တပတ်အတွင်း အားကစား
ကမ္ဘာကျော်ဘောလုံးသမား ရိုနာလ်ဒိုနဲ့ မက်ဆီတို့ဟာ ၂၀၁၆ အတွက် ဝင်ငွေအကောင်းဆုံး အားကစားသမားတွေ ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းမှာဖော်ပြတာ၊ တားမြစ်ဆေးသုံးလို့ တင်းနစ်ကစားတာကနေ ၂ နှစ်ပယ်ခံရတာကို ရုရှားတင်းနစ်မယ် ရှာရာပိုဗာက အယူခံဝင်မယ့်အကြောင်းနဲ့ ယူရို ၂၀၁၆ ဘောလုံးပွဲအခြေအနေတွေကို ကိုရန်နိုင်က တင်ပြထားပါတယ်။