သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့် ကျောက်စိမ်း လုပ်ငန်းခွင်နဲ့ စွန့်ပစ် မြေစာပုံ သတင်းဓာတ်ပုံများ

ကမ္ဘာပေါ်မှာ အရည်အသွေး အကောင်းဆုံး ကျောက်စိမ်းတွေ ထွက်ရှိ တဲ့ မြန်မာ့ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းကနေ နှစ်စဉ်အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်းများစွာ ရနေပြီး ဒီကျာက်စိမ်းကရတဲ့ ဝင်ငွေတွေဟာ မြန်မာနိုင်ငံရဲ့ GDP အသားတင် ထုတ်လုပ်မှု တဝက်ကျော် အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံ ဝင်ငွေပမာဏ ရှိတယ်လို့ Glodbal Witness အဖွဲ့က ပြောပါတယ်။။ ဒါပေမဲ့ ဒီဝင်ငွေဟာ အစိုးရ အာဏာပိုင်တွေ ကျောက်စိမ်းလုပ်ငန်းက ရရှိကြောင်း တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းကိန်းဂဏန်းတွေထက် အများကြီး ပိုနေပြီး ဒီ နိုင်ငံ့ ဘဏ္ဍာငွေတွေဟာ လက်ရှိ အာဏာပိုင် စစ်ဖက်ခေါင်းဆောင်တွေ၊ အရင်ဗိုလ်ချုပ်မှူးကြီး အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းတွေဆီ ကို ရောက်ရှိသွားတယ်လို့လည်း ဆိုထားတာပါ။

ကျောက်စိမ်းတွင်းက စွန့်ပစ်မြေစာပုံကနေ ရေမဆေးကျောက်တွေ လာရောက်ရှာဖွေသူ အများအပြားရှိပြီး စွန့်ပစ်မြေစာပုံက မကြာခန ပြိုကျလေ့ရှိပြီး လူရာချီသေဆုံးလေ့လည်း ရှိပါတယ်။ စက်ယန္တာယားကြီးတွေသုံးပြီး ကျောက်စိမ်းတူးဖော်တဲ့အတွက် သဘာဝပတ်ဝန်းကျင်လည်း အကြီးအကျယ်ပျက်စီးခဲ့ရပါတယ်။

XS
SM
MD
LG