားတာထက်တော့ ပိုပြီးလွတ်လပ်မှုရှိတယ်လို့ ပြည်တွင်းက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတချို့ပြောလိုက်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲအပြီးကာလ မဲရေတွက်တာတွေ နဲ့ မဲရလဒ်တွေကတော့ စိုးရိမ်စရာအနေအထားတွေရှိလာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ အခြေအနေအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။
နိုဝင်ဘာလ ၈ရက်နေ့ ဒီကနေ့ ရွေးကောက်ပွဲနောက်ဆုံးရအခြေအနေတွေနဲ့ပတ်သက်လို့ ပြည်တွင်းကရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဖြစ်တဲ့ ဒါန-ရှေ့ဆောင်မြန်မာက ဦးမြတ်မင်းဦးနဲ့ ပေါင်းကူးအဖွဲ့က ဒေါက်တာကျော်သူကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားတာကို နားဆင်ကြည့်ပါ။