နယူးယောက်မြို့က ဂီတာလုပ်ငန်း
ကိုလမ်ဘီယာက ရွှေ့ပြောင်းအခြေချသူ Tony Acosta ဟာ ဂစ်တာကြိုး လုပ်တဲ့ လုပ်ငန်းရှင်တဦး ဖြစ်ပါတယ်။ ငွေကြေး အတော်အတန် စုဆောင်းပြီးနောက် အခုအခါမှာတော့ နယူးယောက်မြို့ မန်ဟက်တန်အရပ်မှာ သူဟာ ဆိုင်ဖွင့်ခဲ့ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ (ပကိုဒယ်လ် လူစီယာ) Paco de Lucia လို ကမ္ဘာ့အထင်ကရ ဂီတပညာရှင်တွေရဲ့ အားထားရာ လုပ်ငန်းရှင်တဦးလည်း ဖြစ်လာပါတယ်။ ဒါပေမယ့်လည်း အမေရိကန်အိပ်မက်ကို အကောင်အထည်ဖေါ်ဖို့ဆိုတာကတော့ သိတ်မလွယ်လှပါဘူး။ အခုလိုအောင်မြင်ဖို့အတွက် Acosta ဟာ အလုပ်ကိုကြိုးစားခဲ့ရပြီး အကောင်းဆုံး ဂီတာကြိုးကို ဈေးကွက်မှာ ရောင်းချနိုင်ဖို့အတွက် စိတ်ရောကိုယ်ပါ နှစ်ပြီး လုပ်ခဲ့တာပါ။ Raymon Taylor ပေးပို့ထားတဲ့ သတင်းကို ကိုအောင်အောင်က ပြောပြပေးမှာပါ။
ဗွီဒီယို ကြည့်ရှုရန်
-
၁၄ မတ်၊ ၂၀၂၅ကင်ဆာကြောင့် ရင်သားဖြတ်ထုတ်ရသူတွေအတွက် အတွင်းခံ
-
၁၃ မတ်၊ ၂၀၂၅ယူကရိန်းစစ်ရပ်ဖို့ ရုရှားဘက်က လိုက်လျောနိုင်ခြေ
-
၁၃ မတ်၊ ၂၀၂၅အမေရိကန် အကူအညီနဲ့ ရိုက်ခတ်မှု
-
၁၂ မတ်၊ ၂၀၂၅ယူကရိန်းစစ် အဆုံးသတ်ရေး ခြေလှမ်းသစ်
-
၁၂ မတ်၊ ၂၀၂၅လူကြည့်များဆိုရှယ်မီဒီယာ သတင်းတို