ယူကရိန်းနိုင်ငံက ရွှေ့ပြောင်းနေရသူများ
ပြီးခဲ့တဲ့ ၂ နှစ်က ယူကရိန်းနိုင်ငံတွင်း အများပြည်သူနဲ့ ဆိုင်တဲ့အဆောက်အအုံတွေကို ရုရှား ကျောထောက်နောက်ခံပေးထားတဲ့ ခွဲထွက်ရေးသူပုန် အုပ်စုတွေသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ပဋိပက္ခတွေဆက်တိုက်ဖြစ်ပွါးနေခဲ့တာပါ။ အဲ့ဒီချိန်တုန်းကတော့ ပဋိပက္ခတွေသိပ်မကြာခင်ပြီးဆုံးသွားမယ်လို့ ယူကရိန်းနိုင်ငံသားတွေယူဆခဲ့ကြပါတယ်။ ယူကရိန်းအရေး ရုရှားတို့ရဲ့ ကြားဝင်မှုကို ရပ်တန့်ဖို့ အနောက်နိုင်ငံတွေ စီးပါွးရေးဒဏ်ခတ်ပိတ်ဆို့မှုတွေချခဲ့ပေမယ့် ငြိမ်းချမ်းရေးသဘောတူညီစာချုပ် ၂ ကြိမ်ပျက်စီးသွားခဲ့ပေမယ့် ပဋိပက္ခတွေကတော့ ၂ နှစ်ကြာသည့်တိုင် အဆုံးမသတ်နိုင်သေးပါဘူး။ စစ်ပွဲတွေဆက်လက်ဖြစ်ပွါးနေသလို အိုးအိမ်စွန့်ခွါထွက်ပြေးနေရတဲ့အရပ်သားတွေလည်း အိမ်ပြန်ရဖို့လမ်းစမမြင်သေးပါဘူး။Luis Ramirez ကစုဆောင်းတင်ပြထားတဲ့ မျှော်လင့်ချက်ကင်းမဲ့နေတဲ့ သူတို့တွေရဲ့အခြေအနေတွေကို နန်းလောင်ဝ်က ဆက်ပြောပြမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို