ယူကရိန်း ပဋိပက္ခ အစီရင်ခံစာ
အရှေ့ ယူကရိန်းမှာ ဆောင်းရာသီအတွင်း တိုက်ခိုက်မှုတွေ ငြိမ်သက်နေတာခဲ့ကနေ အခု တကျော့ပြန်တိုးလာခဲ့ပါတယ်။ အရှေဘက်ခြမ်း Donbas ဒေသမှာ ဖေဖော်ဝါရီ လလယ် အထိ သေဆုံးမှု အရေအတွက်တွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ လ အပစ်ရပ်ရေး သဘောတူညီချက် မရခင် အခြေအနေတွေ နဲ့ ဆင်တူနေတယ် လို့ အစီရင်ခံစာ တစ်စောင်က ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်လောက် က သမ္မတ Victor Yanukovych ကိုဖြုတ်ချခဲ့ပြီးတဲ့နောက် ယူကရိန်း အရှေ့ဘက်ခြမ်းက ရုရှားလိုလားတဲ့ ခွဲထွက်ရေး သမားတွေ နဲ့ အစိုးရ တပ်တွေ အကြား တိုက်ခိုက်နေကြတာပါ။ မြို့တော် ကီးယက် (Kyiv) မှာလည်း ဝန်ကြီးချုပ် Arseniy Yatsenyuk ကို နှုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေ ပြန်ဖြစ်နေတဲ့အကြောင်း Zlatica Hoke သတင်းပေးပို့ထားတာကို ကိုငြိမ်းချမ်းက တင်ပြပေးမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို