သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ကန်သမ္မတဟောင်း ကတော် လော်ရာဘွတ်ရှ် တွေ့ဆုံ


ဒေါ်စုနဲ့ ကန်သမ္မတဟောင်း ကတော် လော်ရာဘွတ်ရှ် တွေ့ဆုံ
ဒေါ်စုနဲ့ ကန်သမ္မတဟောင်း ကတော် လော်ရာဘွတ်ရှ် တွေ့ဆုံ

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ မြန်မာနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဟောင်းကတော် လော်ရာဘုရှ်နဲ့ ဒီကနေ့ တွေ့ဆုံပါတယ်။ သမ္မတဟောင်းကတော် လော်ရာဘုရှ်ဟာ မြန်မာ့အရေးကို အစဉ်အဆက် အားပေးထောက်ခံလာသူ ဖြစ်ပါတယ်။ မနက်ဖြန် စနေနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Harvard တက္ကသိုလ် Harvard ဖောင်ဒေးရှင်းက ချီးမြှင့်မယ့် ၂၀၁၆ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာဆု - Harvard Humanitarian of the Year ဆုကို လက်ခံရယူမှာဖြစ်ပါတယ်။

မနေ့က ကြာသပတေးနေ့ တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာအပေါ် အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့မှု ပြန်လည်ရုပ်သိမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ သလို၊ မြန်မာ့အရေး ဆက်လက် ထောက်ခံ အားပေး သွားဖို့လည်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

အာဆီယံ-အမေရိကန် စီးပွားရေး ကောင်စီက တည်ခင်းတဲ့ ညစာစားပွဲကို တက်ရောက်ပြီး စီးပွားရေးခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်မှာလည်း မြန်မာနိုင်ငံတွင်း တာဝန်သိ ရင်းနှီးမြှုပ်နှံတာတွေ လုပ်သွားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ကျရင်တော့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွှေ့ပြောင်း အခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂ ဆွေးနွေးပွဲကိုတက်ရောက်မှာ ဖြစ်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ နယူးယောက်မြို့ ခရီးစဉ်အတွင်း မြန်မာမိသားစုတွေ နဲ့ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။

ဒေါ်စုနဲ့ ကန်သမ္မတဟောင်း ကတော် လော်ရာဘွတ်ရှ် တွေ့မည်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG