ဒေါ်အောင်ဆန်းစုကြည် လင်ကွန်းအထိမ်းအမှတ် ဗိမာန်ကိုသွားရောက်
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီ မြို့တော်မှာရှိတဲ့ သမ္မတ အေဘရာဟင်မ် လင်ကွန်း အထိမ်းအမှတ်ဗိမာန်ကို သွားကြည့်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနဲ့အတူ အမေရိကန်အစိုးရအဖွဲ့ တာဝန်ရှိသူတွေလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လိုက်ပါပြီး ဗိမာန်တာဝန်ရှိသူက ရှင်းလင်း ပြောပြပါတယ်။ ဝါရှင်တန်ဒီစီမြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေမှာနေထိုင် ကြတဲ့ မြန်မာမိသားစုတွေလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်၊ နှုတ်ဆက်ခွင့်ရဖို့ သွားခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုယ်တိုင်သွားပြီး သတင်းယူတဲ့ ကိုသိန်းထိုက်ဦးက တင်ပြထားပါတယ်။
ဗွီဒီယို ကြည့်ရှုရန်
-
၁၁ မတ်၊ ၂၀၂၅မဇ္ဈိမသတင်းဌာန သမိုင်းမှတ်တမ်း
-
၀၈ မတ်၊ ၂၀၂၅အမေရိကန်ပြည်ထောင်စု
-
၀၈ မတ်၊ ၂၀၂၅စစ်ကောင်စီအကြီးအကဲ ရုရှားခရီးစဉ် “တပတ်အတွင်းသတင်း”
-
၀၁ မတ်၊ ၂၀၂၅အမေရိကန်အတွက် အကျိုးရှိစေမယ့် မြန်မာ့အရေး
-
၀၁ မတ်၊ ၂၀၂၅ထိုင်းမှာ နိုင်ငံခြားသား မလုပ်ရတဲ့ အလုပ်များ