သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump ရီပတ်ပလင်ကန် သမ္မတလောင်း ဖြစ်နိုင်ပြီ


ဘီလျံနာသူဌေးကြီး ဒေါ်နယ်ထရမ့်။
ဘီလျံနာသူဌေးကြီး ဒေါ်နယ်ထရမ့်။

အမေရိကန်နိုင်ငံရေးမြင်ကွင်းမှာ အနိုင်ရနိုင်ခြေမရှိတဲ့ အခြေအနေကနေ ထိပ်ဆုံးနေရာကို တက်လှမ်းလာတဲ့ ဘီလျံနာသူဌေး ဒေါ်နယ်ထရမ့်ဟာ ရီပတ်ဘလစ်ကန် ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့် သမ္မတလောင်း တရားဝင် ဖြစ်သွားပြီ လို့ အေပီ သတင်းဌာနက ပြောလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ ပြည်နယ်အဆင့် ပါတီတွင်းရွေးကောက်ပွဲ တွေမှာ အများစုဖြစ်တဲ့ ကိုယ်စားလှယ် ၁၂၃၇ဦး အနိုင်ရထားပြီး ဖြစ်တဲ့အတွက် ဂျူလိုင်လမှာ ကျင်းပမယ့် ရီပတ်ဘလစ်ကန် ပါတီညီလာခံမှာ သမ္မတလောင်းအဖြစ် တရားဝင် ရွေးချယ် ခံရတော့မှာ ဖြစ်တယ်လို့ အေပီ သတင်းဌာန ပြောလိုက်တာပါ။

ဒါ့အပြင် ထရမ့်ဟာ ဂျူလိုင်လ ၇ရက်မှာ လုပ်ဖို့ ရှိတဲ့ လက်ကျန် ပြည်နယ်အဆင့် ပါတီရွေးကောက်ပွဲ တွေမှာလည်း ကိုယ်စားလှယ် အရေအတွက် ရာနဲ့ချီပြီး ထပ်အနိုင်ရနိုင်ခြေ ရှိနေပါတယ်။

ဒေါ်နယ်ထရမ့်က သူ့အနေနဲ့ အလွန်မှ ဂုဏ်ယူဝမ်းမြောက်မိတဲ့အပြင်၊ သူ သမ္မတ ဖြစ်တဲ့ ပထမဆုံးရက်တွေမှာပဲ သမ္မတ အိုဘားမား လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတ အမိန့်တွေ ကို ပြောင်းပြန်လှန်ပြီး၊ စစ်တပ်ကို ပိုအင်အားကြီး လာအောင် ပြန်တည်ဆောက်မယ်လို့ မြောက် ဒါကိုတာ ပြည်နယ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။

အဲဒီလိုသာဆို ကျွန်တော်တို့ကို ဘယ်သူမှ ရန်စရဲမှာ မဟုတ်တော့ပါဘူး။ ကျွန်တော် သမ္မတ ဖြစ်ပြီး ပထမဆုံး ရက်၁၀၀ကတော့ တော်တော်လေး ကို ပျော်စရာ ကောင်းမှာပါ လို့ ထရမ့်က ပြောသွား ပါတယ်။

ဒေါ်နယ် ထရမ့် မတိုင်ခင်က အမေရိကန် မှာ အကြီးဆုံး နိုင်ငံရေး ပါတီ နှစ်ခုဖြစ်တဲ့ ရီပတ်ဘလစ်ကန်ရော ဒီမိုကရက် ပါတီမှာပါ ၁၉၅၂ နောက်ပိုင်း လက်ရှိ အာဏာရ နိုင်ငံရေး သမား မဟုတ်တဲ့ သူ တစ်ဦးဦးကို ပါတီ ကိုယ်စားပြု သမ္မတလောင်း အဖြစ် တင်မြှောက်ခဲ့တာ မရှိခဲ့ပါဘူး။

၁၉၅၂ ခုနှစ်မှာ ဒုတိယ ကမ္ဘာစစ်ရဲ့ စစ်ပြန်သူရဲကောင်း ဗိုလ်ချုပ်ကြီး ဟောင်း Dwight Eisenhower ကို ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း အဖြစ် တင်မြှောက်ခဲ့ဖူးတာ ရှိပါတယ်။

တချိန်တည်းမှာ ဒေါ်နယ်ထရမ့်ဟာ ဂျူလိုင်လ ၇ရက် ရီပတ်ဘလစ်ကန် ပါတီ ညီလာခံ မတိုင်ခင်မှာ ဒီမိုကရက်ပါတီက သမ္မတ ကိုယ်စားလှယ်လောင်း တစ်ဦး နဲ့ စကားစစ်ထိုးပွဲ ကျင်းပဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG