မြန်မာ့ခရီးသွားလုပ်ငန်း တိုးမြှင့်ဖို့ ခရီးစဉ်အသစ်တွေ ဖော်ဆောင်မယ်ဆိုရင် ရခိုင်ပြည်နယ် တောင်ပိုင်း ဂွမြို့က ကမ်းသာယာ ကမ်းခြေဟာ တိုးတက်အောင် လုပ်ဖို့ လွယ်ကူမယ့်နေရာတခု ဖြစ်လိမ့်မယ်လို့ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောကြပါတယ်။ မြစ်မခ သတင်းမီဒီယာက ကိုကောင်းမြတ်ဖြိုးက သတင်းပေးပို့ထားပါတယ်။