သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလင်တန်အီးမေးလ်ကိစ္စ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြန်လည် စစ်ဆေးမည်


ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ယှဉ်ပြိုင်နေသူ။ Hillary Clinton
ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ယှဉ်ပြိုင်နေသူ။ Hillary Clinton

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်လာဖို့ သေချာသလောက်ရှိနေတဲ့ ဟီလာရီကလင်တန် - သမ္မတအိုဘားမား အစိုးရလက်အောက် နိုင်ငံခြားရေးဝန်ကြီး တာဝန်တွေ ယူခဲ့ချိန်တုန်းက သူနဲ့ သူ့ရဲ့ အဓိကလက်ထောက် ဝန်ထမ်းတွေကြားမှာ အရေးကြီးတဲ့ လျှို့ဝှက် အချက်အလက်တွေကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ခဲ့သလားဆိုတာကို နိုင်ငံခြားရေးဌာနက ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြန်လည် လုပ်ဆောင်ဖို့ ရှိနေပါတယ်။

ဒီကိစ္စ တတ်နိုင်သမျှ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက်မှာဖြစ်ပေမဲ့ ဘယ်လောက်ကြာမယ် ဆိုတဲ့ အချိန်ကာလ သတ်မှတ်တာမျိုးတော့ လုပ်မှာမဟုတ်ဘူး လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ John Kirby က ပြောပါတယ်။ မစ္စစ်ကလင်တန်အပေါ် တစုံတရာ တရားစွဲဆိုခြင်းမရှိဘဲ တရားရေးဌာနက စုံစမ်းစစ်ဆေးမှုတွေ အပြီးသတ် လုပ်ဆောင်ခဲ့ပြီးပြီမို့ အခု နိုင်ငံခြားရေးဌာန တွင်း ပြန်လည် သုံးသပ်မှုတွေ စတင်မယ့်အကြောင်းကို မစ္စတာ ကာဘီက ပြောသွားတာပါ။

မစ္စစ်ကလင်တန်ရဲ့ အီးမေးအရှုပ်တော်ပုံနဲ့ပတ်သက်လို့ ရာဇဝတ်ကြောင်းအရ စွဲချက်မတင်သင့်ဘူးလို့ ဖက်ဒရယ်ထောက်လှမ်းရေးဗျူရို FBI နဲ့ တရားသူကြီးချုပ် Loretta Lynch တို့ သဘောတူခဲ့ကြ အပြီး တရက်အကြာမှာ အခုလို ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်မှာဖြစ်ပါတယ်။ မစ္စစ်ကလင်တန်ရဲ့ ပြိုင်ဘက် ရီပါဘလီကန်ပါတီ ဘက်က သမ္မတလောင်းဖြစ်လာဖို့ သေချာနေတဲ့ Donald Trump အပါအဝင် ရီပတ်ဘလီကန်တွေကတော့ မစ္စစ်ကလင်တန်အပေါ် စွဲချက် မတင်တဲ့အပေါ်မှာ ဝိုင်းဝန်း ဝေဖန်နေကြပါတယ်။

နာမည်ကြီး နိုင်ငံရေးသမားတယောက် ဖြစ်တဲ့ သူ့ရဲ့အရှိန်အဝါနဲ့ မစ္စစ်ကလင်တန်ဟာ ရာဇဝတ်ကြောင်းအရ တရားစွဲခံရမယ့်အရေးကနေ ကင်းလွတ်ခွင့်ရနေတယ်လို့ ဆိုပြီး ရီပတ်ဘလီကန်တွေက စွပ်စွဲဝေဖန်နေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG