ဗုဒ္ဓအနုပညာလက်ရာများ
ရှေးခေတ် ကုန်သွယ်ရေးလမ်းကြောင်းတခု ဖြစ်တဲ့ ပိုးလမ်းမကြီးတလျှောက်က တရုတ်နိုင်ငံ အနောက်ပိုင်း ထွန်ယက်စိုက်ပျိုးလို့မရတဲ့ ဒေသတခုမှာ ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုံတော် အနုပညာလက်ရာ စုဆောင်းမှုတွေထဲက တခုကို ရှာတွေ့နိုင်ပါတယ်။ ဒူဝေါင် (Dunhuang) မြို့အနီးက ရာနဲ့ချီတဲ့ လှိုင်ဂူတွေတွင်းမှာ ရှိတဲ့ အနုပညာလက်ရာတွေကိုတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ဖန်တီးခဲ့ကြတာပါ။ အခုချိန်မှာတော့ ဒီဂူတွေဟာ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွား သောင်းနဲ့ချီကို စွဲဆောင်နေပါတယ်။ ဒီနေရာကို ထိန်းသိမ်း စောင့်ရှောက်နိုင်အောင် ကူညီပေးနေတဲ့ လော့စ်အိန်ဂျဲလိစ် မြို့က Getty ပြတိုက်က ဒီနုပညာလက်ရာတွေကို လာမယ့်နှစ်ကျရင် သူတို့ပြတိုက်မှာ ပြသနိုင်ဖို့ ပြပွဲတခု စီစဉ်နေတဲ့အကြောင်း Mike O’Sullivan ရဲ့သတင်းလွှာကို မခင်ဖြူထွေးက ပြောပြပါမယ်ရှင်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို