“Recycle” စွန့်ပစ်ပစ္စည်း အသုံးချမယ်
အမှိုက်တွေ စွန့်ပစ်ပစ္စည်းတွေကနေ တဆင့်ပြန်ပြီးထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို နိုင်ငံတကာလိုမျိုး မြန်မာနိုင်ငံမှာ လက်ခံမှုမရှိသေးလို့ ဈေးကွက်ချဲ့ထွင်ဖို့ ခက်ခဲတယ်လို့ စွန့့်ပစ်ပစ္စည်း ပြန်လည်အသုံးချရေး လုပ်ဆောင်နေတဲ့အဖွဲ့က ပြောပါတယ်။ Recycle လုပ်တယ်ဆိုတဲ့ စွန့်ပစ်ပစ္စည်းကို ပြန်အသုံးပြုတယ်ဆိုတာက ဖံ့ွဖြိုးပြီးနိုင်ငံတွေမှာ အသားတကျ ကျင့်သုံးနေတဲ့ စနစ်ဖြစ်ပြီးတော့ စွန့်ပစ်ပစ္စည်းကိုသုံးပြီး မော်တော်ကားထုတ်လုပ်တဲ့အထိ တွင်တွင်ကျယ်ကျယ် အသုံးဝင်တာပါ။ အခုအခါ မြန်မာနိုင်ငံမှာလည်း စတင် လုပ်ဆောင်လာပြီဖြစ်တဲ့ Recycle လုပ်ငန်း တခုအကြောင်း မြစ်မခ မီဒီယာက တင်ပြထားပါတယ်။