အမေရိကန်အနောက်ပိုင်းက သမိုင်းဝင်ဓာတ်ပုံ
အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်ထဲကစုံတွဲတတွဲဟာ ပစ္စည်းအဟောင်းဆိုင်ကနေ အမေရိကန်အနောက်ပိုင်းပြည်နယ်မှာရိုက်ထားတဲ့ ဓာတ်ပုံဟောင်း၃ ပုံကို ၂ဒေါ်လာနဲ့ဝယ်ခဲ့ပါတယ်။ ဒီထဲက တပုံဟာ ဒေါ်လာ ၅ သန်းလောက် တန်ကောင်းတန်မတန် စမ်းကြည့်ဖို့ပါ။ ဒီပုံတွေကို Billy the Kid လို့လူသိများတဲ့ Henry McCarty နာမည်ကြီး ဝရမ်းပြေးရဲ့ ရှေးအကျဆုံးပုံအဖြစ်လူသိများနေတာပါ။ ၁၈၇၈ ခုနှစ်ကရိုက်ထားခဲ့တဲ့ ဒီဓာတ်ပုံကလေးက ရှားပါးလှတဲ့သမိုင်းဝင် ဓာတ်ပုံတခုဖြစ်လို့သိပ်ကိုအဖိုးတန်ပါတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။ သူဟာ ၁၉ ရာစုအတွင်းအမေရိကန်ရဲ့နာမည်ကြီးဝရမ်းပြေးလည်းဖြစ်ပါတယ်။ ရုပ်ရှင်တွေ၊ စာအုပ်တွေကြောင့် ထင်ပေါ်ကျော်ကြားသူတယောက်ဖြစ်လာခဲ့တာပါ။ Zalitaca Hoke ပေးပို့ထားတဲ့သတင်းကိုတော့ နန်းလောင်ဝ်ကပြောပြထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို