သုံးရလွယ်ကူစေသည့် Link များ

Apple ကွန်ပျူတာ အသက် ၄၀ ပြည့်မွေးနေ့


လွန်ခဲ့တဲ့ နှစ် ၄၀ တုန်းကတော့ Apple Computer ဆိုတာ Silicon တောင်ကြား ကားဂိုဒေါင်လေးတခုထဲမှာ လူငယ် ၂ ယောက် အစမ်းတီထွင်ကြည့်တဲ့ စက်လေးတခုပါ။ ၁၉၇၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ သူတို့ကုမ္ပဏီကို စခဲ့ကြတော့ Steve Jobs နဲ့ Steve Wozniak ဆိုတဲ့ အဲဒီလူငယ် ၂ ယောက်ဟာ သူတို့တီထွင်လိုက်တဲ့ပစ္စည်း နောင်တချိန်မှာ ဘယ်လောက် သက်ရောက်မှုကြီး ဖြစ်သွားစေမလဲဆိုတာ တွေးကြည့်လို့တောင် ရနိုင်မယ်မထင်ပါဘူး။ Apple Computer သန္ဓေတည်တဲ့ Silicon တောင်ကြားကနေ VOA သတင်းထောက် Steve Baragona သတင်းပေးပို့တာကို ကိုဝင်းခန့်မောင် တင်ပြထားပါတယ်။

XS
SM
MD
LG